နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

Jun 06, 2020

နေပြည်တော် ဇွန် ၆

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်ခံအားကောင်းခြင်းဆိုတာ အခြေခံကျန်းမာရေးကောင်းခြင်းလို့ ပြောလို့ရမယ်ထင်ကြောင်း ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ယနေ့တွင် ရေးသားဖော်ပြထားသည်။

Jun 02, 2020

နေပြည်တော် ဇွန်  ၂

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပရောက် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူရေးကိစ္စနှင့်စပ်လျဉ်း၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့နှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက် တွေ့ဆုံ၍ အပြန်အလှန် ဆွေးနွေးသည်။

Jun 02, 2020

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေရဲ့ စွမ်းအားနဲ့ covid အလွန်ကာလမှာ ယခင်ကထက် ပိုမို စည်းလုံးခိုင်မာတဲ့နိုင်ငံ ဖြစ်လာဖို့ မျှော်လင့်ပါကြောင်း ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ယနေ့တွင် သတင်းစကားပါး ရေးသားထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီကနေ့ ဇွန်လ(၁)ရက်နေ့ဖြစ်ပါပြီ၊ အချိန်ရဲ့ သဘော သဘာဝက ထူးဆန်းပါကြောင်း၊ တစ်ဘက်ကကြည့်ရင် သတ္တဝါတွေ လုံးဝ ပိုင်တဲ့၊ နိုင်တဲ့အရာ မဟုတ်ပါကြောင်း၊ သူ့ဘာသာသူ သွားနေပြီး ဘယ်သူ့ကိုမှလည်း လှည့်မကြည့်၊ ဘယ်သူ့ကိုမှ လည်း ဂရုမစိုက်ပါကြောင်း။

May 30, 2020

နေပြည်တော် မေ ၃၀

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Covid နှင့် လုံးပန်းနေရလို့ မိုးကာလမှာ ဖြစ်တတ်သည့် သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေးတို့လို အခြားအန္တရာယ်များကို မမေ့ထားရန် ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ယနေ့တွင် သတင်းစကားပါး ရေးသားထားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မုတ်သုံလေ တိုက်ခတ်ဝင်ရောက်လာပြီဖြစ်ကြောင်း၊ ‘မုတ်သုံ’ ဆိုတာကတော့ ‘ရာသီ’လို့ အဓိပ္ပာယ်ပေါက်တဲ့ အာရာဘီ ဝေါဟာရက ဆင်းသက်လာတာဆိုတော့ ‘ရာသီလေ’လို့ ခေါ်ရမှာဖြစ်ကြောင်း။

May 28, 2020

နေပြည်တော် မေ ၂၈

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုဖြေလျှော့ပေးမှုများသည် စည်းကမ်းလိုက်နာခြင်းအားဖြင့် covid ကာကွယ်ရေးကို ဖေးမပေးခြင်း၏ အကျိုးဖြစ်တာ ကြောင့် covid ကို အနိုင်ရရေးအတွက် စည်းကမ်းထိန်းသိမ်းခြင်းအားဖြင့်ဆက်ပြီး ကူညီကြပါလို့ မေတ္တာရပ်ခံပါကြောင်း ၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာမှ ယနေ့တွင် သတင်းစကားပါး ရေးသားထားသည်။

May 26, 2020

နေပြည်တော်   မေ  ၂၆

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဩရိသပြည်နယ်များသို့  ဖြတ်ကျော်တိုက်ခတ်ခဲ့သည့် ဆိုင်က လုန်း မုန်တိုင်း အမ်ဖန်ကြောင့် အသက်အိုးအိမ်စည်းစိမ်များ   ပျက်စီးဆုံးရှုံးခဲ့ရခြင်းအတွက်   ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်   အိန္ဒိယသမ္မတနိုင်ငံ၊  ဝန်ကြီးချုပ်  ရှရီ နာရန်ဒရာ မိုဒီထံသို့  စာနာထောက်ထားကြောင်း  သဝဏ်လွှာ ပေးပို့ခဲ့သည်။

သတင်းစဉ်

May 26, 2020

နေပြည်တော် မေ ၂၆

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်က  Covid  ၏ အကျိုးဆက်များကို  အောင်နိုင်စွာ ကိုင်တွယ်ဆောင်ရွက်ရေး စီမံချက်များထဲတွင်  အလုပ်အကိုင်ဖန်တီးရေးကို  အထူးအလေးပေးမည်ဖြစ် ကြောင်း  ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ယနေ့တွင် ရေးသား ဖော်ပြထားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့ ယခုလုပ်ဆောင်မှုများသည် နောင်အတွက် ရင်းနှီးမှုများ ဖြစ်စေချင်သည်ဟု  မနေ့က ရေးခဲ့ ပါကြောင်း၊ ဘယ်အခြေအနေမဆို အဆိုးဘက်ကို ရောက်သွားမလား၊ အကောင်းဘက်ကို  ရောက်သွားမလားဆိုတာ  ကာယကံရှင်များအပေါ်  အများကြီး မူတည်ပါကြောင်း။