နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

Jun 20, 2020

နေပြည်တော်  ဇွန်  ၂၀

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအတွက် အားလုံးအတူ ကြိုးစားပြီး Covid သာမက အခြားကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေ မှန်သမျှကို ကျော်လွှားနိုင်ကြပါစေဟု ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ယနေ့တွင် သတင်းစကားပါး ရေးသားထားသည်။

Jun 19, 2020

ရန်ကုန် ဇွန် ၁၉

ယနေ့တွင် ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၅) နှစ်ပြည့် စိန်ရတုမွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မြန်မာအမျိုးသမီးပန်းချီပညာရှင်   ၇၅ ဦးတို့ စုပေါင်းရေးဆွဲ ဂုဏ်ပြုသော “75 for 75th” အွန်လိုင်းပန်းချီပြပွဲကို အမျိုးသား ပြတိုက်(ရန်ကုန်)က ယနေ့မှစတင်၍ အွန်လိုင်း၌လွှင့်တင် ပြသလျက်ရှိကြောင်း သိရသည်။

Jun 15, 2020

နေပြည်တော် ဇွန် ၁၅

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခု ပထမ Covid လှိုင်းကို မိမိတို့ အောင်မြင်စွာ ကျော်ဖြတ်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ဒုတိယက ပိုခက်ခဲမယ်လို့ ခန့်မှန်းတာတွေ ရှိပါကြောင်း၊ ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက် အသင့်ပြင်ဆင် ထားရမှာဖြစ်ပါကြောင်း ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ယနေ့တွင် ရေးသားဖော်ပြထားသည်။

Jun 11, 2020

နေပြည်တော်   ဇွန်   ၁၁

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Covid လောက် ကျယ်ပြန့်တဲ့ ကိစ္စ မရှိသလို၊ covid လောက် ကျဉ်းမြောင်းတာလည်း မရှိပါကြောင်း၊ လူအားလုံး၊ အရာ အားလုံးနဲ့ ဆိုင်သလို၊ လူတစ်ယောက်ချင်းနဲ့လည်း ဆိုင်နေပါကြောင်း ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ယနေ့တွင် ရေးသားဖော်ပြထားသည်။

Jun 10, 2020

နေပြည်တော် ဇွန် ၁၀ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Covid ကြောင့် စဉ်းစားသင်ယူစရာတွေကို နေ့စဉ်နဲ့အမျှ တွေ့နေရပါကြောင်း၊ လွန်ကဲတယ်လို့ မရှိနိုင်တဲ့ ‘သတိ’ အားကောင်းအောင် လေ့ကျင့်ရခြင်းကတော့ covid ကနေရတဲ့ တန်ဖိုး အရှိဆုံးသင်ခန်းစာပဲ ဖြစ်ပါကြောင်း ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ယနေ့တွင် ရေးသားဖော်ပြထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကိစ္စတစ်ရပ်နဲ့ ပတ်သက်လို့ စည်းမျဉ်းညွှန်ကြားချက်တွေ ထုတ်ပြီးတဲ့အခါ ဒီစည်းမျဉ်းတွေဟာ သင့်တော်ရဲ့လား၊ အလုပ်ဖြစ်ရဲ့လား ဆိုတာကိုလည်း လေ့လာသုံးသပ်ရပါကြောင်း။

Jun 09, 2020

နေပြည်တော် ဇွန် ၉

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ ထောက်ပံ့ပေးမှု အခြေအနေများနှင့် စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကော့ပနောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဒေါ်နီနီအောင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ တို့နှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ အပြန်အလှန် ဆွေးနွေးသည်။