ရန်ကုန်တိုင်းဒေသကြီး

မျှတူမျှအဖွဲ့၏ ကျန်းမာရေးစရိတ် ရန်ပုံငွေအားဖြည့်လှူဒါန်းပွဲ ရန်ကုန်မြို့ M3 တွင်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ M3 စားသောက်ဆိုင်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကဗျာဆရာကြီးများ၊ စာရေးဆရာကြီးများ၊ သတင်းစာဆရာကြီးများ၊ အယ်ဒီတာများ၊ ကာတွန်းဆရာကြီးများ၊ သရုပ်ဖော်ပန်းချီဆရာကြီးများ၊ အနုပညာနယ်ပယ် အသီးသီးနှင့် စာပေသမားအသီးသီးတို့၏ ကျန်းမာရေးစရိတ်များကို ဝိုင်းဝန်း ကူညီထောက်ပံ့နေသည့် “မျှတူမျှအဖွဲ့” ၏ ရန်ပုံငွေအားဖြည့်လှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန် မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန် မြို့နယ်အဆင့် သင်တန်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ် (၄)အခြေခံပညာ အထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ ဖွင့်လှစ်ပို့ချပေးခဲ့သည်။

သန်လျင်မြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲကျင်းပ

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သန်လျင်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးက ပြုလုပ်သော အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်တန်းမြို့နယ်၌ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ကျောက်တန်းမြို့နယ်၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ၌ ကျောက်တန်းမြို့နယ်၊ ရွှေမှော်ဝန်းသာသနာ့ဗိမာန်၌ ကျင်းပခဲ့သည်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်သင်တန်း မြို့နယ်အဆင့်ဖွင့်လှစ်

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ၂၅ ရပ်ကွက် ပုလဲရတနာလမ်းရှိ မြို့နယ်အားကစားခန်းမ၌ ဖွင့်လှစ်ကြောင်း သိရသည်။

ဇိနမာရ်အောင်စေတီတော် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ ဝိမုတ္တိရသဓမ္မာရုံသို့ ပင့်ဆောင်ပူဇော်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ကျက်သရေဆောင် ဇိနမာရ်အောင်စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကြီးမှူး၍စတုတ္ထအကြိမ်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် စေတီတော်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ ပင့်ဆောင်ပူဇော်ခြင်းကို နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီက အဆိုပါစေတီတော်၌ ကျင်းပပြုလုပ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် Mobile Training Bus ဖြင့် အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်

အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးခြင်းကို ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အလုပ်ရုံနှင့်အလုပ်သမားဥပ‌ဒေစစ်ဆေးရေးဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးက စက်ရုံများအရောက်  Mobile Training bus ဖြင့် ယမန်နေ့နံနက် ၁၀ နာရီမှ စတင်ကာ စက်ရုံ(၄)ရုံတွင် ကွင်းဆင်းလှည့်လည်ကာ အသိပညာပေးဆွေးနွေးကြောင်းသတင်းရရှိသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ မျက်စိဝေဒနာရှင်များအား ဗဟန်းအမျိုးသမီးဆေးရုံကြီးမှ မျက်စိအထူးအကုဆရာဝန်ကြီးများက  ကွင်းဆင်းဆေးကုသမှုဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ ဗဟန်းအမျိုးသမီးဆေးရုံကြီးတို့ ပူးပေါင်းဆောင်ရွက်သည့် “မရှိ၍မလင်းသူ မရှိစေရ” အစီအစဉ်ဖြင့် မျက်စိဝေဒနာရှင်များအား ကွင်းဆင်းကုသ‌ပေးခြင်းကို မြို့နယ်‌ပြည်သူ့ဆေးရုံ၌ နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

အလုံမြို့နယ်၌ တက္ကသိုလ်၊ ကောလိပ်နှင့် ဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေး

အလုံခရိုင်၊ အလုံမြို့နယ်၌ တက္ကသိုလ်၊ ကောလိပ်နှင့် ဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ ၁၈ ရက် နံနက် ၉:၀၀ နာရီက အလုံခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး