(၇၅)နှစ်ပြည့် စိန်ရတုလွတ်လပ်ရေးကြီး အဓွန့်ရှည်ပါစေ
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ပြာသိုလဆန်း ၁၄ ရက် ဗုဒ္ဓဟူးနေ့ ခရစ်နှစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့ (၇၅)နှစ်ပြည့်မြောက် စိန်ရတုမင်္ဂလာအခါသမယဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၇၅)နှစ် မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက် တနင်္ဂနွေနေ့ ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအဖြစ် ကမ္ဘာ့နိုင်ငံများအကြား ဝင့်ဝင့်ကြွားကြွားပေါ်ထွက်လာခဲ့ပါတယ်။
