နှစ်သစ်မှာ ငြိမ်းချမ်းပျော်ရွှင်ကြပါစေ
ကရင်တိုင်းရင်းသားရိုးရာဝတ်စုံကိုယ်စီနှင့် တက်ကြွပျော်ရွှင်စွာ သွားလာနေကြသည့် သမီးငယ်လေးများကို မြင်ရသည်မှာ ကြည်နူးစရာကောင်းလှသည်။ သည်နေ့ကား ကရင်တိုင်းရင်းသားတို့၏ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပေမို့ ကရင်ပြည်နယ်အပါအဝင် အမြို့မြို့အရွာရွာတွင် ကရင်နှစ်သစ်ကူးပွဲတော် များကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ စောစောကမြင်တွေ့ခဲ့သည့် ကရင်တိုင်းရင်းသူ လှပျိုဖြူလေးများကတော့ ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများကို သွားကြလေမလားဟု မှန်းဆနေမိပါ၏။
