ကလေးဘဝရှေ့ဆောင် ရက် ၁၀၀၀
နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ တည်မှီနေပါတယ်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူသားတစ်ဦးချင်းစီရဲ့ အဦးအစ ကလေးဘဝဟာ အလွန်အရေးကြီးတဲ့ကာလ ဖြစ်ပါတယ်။ ကလေးဘဝ အရွယ် ကတည်းက ဘက်စုံဖွံ့ဖြိုးစေမယ့် အခြေခံကောင်းများ ရရှိအောင်ဆောင်ရွက်ပေးဖို့ အထူး လိုအပ်လှပါတယ်။