ပဟေဠိသဖွယ်ရှိနေသည့် သမိုင်းထဲက ဂျီနိုဆိုက်ပုစ္ဆာ
မြန်မာသမိုင်းမှာ ဘယ်တုန်းကမှမရှိခဲ့ဖူးတဲ့လူမျိုး၊ ဘယ်တုန်းကမှအသိအမှတ်မပြုခဲ့တဲ့ အသုံးအနှုန်းကိုမှ လူမျိုးလိမ်အမည်တပ်ပြီး မြန်မာပြည်တွင်းရေးကို အမေရိကန်တို့ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ကြပြန်လေပြီ။ ထောင်ပေါင်းများစွာသော အပြစ်မဲ့ပြည်သူတွေကို လူမဆန်စွာ ရက်ရက်စက်စက်သတ်ဖြတ်ရာမှာ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပါ၀င်ပတ်သက်ခဲ့ကြသူတွေကို အရေးယူရတဲ့ အကြမ်းဖက်နှိမ်နင်းရေးအမျိုးမျိုးကို အထောက်အထားမဲ့ဝေဖန်နေတဲ့ ကမ္ဘာ့ငပွကြီးရဲ့ မရိုးနိုင်တဲ့ အကြမ်းဖက်အားပေးပုံစံတစ်မျိုးလို့ပဲ ဆိုရပါလိမ့်မယ်။
