Dec 10, 2021
မြန်မာနိုင်ငံ၌ ဆရာ၊ ဆရာမများအပေါ် ရိုသေလေးစားမှုပြုရသည့် အနန္တော အနန္တဂိုဏ်းဝင်အဖြစ် ရှေးယခင်ကတည်းကပင် ယဉ်ကျေးမှုတစ်ရပ်သဖွယ် သတ်မှတ် ထားပြီး အခြားမည်သည့်နိုင်ငံတွင်မှ မတွေ့ရှိနိုင်သော အလေးအနက်ပြုမှုကို တွေ့ရှိ ရမည်ဖြစ်ပါသည်။ အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများသည်လည်း စေတနာကို အရင်းခံပြီး ဝါသနာနှင့်အတူ အနစ်နာခံကာ တပည့်များအပေါ် ရင်ဝယ်သားသဖွယ် သဘောထား၍ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် အတတ် ပညာ သင်ကြားပို့ချရုံသာမက “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီး ကာ၊ သင့်ရာအပ်ပို့” ဟူသော ဆရာကျင့်ဝတ်ငါးသွယ်ကို ကျေပွန်စွာ ထမ်းဆောင်နေ သူများ ဖြစ်ပါသည်။
Dec 09, 2021
လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ငွေစက္ကူအသစ် ၂၀,၀၀၀/-ကျပ်တန်၊ ၅၀,၀၀၀/- ကျပ် တန်များ ထုတ်မည်ဆိုသော ကောလာဟလသတင်းများ ထွက်ပေါ် နေကြောင်းသိရှိရပါသည်။ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူတန်ဖိုး အမျိုးအစားအသစ် ထုတ်ဝေခြင်းကိစ္စ၊ ထုတ်ဝေပြီးသော ငွေစက္ကူအမျိုးအစားကို ပုံစံသစ်ဖြင့်ပြောင်းလဲ ထုတ်ဝေခြင်းကိစ္စရပ်များ ဆောင်ရွက်မည်ဆိုပါလျှင် ပြည်သူများကို ကြိုတင်ကြေညာ အသိပေးဆောင်ရွက်ပါကြောင်း၊ ယခု သတင်းဖြစ်ပေါ်နေသော ၂၀,၀၀၀/- ကျပ်တန်၊ ၅၀,၀၀၀/- ကျပ်တန် ငွေစက္ကူသစ်များ ထုတ်မည် ဆိုသည့် သတင်းမှာ မဟုတ်မမှန်ပါကြောင်း အသိပေး အပ်ပါသည်။
Dec 09, 2021
ရုပ်ရှင်ရုံသုံး သစ်သားထိုင်ခုံအဟောင်း (၉၇) တွဲကို ရောင်းချရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Dec 03, 2021
ရုပ်ရှင်ရုံသုံး သစ်သားထိုင်ခုံအဟောင်း (၉၇) တွဲကို ရောင်းချရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Dec 01, 2021
၁။ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်ရှေးရှုလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများ အပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး၊ အဆိုပါကန့်သတ် ချက်များ အားလုံးကို ၃၀-၁၁-၂၀၂၁ ရက်နေ့အထိ ဆက်လက်တိုးမြှင့်သတ်မှတ်ကြောင်း ၁-၁၁-၂၀၂၁ ရက်စွဲပါ ကြေညာချက်ဖြင့် ထုတ်ပြန်ထားခဲ့ပြီးဖြစ်ပါသည်-