Mar 31, 2022
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ကာ နိုင်ငံ တကာမှခရီးသည်များ အဓိက ဝင်/ ထွက်ပေါက်ဖြစ်သည့် နိုင်ငံတကာဆိုက်ရောက် (International Arrival) အဆောက်အဦနှင့် ပြည်တွင်းဆိုက်ရောက် (Domestic Arrival) အဆောက်အဦအတွင်း ဝန်ကြီးဌာနမှ ခရီးသွားဧည့်သည်များအတွက် ဖွင့်လှစ်ထားသော သတင်းနှင့် ပြန်ကြားရေးကောင်တာ (Tourist Information Counter) များကို စစ်ဆေးကြည့်ရှုသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 31, 2022
၂၀၂၂ ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားသည့် ကမ္ဘောဒီးယားနိုင်ငံမှ ကြီးမှူး၍ (၂၇) ကြိမ် မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ (ASCC) ဝန်ကြီးများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 31, 2022
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်ပါမောက္ခချုပ် များ၊ ဆရာအတတ် ပညာဦးစီး ဌာနရှိ ပညာရေးဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီးများ၊ အခြေခံပညာဦးစီး ဌာနရှိ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံပွဲကို ယနေ့ ညနေပိုင်းက နေပြည်တော် ပညာရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 31, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်သည် ယနေ့ နံနက်ပိုင်းတွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ Hybrid စနစ်ဖြင့် ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော် မှ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 31, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည်ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 29, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၌ Hybrid စနစ်ဖြင့် ကျင်းပသည့် (၁၈)ကြိမ်မြောက် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။

Mar 26, 2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံနှင့် ဥရောပ အာရှစီးပွားရေး သမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရန် အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်မှုများကို ဆွေးနွေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကိုယ်စားလှယ်များအနက် Mr. Vitaly MALIEV, Vice President, Russia Association for Friendship & Cooperation with Myanmar ဦးဆောင်သော အဖွဲ့ဝင် (၁၄) ဦးပါ ဥရောပအာရှ စီးပွားရေးကော်မရှင်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 26, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဥရောပအာရှစီးပွားရေး ကော်မရှင်၏ ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 26, 2022
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက် ရေးအဖွဲ့ (၁၃)မှ တာဝန်ယူတည်ဆောက်ပြီးစီးသည့် တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ဘုတ်ပြင်း-အုန်းတော ကမ်းလမ်းပေါ်ရှိ အရှည်ပေ ၁၂၀၀ ဘုတ်ပြင်း-အုန်းတောကမ်းတံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတံတားရှိ မင်္ဂလာမဏ္ဍပ်၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

Mar 25, 2022
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် ရုရှား-မြန်မာ ချစ်ကြည်ရေးအဖွဲ့အား နေပြည်တော် ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 25, 2022
၇၇ နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မိတ္ထီလာမြို့နယ် စည်ပင်သာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မြို့ရေ ပေးရေးစီမံကိန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မိတ္ထီလာမြို့ ရေပေးရေးစီမံကိန်း Water Treatment Plant နေရာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 25, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းသည် ယနေ့မွန်းလွဲ ၁ နာရီ က မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂတို့အကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်ရေးအတွက် ဥရောပအာရှစီးပွားရေးကော်မရှင်၊ အကြီးစား စီးပွားရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအတွင်းရေးမှူးချုပ်ရုံးမှ အကြီးအကဲ Mr. Andrey DIANSKY ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 24, 2022
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄)မှ တာဝန်ယူ တည်ဆောက် ပြီးစီးသည့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် တနင်္သာရီ မောတောင်လမ်းပေါ်ရှိ အရှည်ပေ ၇၈၇ ပေ ၊ ဗောဓိကမ်း တံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါတံတားရှိ မင်္ဂလာမဏ္ဍပ်၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 24, 2022
မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)တို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု မြှင့်တင်ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ နှစ်ဖက်အစိုးရအဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များပါဝင်သော ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့က ဦးဆောင် ၍ နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 24, 2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့ ညနေပိုင်းတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျင်းပသော “ဆီးနှင်းနှင့် တောင်တန်းဒေသခရီးသွားလုပ်ငန်းဆိုင်ရာ (၁၁) ကြိမ်မြောက် ကမ္ဘာ့ ညီလာခံ” သို့ ဝန်ကြီးဌာန၊ နီလာခန်းမမှ Virtual စနစ်ဖြင့် တက်ရောက်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့ မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ်၊ ရန်အောင်မြေကြိုးဝိုင်း၊ အကွက် အမှတ်(၁၃)ရှိ ၂၀၂၂ ခုနှစ်၊ မိုးအကြို လူထုလှုပ်ရှားမှုဖြင့် သစ်ပင်စိုက်ပျိုးမည့် မြေနေရာ (၆ ဒသမ ၈) ဧကကို ကြည့်ရှုစစ်ဆေးရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများက ပန္နက်စိုက်ထူပြီးစီးမှု၊ ကျင်းတူးခြင်း၊ နွားချေး၊ မြေဆွေးထည့်ခြင်း၊ ကျင်းဖို့ခြင်း ဆောင်ရွက်မည့် အစီအမံများ၊ မြေပြိုရေတိုက်စားနိုင်သည့် နေရာများတွင် ဗာတီဗာမြက် စိုက်ပျိုးမည့်အခြေအနေ၊ ကွန်တိုကန်သင်းအလိုက် သရုပ်ပြစိုက်ပျိုးမည့် အစီအစဉ်၊ ကျောက်စီ နှုန်းထိန်းတမံ ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်