တွဲလက်ညီညီရှေ့သို့ချီ တိုင်းရင်းဆေးသမားတော်များညီလာခံဆီ
မြန်မာ့တိုင်းရင်းဆေးပညာသည် ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် စသည့်ခေတ်ကာလများကတည်းက သမိုင်းအထောက်အထား ခိုင်မာစွာတည်ရှိခဲ့သည့် ဆေးပညာတစ်ရပ်ဖြစ်ပါသည်။ မြန်မာလူမျိုးတို့သည် မိမိတို့၏ မိရိုးဖလာတိုင်းရင်းဆေးကို သုံးစွဲခဲ့ကြသည့်အပြင် ဘဝရှင်သန်ရေးအတွက် လက်လှမ်းမီရာ ဆေးမြီးတိုများကိုလည်း သုံးစွဲကြသည်။