Skip to main content

သူရမင်းဒင် (သို့) သူရဘွဲ့ ရရှိခဲ့သူတစ်ဦး၏ တိုက်ပွဲဝင်မှတ်စု

၁၉၅၉ ခုနှစ်၊ မေလ ၁၅ ရက်နေ့။ ရှမ်းရိုးမမှာ နှင်းရည်ခန်းလို့ မိုးပန်း​တွေ ကျဆင်းတဲ့ ဝသန္တရာသီတွင်းကို ချင်းနင်းစအချိန် လင်းအရုဏ်မြူးကြွစကြည်နူးစရာ ဒီအချိန်မှာ မြူခိုးပန်းကို ဆင်မြန်းထားကြတဲ့ ရှမ်းရိုးမတောင်တန်းကြီး​တွေကို မပီဝိုးတဝါး မြင်နေရတဲ့အချိန် စစ်မြေတစ်နေရာမှာ လွမ်းမောဖွယ်ရှုခင်းတွေကို ကြည်နူးနေစဉ်မှာ သဲသဲမဲမဲပေါက်ကွဲသွားကြတဲ့ ၈၁ မီလီမီတာ စိန်ပြောင်းသံတွေကြောင့် နံနက်စောစော အိပ်မောကျနေတဲ့ ဝမ်တုံခေါ် မိုင်ဖုံးဒေသကလေးကို လှုပ်နှိုးလိုက်သလို ရှိတော့တယ်။
Subscribe to တိုက်ပွဲဝင်မှတ်စု