Skip to main content

ပူပင်သောကစုဝေးရာ အမှိုက်ပုံးများ မဖြစ်သင့်ပါ

ကိုဗစ်ဗိုင်းရပ်စ်ပြီးတော့ သတင်းဗိုင်းရပ်စ်က လာပြန်သည်။ ကမ္ဘာရော မြန်မာမှာပါ အတူတူပင်။ ကူးစက်နှုန်းက မခြားနား၊ မြန်လှသည်၊ ကိုဗစ်ဗိုင်းရပ်စ်က တစ်ကမ္ဘာလုံးကို တစ်မုဟုတ်ချင်း ကူးစက်သွားသလို သတင်းတု၊ သတင်းမှားကလည်း စက္ကန့်ပိုင်း ၊ မိနစ်ပိုင်းအတွင်း ပျံ့နှံ့သွားသည်သာ၊၊ ကိုဗစ်ပိုးက လူတွေ ကို ဆေးမမီ၊ ချက်ချင်း သေသည်အထိ ဒုက္ခပေးခဲ့သလို သတင်းတု၊ သတင်းမှား၊ လုပ်ကြံသတင်းဆိုသည်ကလည်း လူ့အဖွဲ့အစည်းကြီး ဖရိုဖရဲပြိုကွဲ ၊ သေကျေပျက်စီးသည်အထိ ဒုက္ခပေးသည်မှာ အတူတူပင်ဖြစ်သည်။ ကိုဗစ်တုန်းကလည်း လူတွေချောက်ချား၊ စိတ်ဆင်းရဲသောက ရောက်ကြရ၊ ယခုလို ဝါဒဖြန့်သတင်းတွေကြ တော့လည်း လူတွေပူပင်သောက မလုံခြုံဖြစ်ကြရပြန်သည်။
Subscribe to သတင်းတု