Skip to main content

ပြည်သူ့အကျိုးပြု သတင်းအချက်အလက်များအတွက် မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု

နှစ်စဉ်အောက်တိုဘာလ၏ နောက်ဆုံးသီတင်းပတ်ကို ကမ္ဘာလုံးဆိုင်ရာမီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှုရက်သတ္တပတ် (Global Media and Information Literacy (MIL) Week) အဖြစ် သတ်မှတ်ထားပါသည်။ ယခုနှစ်အတွက် အဓိကဖော်ညွှန်းချက်မှာ “သတင်းအချက်အလက်များ၏ ဒစ်ဂျစ်တယ်နယ်ပယ်အသစ်၊ ပြည်သူ့အကျိုးပြု သတင်းအချက်အလက်များအတွက် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု”ဟူ၍ ဖြစ်ပါသည်။ ဤဖော်ညွှန်းချက်သည် သတင်းအချက်အလက်များ လျင်မြန်စွာဖန်တီးပေါ်ထွက်လာမှု၊ ပျံ့နှံ့မှုနှင့် အသုံးပြုမှုတို့ကို လမ်းညွှန်ရာတွင် ဘေးကင်းစေရန်၊ ပိုမို ပေါင်းစည်းပါဝင်ကြရန်နှင့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုသည် အနာဂတ်ဒစ်ဂျစ်တယ်ခေတ်တွင် အားလုံးအတွက် ပဓာနကျ အရေးပါပုံကို မီးမောင်းထိုးပြထားခြင်းဖြစ်သည်။

နိုင်ငံသားတစ်ဦးတစ်ယောက်၏ စိတ်ဓာတ် စည်းကမ်း ပညာ

လူ့စွမ်းအားအရင်းအမြစ်ကို ဖန်တီးပေးထားတဲ့ ဆရာဟာ ခေတ်နောက်ကျနေခဲ့ရင် အနာဂတ်ဟာ မျှော်လင့်ချက်မရှိဘူး။ လူ့စွမ်းအားအရင်းအမြစ်ကို မွေးထုတ်ပေးတဲ့ ဆရာဟာ ဆန်းသစ်တဲ့ စိတ်ကူး တွေ ခံယူနိုင်စွမ်းမရှိ ရပ်တန့်နေခဲ့ရင် သူမွေးထုတ်ပေးတဲ့ လူ့စွမ်းအားအရင်းအမြစ်က ဘယ်နည်းနဲ့မှ အနာဂတ်ကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူး။ ဆရာတွေဟာ ပညာရေးမျှော်မှန်းပန်းတိုင်ရောက်ဖို့ လမ်းညွှန်ရာမှာ ကြိုးစားပမ်းစားနဲ့ ပညာတွေပေးလို့ လူထုရဲ့ အားကိုးရာဖြစ်ပါတယ်။ ဆရာရဲ့ တွေးခေါ်ပုံတွေ၊ ပြောပုံဆိုပုံတွေ၊ ပြုမူပုံတွေဟာ ကျောင်းသားတပည့်တွေဆီ စီးဆင်းပါတယ်။ ကျောင်းသားဆီကို ရောက်သွားတာကြောင့် အကောင်းအဆိုး၊ အကြောင်းအကျိုး အထူးသတိမူရပါမယ်။

ရွက်စွယ်တော် ပမာထားပါလို့ ကဗျာအားဖြင့် ချစ်ကြိုးသွယ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက မြန်မာစာရေးဆရာများအား သူတို့နိုင်ငံသို့ စာပေယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေးအစီအစဉ်အရ အလည်အပတ်ဖိတ်ကြားလိုကြောင်း လွန်ခဲ့သော လေးလကျော်၊ ငါးလကပင် ကမ်းလှမ်းလာခဲ့သည်။

နိုင်ငံသားတစ်ဦးတစ်ယောက်၏ စိတ်ဓာတ် စည်းကမ်း ပညာ

၂၁ ရာစုခေတ်မှာ နိုင်ငံတစ်နိုင်ငံအတွက် ပညာရေးဟာ အရေးကြီးဆုံးကဏ္ဍဖြစ်တယ်လို့ ဘာကြောင့်ပြောသလဲဆိုရင် ပညာရေးက ဆောင်ကြဉ်းပေးနိုင်တာ နှစ်ခုရှိပါတယ်။

မြင့်မားသည့် ပညာရေးဖြင့်သာ နိုင်ငံဖွံ့ဖြိုးသာယာအောင် စွမ်းဆောင်နိုင်မှာပါ

အထက်ပါ “နိုင်ငံ၏ အချုပ်အခြာအာဏာ တည်မြဲမှုကအနှစ်၊ ဘယ်ဝါဒမဆိုအကာ” ဟူသည့် အချက်ကို “ငါနိုင်ငံရေးသမား” ဆိုသူတိုင်းနှင့် နိုင်ငံသားအားလုံး မဖြစ်မနေ သိထားခံယူထားရန် လိုသည်။ မသိလျှင် အဆိုပါခံယူချက်ကင်းသူသည် နိုင်ငံရေးသမားမဟုတ်။ မသိလျှင် နိုင်ငံသားတိုင်း သိအောင် ပညာရေးက မဖြစ်မနေသင်ကြားပေးရမည်။ ခေတ်သစ်သမိုင်းတွင် တိုက်ယူ၍ရသော လွတ်လပ်ရေးမဟုတ်၍ လွတ်လပ်ရေးအစစ်မဟုတ်ဟုဆိုကာ မြန်မာ့လွတ်လပ်ရေးကို အသိအမှတ်မပြုဘဲ ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုသွားခဲ့ကြခြင်းဖြစ်ပေသည်။

