Skip to main content

Jun 06, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်အား ဇွန် ၂ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 06, 2023

စစ်တွေမြို့ရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၏ စာသင်ဆောင်များ ပြန်လည်ပြုပြင်နိုင်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အလှူငွေများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်ရှိ ရွှေစေတီကျောင်းတိုက်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 06, 2023

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနရုံးခွဲသို့သွားရောက်၍ မိုခါမုန်တိုင်းဒဏ်ကြောင့် ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ ပျက်စီးမှုအခြေအနေကိုကြည့်ရှုပြီး ဝန်ထမ်းများ နှင့်တွေ့ဆုံ၍ ရုံးလုပ်ငန်းများ အရှိန်အဟုန်မပြတ် စနစ်တကျ ဆောင်ရွက်ကြရေး မှာကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ကာ အားပေးစကား ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2023

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်မှုများကို အနီးကပ်ကြီးကြပ်ရန် စစ်တွေမြို့၌ ရောက်ရှိနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာသက်သက်ခိုင်၊ ဦးအောင်သော်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စိုးရအဖွဲ့ရုံး၌ ကျင်းပသည့် မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပန်းတနော်မြို့၌ တည်ဆောက်ပြီးစီးခဲ့သည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါအဆောက်အအုံရှေ့၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2023

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန ရခိုင် ပြည်နယ် စစ်တွေကလေးပြုစုရေးတွင် စောင့်ရှောက် ထားသည့် ကလေးသူငယ် ၁၃ ဦးကို မေ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းဒဏ်ကြောင့် စိတ်ပိုင်း ဆိုင်ရာလုံခြုံမှုရှိစေရေး အတွက် နေပြည်တော်ကလေး ပြုစုရေးသို့ ပြောင်းရွှေ့စောင့်ရှောက်နိုင်ရန် စီစဉ် ဆောင်ရွက်လျ က်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2023

အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အမျိုးသား ပြတိုက်(နေပြည်တော်) ရှိ Mini Theatre ၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2023

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီး မင်္ဂလာဒုံမြို့နယ်ရှိ Authentic Production Co., Ltd. ၏ HDPE (High Density Polyethylene) ပိုက်စက်ရုံနှင့် ထောက်ကြန့်ရှိ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၏ အသုံးချသုတေသနဌာန (ထောက်ကြန့်) ဓာတ်ခွဲခန်းနှင့် ရေနံရှာဖွေရေး အသုံးချသုတေသနဌာနလုပ်ငန်းများသို့ သွားရောက် ကြည့်ရှုစစ် ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုဖြူမြို့နယ်၊ ဇလွန်မြို့နယ်နှင့် ဟင်္သာတခရိုင်ရုံးတို့ကို သွားရောက်ကြည့်ရှုစစ်ဆေး၍ ပြန်ကြားရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုဖြူမြို့နယ်ရုံး ၊ ဇလွန်မြို့နယ်ရုံးနှင့် ဟင်္သာတခရိုင်ရုံးတို့သို့ ရောက်ရှိ၍ ဝန်ထမ်းများနှင့် တွေ့ဆုံ ကာ ၎င်းတို့၏ လိုအပ်ချက်များအား မေးမြန်းဖြည့်ဆည်းပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2023

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြား မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ဇွန် ၂ ရက်က ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်မြို့ Hotel Grand Jade အစည်းအဝေးခန်းမ၌ မြိတ်ခရိုင် ခရီးစဉ်ဒေသအတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကအသင်းဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ဆက်နွှယ်လုပ်ကိုင် ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များနှင့် ဒေသခံများကို တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့အတွင်း စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်နေမှု၊ ဆိပ်ကမ်းများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေး ပစ္စည်းများ တင်ချနေမှု၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေး ကုသပေးနေမှုနှင့် မုန်တိုင်း ဒဏ်သင့်ပြည်သူများအား ဆန်များ ထောက်ပံ့ဖြန့်ခွဲ ပေးနေမှုအခြေအနေ များကို လှည့်လည် ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2023

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် တောကြီးစာဖြူစုကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲ တွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့ တက်ရောက်၍ ဖွင့်လှစ်ပေးကြသည်။ ရှေးဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အလှူရှင်များက ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့တွင် သက်တော် (၇၉)နှစ်ပြည့် မွေးနေ့အလှူမင်္ဂလာ ကျင်းပသည့် အလိုတော်ပြည့် ဆရာတော်ကြီးအား ဖူးမြော်ပြီး အမျိုးသားစာပေဆုစိစစ်ရွေးချယ် ရေးကော်မတီနှင့် စာပေဗိမာန်စာမူဆု ရွေးချယ်ရေးအဖွဲ့တို့မှ စာပေပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးကာ ညပိုင်းတွင် မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများ အတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်ပူးပေါင်းတင်ဆက်သည့် ရန်ပုံငွေပဒေသာဖျော်ဖြေပွဲသို့ တက်ရောက် ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 02, 2023

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင် ဖွင့်လှစ်နေမှု အခြေအနေ၊ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု ကို လှည့်လည်ကြည့်ရှု အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 02, 2023

ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေသုတေသနအဖွဲ့၏ စာတမ်းဖတ်ပွဲအခမ်းအနားကို မေ ၃၁ ရက် မွန်းလွဲပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 02, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်မှုနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေမှုတို့ကို လိုက်လံကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 02, 2023

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး H.E. Mr. J.M.J.P Bandara အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2023

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်၍ သက်ဆိုင်ရာအတန်းအလိုက်သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2023

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် MNDAA ၊ TNLA ၊ AA ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားမြို့၊ အရှေ့တိုင်းဧည့်ရိပ်မွန်ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2023

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်သည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ယာယီအကြီးအကဲ Ms. Danielle Parry ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။

ဆက်လက်ဖတ်ရှုရန်