အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြောင်း သိကောင်းစရာ
မတ်လ ၈ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Day)ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ၏အခန်းကဏ္ဍကို အသိအမှတ်ပြုရေး၊ အမျိုးသမီးများစွမ်းဆောင်ရည်များ ပိုမိုမြင့်မားစေရေး၊ စံပြုထိုက်သော အမျိုးသမီးများအားဂုဏ်ပြုရေးနှင့် အမျိုးသမီးများရင်ဆိုင်နေရသည့် အခက်အခဲများကို ပူးပေါင်းဖြေရှင်းရေး စသည်တို့အတွက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့တွင် ကမ္ဘာတစ်ဝန်းရှိနိုင်ငံများ၌ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပလေ့ရှိပြီး နိုင်ငံအချို့တွင်မူ တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြသည်။