မုန်းသူကို ချစ်ခင် အကြမ်းမဖက်ရေးလမ်းစဉ် လိုက်ကြဖို့ အချိန်တန်ပြီ

အမြော်အမြင်ကြီးမားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေက အယူဝါဒမတူညီသည်ဖြစ်စေ အချင်းချင်းငြိမ်းချမ်းစွာလက်တွဲနေထိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ကြပါတယ်။ နိုင်ငံအချင်းချင်းဖြစ်စေ၊ နိုင်ငံအတွင်း၌ဖြစ်စေ ပြဿနာတစ်စုံတစ်ခုကြုံလာရင် ပွင့်လင်းစွာ ဆွေးနွေးဖြေရှင်းခြင်းဖြင့် ပြေလည်မှုကို ရနိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း တစ်ဖက်သတ်အမြင်၊ အတ္တအစွဲတွေနဲ့ ဖြေရှင်းနေတာတွေကြောင့် အကျယ်အကျယ် မငြိမ်းနိုင်ဖွယ် မီးတောက်တွေသဖွယ် လောင်ကျွမ်းနေတာကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ဒီလိုဖြစ်နေတာတွေကြောင့် အပြစ်မဲ့ပြည်သူတွေ မြေစာပင်သဖွယ် ဒုက္ခမျိုးစုံရင်ဆိုင်ကြုံတွေ့ကြတာတွေကို စိတ်မကောင်းဖွယ် ကြားသိနေရပါတယ်။

ပရိုပီသစွာ ရပ်တည်ပါ

ငယ်စဉ်က ဖတ်ရှုခဲ့ဖူးသည့် ဆရာလင်းယုန်မောင်မောင်၏ “ပုလဲဆိပ်ကမ်း တစ်နေ့တာမှတ်တမ်း” စာအုပ်တွင် ဂျပန်စစ်လေယာဉ်များ အလစ်ဝင်ရောက်တိုက်ခိုက်နေသည့်ကြားမှ နီဗားဒါးစစ်သင်္ဘောပေါ်မှ ဘင်ခရာတီးဝိုင်းအဖွဲ့သည် အလံတင်အခမ်းအနားကို ပြီးစီးအောင် တီးမှုတ်သွားခဲ့သည်။ သူတို့တစ်သက်တာတွင် အမျိုးသားသီချင်းကို နှစ်ပေါင်းများစွာ တီးမှုတ်ခဲ့ရာ၌ တစ်ကြိမ်တစ်ခါမျှ တစ်ပိုင်းတစ်စဖြင့် ရပ်ပစ်ခဲ့ရခြင်းမရှိ၍ ဖြစ်သည်။

အသိပညာဗဟုသုတနှင့် တွေးခေါ်မြော်မြင်မှု မြင့်မားလာစေဖို့ စာပေဖတ်ရှုလေ့လာစို့

ရန်ကုန်မိုးက ထုံးစံအတိုင်း လင်းရာမှ ရုတ်ခြည်းမည်းမှောင်လာကာ ရွာချလေတော့သည်။ သည်နေ့မနက် ရာသီဥတုက သာသာယာယာ၊ လင်းလင်းကျင်းကျင်းဖြစ်၍ ပန်းဆိုးတန်းစာအုပ်အဟောင်းတန်းဘက်သွားပြီး စာမြည်းထိုင်ဖတ်မည်၊ ကြိုက်တာတွေ့လျှင် တစ်အုပ်၊ နှစ်အုပ်ဝယ်မည်ဟု စိတ်ကူးနှင့် ထွက်လာပါမှ မိုးနှင့်တိုးတော့သည်။ သို့နှင့် နီးစပ်ရာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် လက်ဖက်ရည်သောက်ရင်း ခေတ္တဝင်နားခိုရတော့သည်။

ဗလငါးတန်ဖွံ့ဖြိုးဖို့ စာကြည့်တိုက်သို့ သွားကြစို့

လူသားမျိုးနွယ်အဖြစ် ပေါက်ဖွားလာသည်နှင့် တစ်ဦးတစ်ယောက်တည်းနေ၍ မရပေ။ လူ့ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်း၊ အသင်းအဖွဲ့နှင့်ပင် နေရမည်သာ။ အိမ်တစ်အိမ်၊ မိသားစုတစ်စုမှသည် အိမ်နီးချင်းများနှင့် ထိတွေ့ဆက်ဆံလာရပေသည်။ ထိုမှတစ်ဆင့် ရွာချင်း၊ မြို့ချင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအချင်းအချင်း ကူးလူးဆက်သွယ်သွားလာနေထိုင်ကြရပေသည်။ ထို့နည်းတူစွာ နိုင်ငံတစ်နိုင်ငံဖြစ်တည်လာလျှင် ပတ်ဝန်းကျင်အိမ်နီးချင်း နိုင်ငံများ၊ ကမ္ဘာ့ဒေသအသီးသီးရှိ နိုင်ငံများနှင့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံတကာဆက်ဆံရေးစသဖြင့် ကဏ္ဍ အသီးသီး ပူးပေါင်းဆောင်ရွက်လာကြသည်။ ကမ္ဘာကြီးသည် ရွာတစ်ရွာပင်ဖြစ်လာခဲ့သည်။ ထိုရွာကြီး၌ မှီတင်နေထိုင်ကြကုန်သော လူသားတိုင်းသည်လည်း ဗလငါးတန်တည်းဟူသော ကာယဗလ၊ ဘောဂ​ဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဉာဏဗလများသည်က မရှိမဖြစ် ပြည့်စုံကြရန် လိုအပ်လှပေသည်။
Subscribe to ဆောင်းပါး