Oct 30, 2022
၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုငွေ၊ ဝန်ထမ်းဝတ်စုံများ ပေးအပ်ချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
Oct 30, 2022
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲမြို့ အရှေ့မြောက်ဘက်ရှိ သူဌေးရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
Oct 29, 2022
(၂၇) ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် အာဆီယံ+၃ အလုပ်သမားဝန်ကြီးများ အစည်းအဝေးများကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ အလုပ်သမားနှင့် အလုပ်အကိုင်ဆိုင်ရာဌာနမှ အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ မြန်မာနိုင်ငံမှ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Oct 29, 2022
နိုင်ငံတွင်းနေထိုင်သူ အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့် ရသူ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် PR ဖြင့် ခွင့်ပြုထားသူ၊ အမြဲနေအခွန်ဆောင်နိုင်ငံခြားသားများ စသည်တို့၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီးဂဏန်း ၁၀ လုံး ပါသည့် Unique ID နံပါတ်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။
Oct 29, 2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် အာဆီယံ-ဂျပန် ဗဟိုဌာန၏အထောက်အပံ့ဖြင့် NationalActivity Project- 2022 ကိုအကောင်အထည်ဖော်သည့်အနေဖြင့် ဂျပန်ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသူများအတွက် အရည်အသွေးမြှင့်တင်ရေး အသိပညာပေးဆွေးနွေးပွဲကို အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက် အထိ နေပြည်တော် ရွှေစံအိမ်ဟိုတယ်၌ကျင်းပရာ အဆိုပါ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
Oct 29, 2022
စားသုံးဆီများသန့်စင်သည့် နည်းပညာများပံ့ပိုးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 29, 2022
မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီရွေးချယ်ဖွဲ့စည်းနိုင်ရေးအတွက် ဟိန္ဒူမျိုးနွယ်စုအသီးသီးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ရုံးအမှတ်(၃၁) သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ (အပေါ်ထပ်)၌ ကျင်းပသည်။
Oct 29, 2022
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ၊ အမှုဆောင်အဖွဲ့ဝင်တို့၏ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)ရှိ အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 28, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာ သုံးဆောင်ပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
Oct 27, 2022
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
Oct 26, 2022
နိုင်ငံတော်ကချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ နောက်ဆုံးလုပ်ငန်းစဉ်ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် အဓိကကျသည့်လုပ်ငန်းတစ်ရပ်မှာ မှန်ကန်သောမဲစာရင်းများပြုစုပြီး မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်းလွတ်လပ်ပြီးတရားမျှတစွာ ဆန္ဒမဲပေးနိုင်ရေးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။
Oct 26, 2022
(၄၄)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေး၊ (၂၂)ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် (၇)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးကို ယနေ့နံနက်(၈)နာရီခွဲတွင် အလှည့်ကျဥက္ကဋ္ဌဖြစ်သော လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် Virtual Conferencing စနစ်ဖြင့် ကျင်းပသည်။
Oct 26, 2022
ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားလာရေးနှင့် ကျေးလက်စီးပွားရေး မြင့်မားလာစေရေးအတွက် SMART Village စီမံကိန်းကို ယခုနှစ်တွင် မြို့နယ်(၄၂)မြို့နယ်ရှိ ကျေးရွာ(၄၄)ရွာ၌ တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။
Oct 26, 2022
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (အရာထမ်း)သင်တန်းအမှတ်စဉ် (၁/၂၀၂၂)အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Oct 26, 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)က တာဝန်ယူကျင်းပမည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတစ်ခုဖြစ်သည့် National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်းအောင်မြင်စွာကျင်းပနိုင်ရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 26, 2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် ကလောမြို့သို့ရောက်ရှိကာ ကလောမြို့ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းအသင်းအဖွဲ့များ၊ ဟိုတယ်လုပ်ငန်းရှင်များအား တွေ့ဆုံသည်။
Oct 26, 2022
လာမည့်ပညာသင်နှစ်တွင် KG+12 ပညာရေးစနစ်၏ နောက်ဆုံးအတန်းဖြစ်သော Grade-12 ကို ဖွင့်လှစ်သင်ကြားတော့မည်ဖြစ်၍ စာသင်ခန်းလိုအပ်ချက်နှင့် အခြားလိုအပ်ချက်များကို တွက်ချက်၍ စာရင်းပြုစုတင်ပြပေးကြရမည်ဖြစ်ပါကြောင်း၊ ခရိုင် ၅၀ တွင် စက်မှု-စိုက်ပျိုး-မွေးမြူရေးအထက်တန်းကျောင်း ၅၀ ကို ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ထိုကျောင်းများတွင် KG+12 ပညာရေးစနစ်ကို သင်ကြားမည်ဖြစ်သော်လည်း Grade-9 အောင်မြင်ပြီးသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုစသည်ဖြင့် မိမိတို့ဝါသနာပါရာကို အထူးပြုတက်ရောက်သင်ကြားနိုင်မည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။
Oct 26, 2022
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သတ်မှတ်ချက်များအား ဥပဒေနှင့်အညီ တစ်ပြေးညီဖြစ်စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 26, 2022
မှတ်တမ်းဗီဒီယို ရိုက်ကူးတည်းဖြတ်ခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ သတင်းရေးသားခြင်းဆိုင်ရာ သင်တန်းအမှတ်စဉ် (၂) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ၊ နည်းပြများ၊ ဝန်ကြီးဌာနများမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
Oct 25, 2022
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အကျိုးရှိထိရောက်စွာ ဖော်ထုတ်အသုံးချနိုင်ရေး စီမံဆောင်ရွက်ပေးနေမှုအပေါ် အသုံးပြုခွင့်ရရှိထားသူများအနေဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ရောင်းချခြင်း၊ အငှားချထားခြင်း၊ အခြားနည်းဖြင့် လွှဲပြောင်းခြင်း သို့မဟုတ် ခွဲစိတ်ခြင်းမပြုရန် ဥပဒေပြဋ္ဌာန်းထားရှိမှုအပေါ် တိကျစွာလိုက်နာ ဆောင်ရွက်ရေးနှင့် မြေခွန်များကို သတ်မှတ်ကာလအတွင်း အပြေအကြေကောက်ခံရရှိရေးတို့အတွက် တာဝန်ရှိသူ အဆင့်ဆင့်တို့က စနစ်တကျကြပ်မတ်ရန်လိုကြောင်း ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။
