Skip to main content

နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေး စည်းလုံးညီညွတ်မှုအခြေခံဆောင်ရွက်

“တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက လိုလားတောင့်တနေကြသည့်  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်နိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သည့် တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းမှ ရရှိနိုင်သည်ကို အလေးအနက် သတိမူကြရမည်ဖြစ်ပါကြောင်း” နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ရုပ်ရှင်အနုပညာစွမ်းပကားဖြင့် နိုင်ငံနှင့် ပြည်သူအတွက် တာဝန်ကျေပွန်

၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကြီးကို ခမ်းခမ်းနားနား၊ အောင်အောင်မြင်မြင်၊ ပျော်ပျော်ရွှင်ရွှင် ကျင်းပပြီးခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့် သုံးနှစ်တာကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကဏ္ဍများစွာတို့၌ ထိခိုက်ခံစားခဲ့ရမှုများ ရှိခဲ့ရာတွင် အရွေ့တစ်ခုဆီသို့ရောက်ရှိနေသည့် မြန်မာ့ရုပ်ရှင်လောကလည်း ပါဝင်သည်။ နိုင်ငံတစ်ဝန်းလုံးတွင်ရှိနေသည့် ရုပ်ရှင်ရုံများတွင် ပြသမှုရပ်ဆိုင်းခဲ့ရခြင်းနှင့်အတူ ရုပ်ရှင်ကိုအမှီပြု၍ အသက်မွေးဝမ်းကျောင်းနေကြရသည့် အလွှာအသီးသီးတို့မှ ရုပ်ရှင်လောကသားများစွာ အခက်အခဲများ ကြုံတွေ့ကြရသည့် သတင်းများကိုလည်း ကြားသိခဲ့ရသည်။

တိုင်းပြည်အနာဂတ်ရှေးရှုမြော်တွေး တိုင်းရင်းသားများအား အာမခံပေး

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်‌ပေါက်လာခဲ့သော လက်နက်ကိုင်ပဋိပက္ခများမှာ ယနေ့ထက်တိုင် ဖြစ်ပွားနေဆဲဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံများစွာတို့တွင်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ပုံစံအမျိုးမျိုးဖြင့်ရှိခဲ့ပြီး အချိန်ကာလတစ်ခုတွင် တွေ့ဆုံဆွေးနွေးအဖြေရှာ၍ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေကြပြီ။ ပဋိပက္ခများအဆုံးသတ်ပြီး ငြိမ်းချမ်းရေးဖြစ်တည်လာခြင်းသည် တိုင်းပြည်အနာဂတ်ကို မြော်တွေး၍ ပြည်သူများ၏ဘဝအာမခံချက်ပေးမည်ဟူသည့် ခံယူချက်ကြောင့်ဖြစ်သည်။

နိုင်ငံတော်ရည်မှန်းချက်များ လက်တွေ့ဖော်ဆောင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်သည် နိုင်ငံတော်၏ ပကတိအခြေအနေများအပေါ်မူတည်၍ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားဖြစ်ထွန်းလာရေးကို ရှေးရှုချမှတ် ဖော်ဆောင်နေသော လုပ်ငန်းစဉ်များဖြစ်သည်။ နိုင်ငံကိုတာဝန်ယူဆောင်ရွက် နေသောကာလအတွင်း အစ၊ အလယ်၊ အဆုံးသုံးပါးစလုံးအတွက် မမှိတ်မသုန်ခံယူ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များဖြစ်သည်။

သတိထားရှောင်ရှားကာကွယ်ရမည့် တိရစ္ဆာန်များမှကူးသည့်ရောဂါ

သတ္တလောကကြီးတွင် လူနှင့်အတူ တိရစ္ဆာန်များနှင့် အခြားသက်ရှိဇီဝများလည်း အမြောက်အမြားရှင်သန်နေထိုင်ကြရာ လူနှင့်တိရစ္ဆာန်များအကြားတွင် ထင်မှတ်မထားဘဲ ပေါ်ထွက်လာသည့်ရောဂါအသစ်အဆန်းများက လူသားထုတစ်ရပ်လုံးကို မကြာခဏဆိုသလိုခြိမ်းခြောက်လျက်ရှိသည်။ ၂၁ ရာစုသို့အဝင် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ဖြစ်ပွားခဲ့သည့်အထိတ်တလန့်ဖြစ်ဖွယ်ရောဂါများ၏ ၇၅ ရာခိုင်နှုန်းမှာ တိရစ္ဆာန်မှလူသို့ကူးစက်သော ရောဂါများဖြစ်သည်။ ကမ္ဘာ့လူဦးရေတိုးပွားလာခြင်း၊ ကမ္ဘာတစ်ဝန်းသို့ လူနှင့်ကုန်စည်များ အမြောက်အမြား လျင်မြန်စွာကူးသန်းသွားလာနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းခြင်းနှင့် ရာသီဥတုပြောင်းလဲလာခြင်းတို့က တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သောရောဂါများ (Zoonosis)တို့ ပေါ်ထွက်လာရခြင်း၏ အခြေခံအကြောင်းရင်းများ ဖြစ်သည်ဟုဆိုသည်။

