တံစိုးလက်ဆောင် ဝေးဝေးရှောင်
အဂတိလိုက်စားမှုဆိုသည်မှာ မတရားသဖြင့် ဘက်လိုက်ဆုံးဖြတ်ခြင်းဟု မြန်မာအဘိဓာန်က အဓိပ္ပာယ်ဖွင့်ဆိုသည်။ အဂတိလိုက်စားမှုကိုဖြစ်စေသော အဓိကအကြောင်းတရားလေးပါးရှိသည်ဟု မြတ်စွာဘုရားရှင်က ဟောကြားခဲ့သည်။ “ဆန္ဒာဂတိ - ချစ်သဖြင့် ဘက်လိုက်ဆုံးဖြတ်ခြင်း၊ ဒေါသာဂတိ - မုန်းသဖြင့် ဘက်လိုက်ဆုံးဖြတ်ခြင်း၊ ဘယာဂတိ - ကြောက်သဖြင့် ဘက်လိုက်ဆုံးဖြတ် ခြင်း၊ မောဟာဂတိ - အမှားအမှန်မသိသဖြင့် ဘက်လိုက်ဆုံးဖြတ်ခြင်း”ဆိုသည့် အဂတိတရားလေးပါးကို သတိပြုဆင်ခြင်ကြရန် မြတ်စွာဘုရားရှင်ကဟောကြားခဲ့သည်။
