ရန်ကုန်တိုင်းဒေသကြီး

ကြည့်မြင်တိုင်မြို့နယ်၌ ပြည်သူများမဲစာရင်းမကျန်ရှိစေရေး တာဝန်ရှိသူများ (Door to Door) ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင်ပါဝင်နိုင်စေရေး၊ အချက်အလက်များ ပြည်စုံမှန်ကန်စေရေးတို့အတွက် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်း (Door to Door) လိုက်လံကွင်းဆင်း  ဆောင်ရွက်ခြင်းကို ကြည့်မြင်တိုင်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်‌စေ‌ရေးအတွက် ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေငြာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုမှုအပြင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့များက နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်း၊ နေ့စဉ်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက်ကြကြောင်း သိရသည်။

လှိုင်မြို့နယ်စာရေးဆရာအသင်းက စီစဉ်ကျင်းပသော (၈)ကြိမ်မြောက် “လှိုင်စာပေဆု” ဆုပေးပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်စာရေးဆရာအသင်းက စီစဉ်ကျင်းပသော(၈)ကြိမ်မြောက် “လှိုင်စာပေဆု”ဆုပေးပွဲအခမ်းအနားကို လှိုင်မြို့နယ်၊ ဘူတာရုံလမ်း၊ ပုညသီရိ အောင်ချမ်းသာကျောင်း၌ ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ် ဦးသန့် နေအိမ်ပြတိုက်အား သန့်ရှင်းရေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရှေးဟောင်းအဆောက်အဦးနှင့် ခြံဝန်းအတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတို့ ပူးပေါင်းစီမံမှုဖြင့် အမှတ် (၁၀)ရပ်ကွက်၊ ဦးသန့်လမ်းရှိ ဦးသန့်နေအိမ်ပြတိုက်တွင် စနေနေ့က အထူးသန့်ရှင်းရေး ဆောင်ရွက်ခဲ့ပါသည်။

အင်းစိန်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုနှင့် လူငယ်စကားဝိုင်း၊ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်‌ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်းနှင့်ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲစာရင်းမကျန်ရှိစေရေး တာဝန်ရှိသူများ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်

 ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၅ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်နှင့်ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်စေရေး၊ အချက်အလက်များ ပြည်စုံမှန်ကန်စေရေးနှင့်ဆန္ဒမဲ‌ပေးပိုင်ခွင့်မဆုံးရှုံး‌စေရေးတို့အတွက် နိုဝင်ဘာ၂၈ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာများအတွင်းအဖွဲ့များခွဲ၍ သက်ဆိုင်ရာ တာ၀န်ရှိသူများက တစ်အိမ်တက်ဆင်း လိုက်လံ၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ပုဇွန်တောင်မြို့နယ်တွင် မဲစာရင်း မှန်ကန်မှုရှိစေရေး အစည်းအဝေးကျင်းပ

 ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုဝင်ဘာ ၂၇ ရက်နေ့ နေ့လယ်  ၂ နာရီက အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

စမ်းချောင်းမြို့နယ်တွင် ပြည်သူများမဲစာရင်းကျန်ရှိမှုမရှိစေရေး မြေပြင်ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မြို့နယ်တွင် ၂၀၂၅ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်ပုံစံနှင့်ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်ရေးနှင့် အချက်အလက်များ ပြည်စုံမှန်ကန်မှုရှိစေရေးတို့အတွက် နို၀င်ဘာ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ၌ စမ်းချောင်းမြို့နယ် ရပ်ကွက်(၁၈) ရပ်ကွက်အတွင်း သက်ဆိုင်ရာတာ၀န်ရှိသူများက  တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်း  ဆောင်ရွက်လျက်ရှိသည်။

စမ်းချောင်းမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မဲစာရင်းစိစစ်ရေးအဖွဲ့များတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာန၊  အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

စမ်းချောင်းမြို့နယ်တွင် ပြည်သူများမဲစာရင်း ကျန်ရှိမှုမရှိစေရေး မြေပြင်ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မြို့နယ်တွင် ၂၀၂၅ ပြည့်နှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်ပုံစံနှင့်ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်ရေးနှင့် အချက်အလက်များ ပြည်စုံမှန်ကန်မှုရှိစေရေးတို့အတွက် ယမန်နေ့မွန်းလွဲ (၂) နာရီ၌ စမ်းချောင်းမြို့နယ် ရပ်ကွက် (၁၈) ရပ်ကွက်အတွင်း သက်ဆိုင်ရာတာ၀န်ရှိသူများက တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး