May 08, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို လိုလားသည့် နိုင်ငံဝန်ထမ်းများသည် နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ကျင့်ဝတ်များနှင့်အညီ မိမိတို့၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြရာ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသော နိုင်ငံရေးအစွန်းရောက်အဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်းဝင်များ၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာနှင့် ဝန်ထမ်းကျင့်ဝတ်တို့ကို ဖောက်ဖျက်လျက် CDM လုပ်နေကြသော အချို့သော နိုင်ငံ့ဝန်ထမ်းများက ခြိမ်းခြောက်ခြင်း၊ Social Punishment ပြုလုပ်ရန် လှုံ့ဆော်ခြင်း၊ အထူးသဖြင့် နိုင်ငံတော်၏ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ/ဆရာမများ၊ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများအား ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း တွေ့ရှိရပါသည်။
May 04, 2021
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ချင်းပြည်နယ်၊ တီးတိန် မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့၏ မဲဆန္ဒရှင်စာရင်းများနှင့် ဆန္ဒမဲလက်မှတ်များ ထုတ်ယူ/ ရရှိ/ သုံးစွဲ/ လက်ကျန် မြေပြင်အခြေအနေများကို စစ်ဆေးခဲ့သည်။
May 04, 2021
တရားမဝင်အဖွဲ့အစည်းနှင့် သတင်းဌာနအချို့သည် တရားမဝင်သော ဂြိုဟ်တုစလောင်း များမှတစ်ဆင့် ရုပ်သံလိုင်းများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် နေစဉ်ကာလအတွင်း နိုင်ငံတော်လုံခြုံရေး ၊ တရားဥပဒေ စိုးမိုးရေး၊ အများပြည်သူ အေးချမ်း သာယာရေး တို့ကို ထိခိုက်စေသော အကြောင်းအရာများနှင့် နိုင်ငံတော်အား သစ္စာဖောက်ဖျက်ပုန်ကန်မှု ကျူးလွန် နေသူများကို အားပေးကူညီရာ ရောက်သည့် အကြောင်းအရာများကို ထုတ်လွှင့်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
Apr 23, 2021
၁။ တပ်မတော်က နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းရယူခဲ့ရသည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ NLD ပါတီဝင်များ၊ ၎င်းပါတီကိုထောက်ခံသူ အစွန်းရောက်များ၊ CRPH အမည်ခံမတရားအသင်း၊ CDM လှုံ့ဆော်မှုနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် အချို့သော ကျောင်းသား၊ ကျောင်းသူ လူငယ် လူရွယ်များ၊ နိုင်ငံ့ ဝန်ထမ်းများနှင့် မိမိတို့နိုင်ငံသားများသည် EAO များတည်ရှိရာနေရာများနှင့် ပြည်ပနိုင်ငံများသို့ စိုးရိမ်စိတ်များဖြင့် တိမ်းရှောင်နေကြောင်း သိရှိရပါသည်။
Apr 20, 2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၀ ရက်
Apr 20, 2021
၁။ တရားမဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw-CRPH) နှင့် ယင်းကော်မတီက ဖွဲ့စည်းသော အဖွဲ့အစည်းများကို မတရားအသင်းအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁) ဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။