Skip to main content

ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး၊ ဖွံ့ဖြိုးရေးနဲ့ နိုင်ငံရေး

လ်ဆင်မင်ဒဲလားအကြောင်းကို   တိုးအောင်(ဆေး-မန်း) ရေးတဲ့ “ရန်သူများနှင့် ကစားခြင်း” စာအုပ်ကိုဖတ်ပြီးချိန်မှာ ကျွန်တော် ဒီ“ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး” ဆောင်းပါးရေးဖို့  စိတ်ပြင်းပြ လာပါတယ်။ ရေးဖြစ်ခဲ့ပါတယ်။ ရန်သူကို ခွင့်လွှတ်ပြီး၊ လေးစားပြီး၊ ဂုဏ်ပြုပြီး အသေအကျေတိုက်မယ့် လက်နက်ကိုင်လမ်းစဉ်ကို မရွေးဘဲ ဆွေးနွေးမှုလမ်းစဉ်ကို ရွေးပြီး ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ခဲ့မှု၊  စစ်ကို တားဆီးခဲ့မှုတွေ သမိုင်းမှာ သာဓကရှိတာပဲလေ။ ကျွန်တော်တို့နိုင်ငံ လုပ်နိုင်တယ်လို့

လူငယ်နှင့် နိုင်ငံရေးစာပေ

ဆယ်ကျော်သက်လူငယ်များ နိုင်ငံရေးစာပေကို လေ့လာလိုက်စားသင့်သလားဟုပြောလျှင် လေ့လာလိုက်စားသင့်ပါသည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးသည် နိုင်ငံသားတိုင်းနှင့် ဆိုင်ပေသည်။ တချို့ကပြောမည်။ “နိုင်ငံရေးက ကလေးတွေနဲ့အထူးသဖြင့် မင်းတို့ဆယ်ကျော်သက် အရွယ်တွေနဲ့မဆိုင်ပါဘူးကွာ၊ မင်းတို့ ဘာနားလည်တာမှတ်လို့၊ အသာနေစမ်းပါ” အစရှိသဖြင့် ကြားသိရပါများလျှင်လည်း လူငယ်တို့အနေဖြင့် နိုင်ငံရေးက ငါတို့နှင့်မဆိုင်ပါဘူးဟု အထင်ရောက် သွားဖွယ်ရှိသည်။ နောင်အနာဂတ်ကို ပခုံးပြောင်းတာဝန်ယူ လုပ်ဆောင်ကြရမည့် လူငယ်များအနေဖြင့် ဖြစ်ပျက်နေသော၊ ဖြစ်ပျက်ခဲ့သော နိုင်ငံရေးတို့နှင့် ကင်းကွာသွားနိုင်သည်။ ထို့အတွက်ကြောင့် နိုင်ငံရေးစာပေများကို လေ့လာလိုက်စားနေဖို့ လိုအပ်သည်။

၁၃၈၄ ခုနှစ် မြန်မာနှစ်သစ်မှာ မင်္ဂလာအပေါင်း ခညောင်းစေဖို့ရာ

၁၃၈၃ ခုနှစ် နှစ်ဟောင်းကုန်ဆုံး၍ ၁၃၈၄ ခုနှစ် မြန်မာနှစ်သစ်သို့ကူးပြောင်းခဲ့ချေပြီ။ မြန်မာလူမျိုးတို့သည် နှစ်သစ်၏အမွန်အစဖြစ်သော မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ဘုရားကျောင်းကန်၊ စေတီပုထိုး များတွင်ဥပုသ်သီလဆောက်တည်ခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းစသည့်ဒါန၊ သီလ၊ ဘာဝနာ တရားများအားထုတ်လေ့ရှိကြသည့်နည်းတူ သက်ကြီးဝါကြီးအဘိုးအဘွားတို့အား ဂါရဝပြုခြင်း၊ ခေါင်း လျှော်၊ ခြေသည်းလက်သည်းညှပ်ခြင်း စသည့်ဝေယျာဝစ္စပြုလုပ်ပေးခြင်း၊ ဇီဝိတဒါန သက်လွှတ်ပွဲများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လေ့ရှိကြသည်။

ပျော်သင်္ကြန်

ဖေဖေ ဦးကျင်ဝင်းကစစ်ကိုင်းတိုင်းဒေသကြီး ထဲမှမင်းကင်းမြို့သား။ မေမေ ဒေါ်တင်က မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ထဲမှ ကန်ရွာဇာတိ။ ဖေဖေနှင့်မေမေတို့ စစ်ကိုင်းတိုင်း ဒေသကြီးကလေးဝမြို့နယ် သစ်ချောက်ရွာမှာ ဘယ်လိုဆုံကြ၊ ညားကြသည်မသိ။

မြန်မာနိုင်ငံနှင့်  မုန်တိုင်းအန္တရာယ်

ရာသီဥတုပြောင်းလဲခြင်းကို ယခုအခါ ကမ္ဘာတစ်ဝန်းတွင် ရင်ဆိုင်ကြုံတွေ့နေကြရာ မြန်မာနိုင်ငံသည်လည်း အပါအဝင်ဖြစ်ပါသည်။ မုတ်သုံအဝင်နောက်ကျခြင်း၊ အထွက်စောခြင်း စသည့်ပြောင်းလဲမှုများကြောင့် မုတ်သုံကာလ ရက်သတ္တ သုံးပတ်တာခန့် တိုတောင်းလာသည့်အတွက် မုတ်သုံမိုးကို မှီခိုအားထားရသည့် စိုက်ပျိုးရေးလုပ်ငန်းများကို အခက်တွေ့စေခဲ့ပါသည်။ ထို့အပြင် ဆိုးရွားပြင်းထန်သော ရာသီဥတု အစွန်း ရောက်ဖြစ်စဉ်များကိုလည်း ရင်ဆိုင်ကြုံတွေ့နေရပါသည်။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စုံစမ်းမေးမြန်းမှုများကို Online မှတစ်ဆင့် လွယ်ကူလျင်မြန်စွာတွေ့ဆုံ၍ ကူညီ ဖြေရှင်းပေးနိုင်ဖို့ရည်ရွယ်ပြီး ယခု DOSo စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ ပိုမိုဝင်ရောက်လာစေရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများ အဆင်ပြေချောမွေ့ စွာဆောင်ရွက်နိုင်ရန်အတွက် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

အမျိုးသားစာပေ တစ်သက်တာဆုရပုဂ္ဂိုလ် ကျမ်းပြုစာဆို မောင်မောင်ညွန့် (မန်းတက္ကသိုလ်)

“ပညာရှာသူတို့အတွက် ကျေးဇူးများ သော ဤကျမ်းကို ပြုစုရသောကောင်းမှုကြောင့် ဖြစ်လေရာ ဘဝတိုင်း၌ ပညာကြီးမားပြီး အများအကျိုးကို ဆောင်ရွက် နိုင်သောကိုယ် ဖြစ်ရပါလို၏။ ကြံစည်ကာ မျှဖြင့် မိမိ၏အကျိုးစီးပွားများ ပြီးပြည့်စုံ သကဲ့သို့ သတ္တဝါတို့၏လိုအင်ဆန္ဒဟူသမျှ သည်လည်း လွယ်လွယ်ကူကူနှင့် ပြီးစီးအောင်မြင်ပါစေသတည်း” ဆရာကြီး မောင်မောင်ညွန့် (မန်းတက္ကသိုလ်) ၏ (“ရှေးခေတ် မြန်မာစာပေဆိုင်ရာကျမ်းများ လေ့လာမှု” စာအုပ်၊ နိဂုံးနှင့် ဆုပန်လွှာမှ ကောက်နုတ်ချက်)

မုန်တိုင်းကြားက မျိုးချစ်တပ်မတော်နှင့် ပြည်သူများ

ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာတိုင်းရင်းသားလူမျိုးအသီးသီးနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံ၊ ပထဝီအနေအထား၊ ရာသီဥတုမျှတကောင်းမွန် ၍ နေချင်စဖွယ်ရှိတဲ့ နိုင်ငံ၊ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်တယ်။ အနောက်တောင်မုတ်သုံလေနဲ့ ပတ်ဝန်းကျင် ပင်လယ်ပြင်တွေကနေ ဝင်လာတဲ့ မုန်တိုင်းတွေကနေမိုးရရှိတဲ့အတွက် စိုက်ပျိုးရေးကောင်းမွန်၊ ဆန်ရေစပါး ပေါကြွယ်ဝပြီး လှူနိုင်တန်းနိုင် ကုသိုလ်ကောင်းမှုပြုနိုင်ကာ တိုင်းရင်းသားပြည်သူများ စိတ်ချမ်းမြေ့စွာ နေထိုင်ခဲ့ကြတယ်။

အမေရိကန်ရဲ့ အနိုင်ကျင့်ဗိုလ်ကျစိုးမိုးလိုမှုကသာ ယူကရိန်းပဋိပက္ခရဲ့ လက်သည်တရားခံဖြစ်နေ

(အပိုင်း-၂) ကမ္ဘာစစ်ကြီးနှစ်ခုစလုံးပြီးသွားတဲ့နောက် အမေရိကန်ဟာ ကမ္ဘာပေါ်မှာ မဟာအင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်လာတာ အားလုံးအသိပါပဲ။
Subscribe to ဆောင်းပါး