Sep 30, 2022
၁။ ယနေ့နံနက်ပိုင်းက ရန်ကုန်-နေပြည်တော်-လွိုင်ကော်-ရန်ကုန် ခရီးစဉ်ကို ပြေးဆွဲနေသည့် မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး လွိုင်ကော်လေဆိပ်သို့ ဆင်းသက်ရန် လေယာဉ်ဆင်းသက်ခြင်းလုပ်ငန်းစဉ်များအတိုင်း လေယာဉ်ကွင်းသို့ ချဉ်းကပ်ပျံသန်းစဉ် အမြင့်ပေ (၃၅၀၀) ခန့်တွင် အကြမ်းဖက်သမားများက လက်နက်ဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရပါသည်။
Sep 27, 2022
၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ပုံနှိပ်သူ၊ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၆ အုပ် သို့မဟုတ် ၆ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါ စာအုပ်စာစောင်များကို အမျိုးသားစာကြည့်တိုက်၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနနှင့် အမျိုးသားစာပေဆုရွေးချယ်ရေး ကော်မတီများသို့ ခွဲဝေပေးပို့လျက်ရှိပါသည်။ ထို့အပြင် ပေးပို့လာသော ထုတ်ဝေစာများကို ပြက္ခဒိန်နှစ်အလိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ထုတ်ဝေသော စာအုပ်စာတမ်းများ စာရင်းတွင်လည်း ရေးသွင်းထားပြီး နှစ်စဉ်ထုတ်ပြန်လျက်ရှိပါသည်။
Sep 24, 2022
အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများ၌ စက်ရုံများတွင် အလုပ်သမားများအပေါ် ဥပဒေချိုးဖောက်မှုများရှိသည်ဟူသော သတင်းဖော်ပြမှုနှင့်ပတ်သက်ပြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနအနေဖြင့် အလုပ်သမားရေးရာ ပေါင်းစပ်အဖွဲ့ဖြင့် လည်းကောင်း၊ စည်းကြပ်ဥပဒေများဖြင့်လည်းကောင်း မှန်ကန်မှု ရှိ/ မရှိ စိစစ်၍ အလုပ်သမားများ ရပိုင်ခွင့်များရရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။
Sep 23, 2022
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် လုံခြုံ၍စွမ်းရည်ပြည့်ဝသော အမျိုးသားငွေပေးချေမှု စနစ်တစ်ရပ်ပေါ်ပေါက်လာစေရန် ဆောင်ရွက်လျက်ရှိရာ နည်းပညာများ တိုးတက်လာသည်နှင့် အမျှ မိုဘိုင်းငွေပေးချေမှုများမှတစ်ဆင့် ငွေကြေးလွှဲပြောင်းဝန်ဆောင်မှုလုပ်ငန်းများကို အဆင်ပြေ ချောမွေ့စွာ အသုံးပြုနိုင်ကြပြီဖြစ်ပါသည်။
Sep 23, 2022
၁။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ စိစစ်ချက်များအရ SIM Card အသုံးပြုသူအချို့သည် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် စသည့် အချက်အလက်များကို မှန်ကန်စွာ ဖြည့်စွက်ခြင်းမရှိဘဲ အသုံးပြုလျက်ရှိနေကြသည်ကို တွေ့ရှိနေရပါသည်။
Sep 22, 2022
မိဘပြည်သူများအနေဖြင့် အောက်ဖော်ပြပါနိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆/၆(အထစ)နှင့်ပတ်သက်၍ အခက်အခဲများအား သက်ဆိုင်ရာမြို့နယ် လဝကရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း အသိပေးအပ်ပါသည် -
Sep 20, 2022
ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသူများကို စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။