Skip to main content

ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည့် ကမ်းခြေပတ်လမ်းစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက်ကမ်းရိုးတန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အတွက် ကမ်းရိုးတန်း အတိုင်း လမ်းအရှည် ၉၆ မိုင် ၅ ဒသမ ၅ ဖာလုံ ရှည်လျားသော ငရုတ်ကောင်း-ဆင်မ-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးဇင်-ကျောက်ချွန်- ဂွလမ်းအထိ(ကမ်းခြေပတ်လမ်း)စီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန က အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် (၈) ကြိမ်မြောက် ARIC အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ပုသိမ်အမှတ် (၂) တံတားသစ်ကြီး ရာနှုန်းပြည့်ပြီးစီး၍ စက်တင်ဘာလအတွင်း ဖွင့်လှစ်မည်

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တံတားဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့(၄) တံတားအထူးအဖွဲ့ (၁၆) က တာဝန်ယူတည်ဆောက်ခဲ့သည့် ပုသိမ် အမှတ် (၂) တံတားသစ်ကြီး တည်ဆောက်မှုလုပ်ငန်းများ ဇူလိုင်လကုန်ပိုင်းက ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်သောကြောင့် အများပြည်သူအသုံးပြုနိုင်ရန် စက်တင်ဘာလအတွင်း ဖွင့်လှစ်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။

တောင်သူလယ်သမားများ၏ အကျိုးကို ရှေးရှု၍ ထွန်ယက်ခနှုန်းထားများ တစ်ဧက ကျပ် ၇၅၀၀ မှ ယခု ကျပ် ၆၅၀၀ သို့ လျှော့ချဆောင်ရွက်ပေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန ဧရာ၀တီတိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးဌာနမှ COVID -19 ကြောင့် စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်ဖြင့် တောင်သူလယ်သမားများ၏အကျိုးကို ရှေးရှုကာ ထွန်ယက်ခနှုန်းထားများကို တစ်ဧက ထွန်ယက်ခ ငွေကျပ် ၇၅၀၀ မှ ယခုအခါ ငွေကျပ် ၆၅၀၀ သို့ လျှော့ချကာ ထွန်ယက်ရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
Subscribe to ပုသိမ်