Apr 23, 2025
ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်တို့နှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပျဉ်းမနား ဘူတာယာဒ်ဝင်းနှင့် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနေရာများ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြင်ဆင်မွမ်းမံနေသည့် လုပ်ငန်းခွင်နေရာများကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 21, 2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော် ရုံးအမှတ် (၁၉) ဝင်းအတွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော မြေသားလမ်းနှင့် မြေထိန်းနံရံအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 21, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 21, 2025
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော် - ရန်ကုန်အပိုင်း) တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများအား ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် ပြန်လည်ပြုပြင်ဆောင်ရွက်နေသည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 21, 2025
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 21, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနရုံး မြေဧရိယာအတွင်း၌ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းမိသားစုများ နေထိုင်ရန်အတွက် ယာယီတဲများ ဆောက်လုပ်ပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 21, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် ယနေ့နံနက်ပိုင်းက မိတ္ထီလာမြို့ရှိ နည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 20, 2025
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိ ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် ဝန်ထမ်းများနှင့် မိသားစုဝင်များ နေထိုင်နိုင်ရန်အတွက် ဝန်ကြီးဌာနရုံးအနီးတွင် နှစ်ခန်းတွဲဘာရှာအဆောက်အအုံများ ဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်ထားသည့် မြေနေရာသို့ သွားရောက်ကာ နှစ်ခန်းတွဲဘာရှာအဆောက်အအုံများ တည်ဆောက်ရန် နေရာချထားမှုများ၊ မြေညှိခြင်း ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 20, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပိုင် မြေနေရာ၌ သမဝါယမဦးစီးဌာနမှ ငလျင်ဒဏ်သင့်ဝန်ထမ်း ၈၀ နှင့် မိသားစုများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်း ၆၀ နှင့် မိသားစုများ ယာယီနေထိုင်နိုင်ရန် နှစ်ခန်းတွဲအိမ်ရာများ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား မေလပထမပတ်အတွင်း ပြီးစီးအောင် တည်ဆောက်ကြရန်၊ ရေ၊ မီးရရှိရေးနှင့် မိလ္လာစနစ်ကောင်းမွန်စေရန် မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 19, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယာယီဝန်ထမ်းအိမ်ရာ ဘာရှာတည်ဆောက်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ယနေ့နံနက်က ရုံးအမှတ် (၃၁) ၌ ညှိနှိုင်းဆွေးနွေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 19, 2025
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီများဖက်ဒရေးရှင်း (IFRC) အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Nadia Khoury နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာ မျိုးညွန့်တို့အား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ယာယီရုံးတွင် လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 19, 2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ငလျင်ဒဏ်သင့်ဝန်ထမ်းမိသားစုများ ရွှေ့ပြောင်းနေထိုင်ရန်အတွက် ယာယီအဆောက်အအုံများ တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် ဝန်ထမ်းမိသားစုများ ရွှေ့ပြောင်းနေထိုင်မှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 17, 2025
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မတ် ၂၈ ရက်၌ လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆာက်အအုံများကို သက်ဆိုင်ရာဌာနများမှ ကျွမ်းကျင်ပညာရှင်များက စစ်ဆေးအတည်ပြုပြီး လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာများအား တတိယအကြိမ် လိုက်လံကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 17, 2025