နိုင်ငံအကျိုးစီးပွားအလေးထားဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်နှစ်တာကာလ တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ ယာယီသမ္မတထံသို့ အစီရင်ခံစာတင်ပြခဲ့ပြီး အရေးပေါ်သက်တမ်းကာလကို ခြောက်လထပ်မံတိုးခဲ့ရာ တွေ့ရှိရသည့် ဝေဖန်မှုများ၊ တုံ့ပြန်ချက်များနှင့် လိုအင်ဆန္ဒများကို လေ့လာဆန်းစစ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၂/၂၀၂၃) တွင် အသိပေးပြောကြားခဲ့သည်။

ပြည်သူ၏ လိုလားချက်၊ ပြည်သူ့အသံနှင့် ပြည်သူကို ကိုယ်စားပြုသည့် ပါတီဖြစ်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်နှစ်တာကာလ တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ ယာယီသမ္မတထံသို့ အစီရင်ခံတင်ပြခဲ့ပြီး အ‌ရေးပေါ်သက်တမ်းကာလကို ခြောက်လ ထပ်မံတိုးခဲ့ရာ တွေ့ရှိရသည့်ဝေဖန်မှုများ၊ တုံ့ပြန်ချက်များနှင့် လိုအင်ဆန္ဒများကို လေ့လာဆန်းစစ်ခဲ့ကြောင်း၊ တွေ့ရှိချက်များအရ ရွေးကောက်ပွဲပြန်လည်ဆောင်ရွက်ပေးရန်၊ တည်ငြိမ်အေးချမ်းမှုရှိအောင်ဆောင်ရွက်ပေးရန်နှင့် ကုန်ဈေးနှုန်းကျဆင်းမှုရှိအောင် ဆောင်ရွက်ပေးရန်ဟူသည့် အချက်သုံးချက်သည် အဓိကဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၂/၂၀၂၃)သို့ တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတကာဆက်ဆံရေး ခိုင်မာအားကောင်းရေးကြိုးပမ်း

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးကာလကတည်းက ကမ္ဘာပေါ်ရှိနိုင်ငံအများနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနေထိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံအများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ချက်နှင့်အညီ ဆက်ဆံနေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံအပေါ် မည်သည့်သဘောထားမူဝါဒဖြင့်ဆက်ဆံစေကာမူ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရပ်တည်လျက်ရှိသည်။

ဘာသာတရား၊ ယဉ်ကျေးမှုနှင့် လက်ဆင့်ကမ်းတာဝန်ကျေပွန်ရေး

အာရှတိုက်သည် လူ့ယဉ်ကျေးမှုအစောဆုံးထွန်းကားခဲ့ရာဒေသဖြစ်ပြီး ခေတ်သစ်အနောက်တိုင်း အတွေးအခေါ်များ၏ မြစ်ဖျားခံရာဖြစ်‌သော ဂရိနှင့်ရောမယဉ်ကျေးမှုတို့၏အခြေပြုရာ နောက်ခံကားချပ်သည် အရှေ့တိုင်းယဉ်ကျေးမှုပင်ဖြစ်သည်ဟု သုတေသီတစ်ဦးကဆိုသည်။ ရှေးအကျဆုံးယဉ်ကျေးမှုများထွန်းကားခဲ့သည့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြားတွင် နှစ်နိုင်ငံစလုံးနှင့် ထိစပ်တည်ရှိနေသော မြန်မာနိုင်ငံသည် ၎င်းတို့ထက် နောက်ကျစေကာမူ ကိုယ်ပိုင်ယဉ်ကျေးမှုကို ထူထောင်ထားနိုင်ခဲ့သော နိုင်ငံဖြစ်သည်။

ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံမှုမှသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသို့ဦးတည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံခြားရေးမူဝါဒမှာ လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်အပေါ်တွင် အခြေခံ၍ ဆက်ဆံလျက်ရှိသည်။ အဆိုပါမူဝါဒကို အစဉ်အဆက် ဆက်လက်ကျင့်သုံးလျက်ရှိသည်။ မြန်မာနိုင်ငံသည် ရှေးကာလများကတည်းက နိုင်ငံများနှင့် ချစ်ခင်ရင်းနှီးစွာ ဆက်ဆံနေထိုင်လျက်ရှိရာ နိုင်ငံများ၏မူဝါဒများ မည်သို့ပင်ရှိသည်ဖြစ်စေ မိတ်ဝတ်မပျက်ဆက်ဆံနေထိုင်ခဲ့သည်။
Subscribe to အယ်ဒီတာ့အာဘော်