အလုပ်သမားများကိုယ်စားပြု အလုပ်သမားအဖွဲ့အစည်းများ ပိုမိုအားကောင်းလာစေရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့
အလုပ်သမားဝန်ကြီးဌာနသည် မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့် ဝန်ကြီးဌာနတစ်ခုဖြစ်ပြီး အေးချမ်းသာယာ၍ဖွံ့ဖြိုးတိုးတက်သည့် ခေတ်မီနိုင်ငံတော်ကြီးတည်ဆောက်ရာတွင် နိုင်ငံတော်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများနှင့် လိုက်လျောညီထွေသည့် မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်၏ အဓိကကျသည့် လူ့စွမ်းအားအရင်းအမြစ်များအား ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်စေရေး ဆောင်ရွက်ပေးလျက်ရှိသည်။
