Skip to main content

ကမ္ဘာတည်သရွေ့ အမိမြေ ခိုင်ခိုင်မြဲရေး ကြိုးစားကြရမယ်

ရာသီအလိုက် ပန်းများဖူးပွင့်ရာ၊ စိမ်းလန်းသောတောင်တန်းများ တည်ရှိရာ၊ မြစ်ချောင်း အင်းအိုင်များ များစွာတည်ရှိရာ၊ သဘာဝသယံဇာတများကြွယ်ဝရာ အမိနိုင်ငံတော်ကြီးသည် အနှိုင်းမဲ့ပင်။ အမိမြန်မာနိုင်ငံသည် နိုင်ငံသားများ အေးချမ်းစွာရှင်သန်နေထိုင်နိုင်ရန် ပြည့်စုံစွာတည်ရှိနေသည်။ ကမ္ဘာတွင် မြန်မာတည်ရှိနေမှုကို လေ့လာသည့်အခါ ပထဝီအနေအထားအရ ကမ္ဘာကြီး၏ အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ပေါင်းကူးပေးထားသည့် အရှေ့တောင်အာရှတွင် မဟာဗျူဟာကျကျ တည်ရှိနေသည်။ ထို့အတူ အာရှတိုက်တောင်ပိုင်း အိန္ဒိယနှင့် အင်ဒိုချိုင်းနားကျွန်းဆွယ်အကြား၌လည်း တည်ရှိနေသည်။
Subscribe to ကမ္ဘာတည်သရွေ့ အမိမြေ ခိုင်ခိုင်မြဲရေး ကြိုးစားကြရမယ်