ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် Mobile Training Bus ဖြင့် အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်

အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးခြင်းကို ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အလုပ်ရုံနှင့်အလုပ်သမားဥပ‌ဒေစစ်ဆေးရေးဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးက စက်ရုံများအရောက်  Mobile Training bus ဖြင့် ယမန်နေ့နံနက် ၁၀ နာရီမှ စတင်ကာ စက်ရုံ(၄)ရုံတွင် ကွင်းဆင်းလှည့်လည်ကာ အသိပညာပေးဆွေးနွေးကြောင်းသတင်းရရှိသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ မျက်စိဝေဒနာရှင်များအား ဗဟန်းအမျိုးသမီးဆေးရုံကြီးမှ မျက်စိအထူးအကုဆရာဝန်ကြီးများက  ကွင်းဆင်းဆေးကုသမှုဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ ဗဟန်းအမျိုးသမီးဆေးရုံကြီးတို့ ပူးပေါင်းဆောင်ရွက်သည့် “မရှိ၍မလင်းသူ မရှိစေရ” အစီအစဉ်ဖြင့် မျက်စိဝေဒနာရှင်များအား ကွင်းဆင်းကုသ‌ပေးခြင်းကို မြို့နယ်‌ပြည်သူ့ဆေးရုံ၌ နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

အလုံမြို့နယ်၌ တက္ကသိုလ်၊ ကောလိပ်နှင့် ဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေး

အလုံခရိုင်၊ အလုံမြို့နယ်၌ တက္ကသိုလ်၊ ကောလိပ်နှင့် ဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ ၁၈ ရက် နံနက် ၉:၀၀ နာရီက အလုံခန်းမ၌ ကျင်းပခဲ့သည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် Community Centre ခန်းမ၌  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီ၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် စာဖတ်ရှိန်မြှင့်တင်‌ရေး အသိပညာပေးဟောပြောပွဲ၊ပြပွဲ၊ပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။   

ဒဂုံမြို့နယ်တွင် အစားအသောက်နှင့်ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်မီရေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ယနေ့နံနက်ပိုင်းက အစားအသောက်နှင့်ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်မီရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၌ မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (fire safety certificate) (FSC) သက်တမ်းတိုး ဆောင်ရွက်ပေး

ကျောက်တန်းမြို့နယ်၊ သီလဝါဆိပ်ကမ်း၊ မြေကွက်အမှတ် ၅၊ ၆၊ ၇၊ ၈၊ ၉ ရှိ Myanmar International Terminals Thilawa (MITT) Steel Structure (၁) ထပ်၊ (၂) လုံး Waerhouse - 1 & Waerhouse - 2 အဆောက်အဦအား မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (Fire Safety Certificate) (FSC) သက်တမ်းတိုး ဆောင်ရွက်ခြင်းကို ယနေ့ ၉ နာရီက ဆောင်ရွက်ပေးခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ်၌ မဲရုံးမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန် မြို့နယ်အဆင့် သင်တန်းဒုတိယနေ့ ဆက်လက်ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၂၈ ရက်နေ့တွင်စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန်အတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်မြို့နယ့်အဆင့် သင်တန်းကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း စကားဖြူခန်းမ၌ ဖွင့်လှစ်လျက်ရှိရာ သက်တန်းဒုတိယနေ့အဖြစ် ယမန်နေ့ နံနက် ၉ နာရီမှ စတင်သင်ကြာပေးလျက်ရှိကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်၌ မဲရုံးမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန် မြို့နယ်အဆင့်သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့၀င်များ လုပ်ငန်းလမ်းညွှန် မြို့နယ်အဆင့်သင်တန်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က လင်းလွန်း(တောင်)ရပ်ကွက်၊ ဗဟိုလမ်း အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အလုံမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်

အလုံမြို့နယ် သစ်တောရပ်ကွက်၊ ကမ်းနား လမ်း၊ အ.ထ.က (၇) ကျောင်း၊ သဇင်ခန်းမ၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ မြို့နယ်အဆင့်နည်းပြသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်ခန့်က ကျင်းပသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး