မန္တလေးတိုင်းဒေသကြီး

ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ အလိုတော်ပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ အလိုတော်ပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၁၃၈၇ ခုနှစ် နတ်တော်လဆန်း ၁၀ ရက် ယနေ့နံနက် ၇ နာရီအချိန်မှစတင်ကာ အလိုတော်ပြည့်ဆရာတော်ကြီးနှင့် ဂေါပကအဖွဲ့များမှ ဦးဆောင်ကာ သံဃာတော်အရှင်သူမြတ်များမ‌ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်းများဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် (၇၆)ကြိမ်မြောက်(၃၈) ဖြာ မင်္ဂလာတရား‌တော်နှင့်ဗုဒ္ဓဝင်စာမေးပွဲ ပထမအဆင့်နှင့် ဒုတိယအဆင့်စာမေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်‌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ် များဘာသာတရားကိုကိုင်းရှိုင်းပြီး ယဉ်ကျေးလိမ္မာသူ များစွာပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရန်ကုန်မြို့၊ ဝိုင်အမ်ဘီအေဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (ဗဟို)ကကြီးမှူးကျင်းပသော (၇၆) ကြိမ်မြောက် (၃၈) ဖြာမင်္ဂလာတရား‌တော်နှင့်ဗုဒ္ဓဝင်စာမေးးပွဲ ပထမအဆင့်နှင့် ဒုတိယအဆင့်စာမေးပွဲများကို နိုဝင်ဘာ ၂၈ ရက်မွန်းလွဲ ၁ နာရီက ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးရှိ ဝေယံဘုမ်မြင့်ဓမ္မာရုံ၌ ကျင်းပ‌ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် (၇၆)ကြိမ်မြောက် (၃၈)ဖြာ မင်္ဂလာတရား‌တော်နှင့်ဗုဒ္ဓဝင်စာမေးပွဲ ပထမအဆင့်နှင့် ဒုတိယအဆင့်စာမေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်‌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဘာသာတရားကိုကိုင်းရှိုင်းပြီး ယဉ်ကျေးလိမ္မာသူ များစွာပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရန်ကုန်မြို့၊ ဝိုင်အမ်ဘီအေဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (ဗဟို)ကကြီးမှူးကျင်းပသော (၇၆) ကြိမ်မြောက် (၃၈) ဖြာမင်္ဂလာတရား‌တော်နှင့်ဗုဒ္ဓဝင်စာမေးးပွဲ ပထမအဆင့်နှင့် ဒုတိယအဆင့်စာမေးပွဲများကို နိုဝင်ဘာ ၂၈ ရက်မွန်းလွဲ ၁ နာရီအချိန်က ရွှေမုဋ္ဌောစေတီတော် မြတ်ကြီးရှိ ဝေယံဘုမ်မြင့်ဓမ္မာရုံ၌ ကျင်းပ‌ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၌  မိုးစပါးစံကွတ်ရိတ်သိမ်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် ပြည်ကြီးတံခွန်မြို့နယ် ည ရပ်ကွက်၊ ကွင်းအမှတ် (၅၆၈)မှ တောင်သူ ဦးစိုးနိုင်၏ လယ်မြေ၌ မိုးစပါး(ဧရာမင်း) စံကွတ်ရိတ်သိမ်းခြင်းကို နိုဝင်ဘာ ၂၈ ရက်က ဆောင်ရွက်ခဲ့ရာ ပြည်ကြီးတံခွန်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၊ တာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ခဲ့သည်။ အဆိုပါ ဧရာမင်း မျိုးသန့်စပါး စံပြကွက်တွင် စပါးအစို ၉၅ တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်အတွင်း ဓာတ်အားခကြွေးကျန် ကျဆင်းရေး၊ တရားမဝင် ဓာတ်အားသုံးစွဲမှုမရှိစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်း   ဓာတ်အားခကြွေးကျန်ကျဆင်းရေး၊ တရားမဝင်ဓာတ်အား သုံးစွဲမှုမရှိစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပုန်းမဲဇာကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ကြောင်း သိရှိသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေစင် ပျော်ဘွယ်မြို့နယ်တွင် ဆန္ဒမဲပေးနိုင်ရန် အသက်(၁၈)နှစ်ပြည့်ပြီးသူများ မကျန်ရှိစေရေး စာရင်းကောက်ယူနေမှု၊ စာရင်းဖြည့်သွင်းနေမှုတို့ကို ကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေစင်သည် ပျော်ဘွယ်မြို့သို့ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲကရောက်ရှိပြီး မြို့မရဲစခန်းအတွင်း မဲပေးစက်များထိန်းသိမ်းထားမှု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် မဲဆန္ဒရှင်စာရင်းများပြင်ဆင်ဖြည့်သွင်းနေမှု၊ ရပ်ကွက်အချို့၌ မဲဆန္ဒရှင်စာရင်းကျန်ရှိမှု မရှိစေရေး စာရင်းကောက်ယူနေမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးဦးရွှေဇင် ရမည်းသင်းမြို့နယ်အတွင်း မဲဆန္ဒရှင်များမကျန်ရှိစေရေး ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးဦးရွှေဇင်သည် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ကျောက်ဆည်မြို့၌ သက်ကြီးရွယ်အိုထောက်ပံ့ရေးနှင့် ကြည့်ရှုစောင့်ရှောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးရိပ်သာ အစည်းအဝေးခန်းမ၌ သက်ကြီးရွယ်အိုထောက်ပံ့ရေးနှင့် ကြည့်ရှုစောင့်ရှောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းလမ်းညွှန်သင်တန်းကို နိုဝင်ဘာ ၂၈ ရက်နံနက် ၉ နာရီက သာစည်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမတွင် ဖွင့်လှစ်ကြောင်း သိရသည်။

အမရပူရမြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းများ အပေါ် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေး အတွက် ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို အမရပူရမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာများတွင် ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ဆောင်ရွက်လျက်ရှိသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး