မြန်မာနိုင်ငံ၏ ပထမဦးဆုံးစီးပွားရေးတက္ကသိုလ်နှင့် ပထမဦးဆုံးပါမောက္ခချုပ်၊ ဘောဂဗေဒပညာရှင်
အနောက်တိုင်းစီးပွားရေးပညာရပ် (ဘောဂဗေဒ) သည် ၁၉၂၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဘောဂဗေဒဌာနမှတစ်ဆင့် မြန်မာ့မြေပေါ်သို့ ရောက်ရှိခဲ့သည်။ ထိုသို့ရောက်ရှိခဲ့ပြီး နှစ်ပေါင်း ၄၀ အကြာ ၁၉၆၄ ခုနှစ်တွင် ပိုမိုကျယ်ပြန့်သော ပို၍နယ်ပယ်စုံသည့် စီးပွားရေးပညာရပ်များ သင်ကြားပို့ချနိုင်ရေးအတွက် ရန်ကုန်တက္ကသိုလ်လက်အောက်မှ လူမှုရေးသိပ္ပံမဟာဌာနကြီးကို စီးပွားရေးပညာရပ်ပေါင်းစုံ သင်ကြားပို့ချပေးနိုင်မည့် စီးပွားရေးတက္ကသိုလ် (ရန်ကုန်) အဖြစ် ထူထောင်ဖွင့်လှစ်ခဲ့ကြသည်။