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးဌာနအဆင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ယင်းဝန်ကြီးဌာန ရုံးအမှတ် (၃၃) ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 17, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မှီခိုမိသားစုများအား ယာယီနေထိုင်နိုင်ရန်အတွက် ဥတ္တရသီရိမြို့နယ် နေပြည်တော်ဗဟိုသင်တန်းကျောင်းတွင် ဝန်ထမ်းနှင့် မှီခိုမိသားစုဦးရေ စုစုပေါင်း ၁၀၆၉ ဦးအားလည်းကောင်း၊ ပေါင်းလောင်းရေအားလျှပ်စစ် အမှတ် (၁) တည်ဆောက်ရေးဝင်းတွင် ဝန်ထမ်းနှင့် မှီခိုမိသားစုဦးရေစုစုပေါင်း ၄၀၅ ဦးအားလည်းကောင်း ယာယီစုစည်း၍ နေရာချထားဆောင်ရွက်ပေးလျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ အလှူရှင်များ လာရောက်လှူဒါန်းသည့် ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းရွက်ဖျင်တဲများကို လက်ခံပြီး ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် မှီခိုမိသားစုများ ယာယီနေထိုင်နိုင်ရန်ရွက်ဖျင်တဲများ အမြန်တပ်ဆင်တည်ဆောက်နေမှု၊ သင်တန်းဆောင်အဆောက်အအုံခန်းမအတွင်း အခန်းများဖွဲ့စည်း၍ နေရာချထားမှုနှင့် Modular House များ တည်ဆောက်နိုင်ရန် မြေနေရာပြုပြင်ဆောင်ရွက်နေမှု၊ ပေါင်းလောင်းရေအားလျှပ်စစ် အမှတ် (၁) တည်ဆောက်ရေးဝင်းနှင့် နေပြည်တော်ပင်မဓာတ်အားခွဲရုံ (၂) တို့တွင် နေရာချထားနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 17, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၁၅ ရက် နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပိုင်မြေနေရာ၌ သမဝါယမဦးစီးဌာနမှ ငလျင်ဒဏ်သင့် အမှုထမ်း ၆၀ နှင့် မိသားစုများ ယာယီနေထိုင်နိုင်ရန် လေးခန်းတွဲတစ်ထပ် အိမ်ရာ အလုံး ၂၀၊ အရာထမ်း ၂၀ နှင့် မိသားစုများ ယာယီနေထိုင်နိုင်ရန် နှစ်ခန်းတွဲ တစ်ထပ်အိမ်ရာ အလုံး ၂၀ တည်ဆောက်မည့်နေရာကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အမှုထမ်း ၂၈ ဦးနှင့် မိသားစုများ ယာယီနေထိုင်နိုင်ရန် လေးခန်းတွဲတစ်ထပ်အိမ်ရာ ခုနစ်လုံး၊ အရာ ထမ်း ၃၂ ဦးနှင့် မိသားစုများ ယာယီနေထိုင်နိုင်ရန် နှစ်ခန်းတွဲ တစ်ထပ်အိမ်ရာ ၁၆ လုံး တည်ဆောက်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား မေလပထမပတ်အတွင်း ပြီးစီးအောင်တည်ဆောက်ကြရန်မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 17, 2025
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းပျက်စီးခဲ့သည့် ရုံးအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာ အဆောက်အအုံများဘေးအန္တရာယ်ကင်းရှင်းမှု စစ်ဆေးခြင်းနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေတို့ကို ဧပြီ ၁၆ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 17, 2025
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ ဒုတိယရဲချုပ် (၁) ရဲဗိုလ်ချုပ် တင်ကိုကိုနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဝန်ကြီးရုံး၊ တပ်ဖွဲ့၊ ဦးစီးဌာနများမှ ငလျင်ဒဏ်သင့်ဝန်ထမ်းနှင့် မိသားစုဝင်များ ပြောင်းရွှေ့နေထိုင်နိုင်ရေး ယာယီဘာရှာအဆောက်အအုံများ ဆောက်လုပ်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 15, 2025
နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ရေအေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်များဖြင့် ယနေ့သင်္ကြန်(အကျ)နေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားတောင်ညိုလမ်းပေါ်ရှိ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံဧရိယာအတွင်းကျင်းပ လျက်ရှိရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်အားပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 12, 2025
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လမ်းလျှောက်သင်္ကြန်ကျင်းပမည့် ဧရိယာအတွင်း ရေအေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ် တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ယခုနှစ် နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်အား UNESCO ၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရသည်ကို အသိအမှတ်ပြုသည့်အနေဖြင့် ဂုဏ်ပြုကျင်းပမည်ဖြစ်ပြီး ကဏ္ဍများအနေဖြင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အား လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ်ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုကို ဂုဏ်ပြုသောအားဖြင့် သနပ်ခါးလိမ်းသည့် သရုပ်ဖော်ခြင်း၊ သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်း လှီးဖြတ်ပေးခြင်း၊ နေ့စဉ် နံနက် / ညနေ စတုဒိသာအဖြစ် သင်္ကြန်ထမင်း၊ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ ဆနွင်းမကင်း၊ ကျောက်ကျောဖျော်ရည်၊ မုန့်လက်ဆောင်း၊ ရွှေကြည်၊ သာဂူကျို၊ အုန်းနို့ကျောက်ကျောစသည်တို့ ကျွေးမွေးခြင်း၊ မြန်မာ့ရိုးရာသင်္ကြန် အစဉ်အလာနှင့်အညီ သပြေခက်ဖြင့် ရေပက်ကစားခြင်းကဏ္ဍများသာ ပါဝင်မည်ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
