မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းများ သို့မဟုတ် ဓာတုပစ္စည်းပရီကာဆာများ သို့မဟုတ် ကန့်သတ်ဓာတုပစ္စည်းများ အပိုင်း(၃)
ဒေါက်တာလပြည့်ခင်
အရေးပါသည့်ထိန်းချုပ်ဓာတုပစ္စည်းများ (ပရီကာဆာများ) ကို တရားဝင်နှင့် တရားမဝင် အသုံးပြုခြင်းများ
အပိုင်း (၂) တွင်ဖော်ပြခဲ့သော United Nations Convention Against Illicit Traffic in Narcotic Drugs and Psychotropic Substances က ထုတ်ပြန်ကြေညာထားသည့် ထိန်းချုပ်ဓာတုပစ္စည်း ၃၉ မျိုး၏ တရားဝင်နှင့် တရားမဝင်အသုံးပြုမှုများကို ဆက်လက်ဖော်ပြသွားပါမည်။
N-acetylanthranilic Acid (အင်-အက်စီ တိုင်းလ်အင်သရာနီလစ်အက်စစ်) C9H9NO3 ကို ဆေးဝါးများ၊ ပလတ်စတစ်များနှင့် သန့်စင်သော ဓာတုပစ္စည်းများ၊ ပြင်းအားပျော့သော ဓာတုပစ္စည်း များနှင့် ပလတ်စတစ်များ ထုတ်လုပ်ရာတွင် တရားဝင်အသုံးပြုပြီး မက်သာကွာလုံး (Methaqualone) နှင့် မက်ကလိုကွာလုံး (Mecloqualone) ကို ဖန်တီးထုတ်လုပ်ရာတွင် တရားမဝင် အသုံးပြုပါသည်။
Ephedrine (အက်ဖီဒရင်း) C10H15NO မှာ အနံ့မရှိသောအဖြူရောင် ပုံဆောင်ခဲအမှုန့်ဖြစ်ပြီး အက်ဖီဒရာအပင်မှ ဓာတုဗေဒနည်းဖြင့် ထုတ်လုပ်ရရှိပါသည်။ ၎င်းသည် Alcohol တွင် ပျော်ဝင်ပြီး Ether Chloroform တို့တွင် မပျော်ဝင်ပါ။ ထိုအမှုန့်မှာ ရှူရှိုက်လျှင် အန္တရာယ်ရှိပါသည်။ ပန်းနာ ရင်ကျပ်ကဲ့သို့ အသက်ရှူကျပ်သောရောဂါကာကွယ်ဆေး၊ အသက်ရှူလမ်းကြောင်း သန့်ရှင်းစေသော ဆေးဝါးများထုတ်လုပ်ရာတွင် သုံးပြီး မက်သ်အဖက်တမင်း (Methamphetamine) တရားမဝင် ထုတ်လုပ်ရာတွင်လည်း အသုံးပြုကြပါသည်။
Ergometrine (အာဂိုမက်ထရင်း) C23H27N3O6 ကို ခေါင်းကိုက်ရောဂါသက်သာစေသည့်ဆေးဝါး၊ သားဖွားမီးယပ်တွင် သားအိမ်ညှစ်ဆေးနှင့် သားဖွားရာတွင် အသက်ရှူဝစေရန် အသုံးပြုပြီး လိုင်ဆာဂျစ် အက်စစ် (Lysergic Acid) နှင့် လိုင်ဆာဂျစ်အက်စစ် ဒိုင်အီသိုင်းလမိုက် Lysergic Acid Diethylamide (L.S.D) ဖန်တီးထုတ်လုပ်ရာတွင် တရားမဝင် အသုံးပြုပါသည်။
Ergotamine (အာဂိုတမင်း) C33H35N5O5 ကို မီးယပ်သားဖွားသည့်မိခင်အား ကုသရာတွင် မရှိ မဖြစ် အသုံးပြုရသောပစ္စည်းဖြစ်သည်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ကုသပေးသည့်ဆေးဖြစ်ပြီး နာကျင်ခြင်း၊ ပျို့အန်ခြင်း၊ စိတ်တိုခြင်းနှင့် ယာယီအမြင်အာရုံဆုံးရှုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။ ဤဆေးပြားများသည် နာကျင်မှုအချက်ပြမှုများကို ပိတ်ဆို့ကာ ဦးနှောက်အတွင်းရှိ သွေးကြောများကို ကျဉ်းစေရန် လုပ်ဆောင်သည်။ ဆေးအရည်ပျော်စေရန် လျှာအောက်တွင်ထား၍ သောက်နိုင်သည်။ Aura နှင့် ဦးခေါင်းအစုလိုက် အပြုံလိုက်ကိုက်ခြင်းရှိ/ မရှိစစ်ဆေးသည့် Alpha-1 Selective Adre-nergic agonist Vasoconstrictor ဆေးဖြစ်သည်။ Lysergic Acid နှင့် L.S.D (Lysergic Acid Die-thylamide) တို့ ထုတ်လုပ်ရာတွင်လည်း တရားမဝင် အသုံးပြုပါသည်။
Isosafrole (အိုင်ဆိုဆာဖရိုးလ်) C10H10O2 သည် အမွှေးရနံ့လုပ်ငန်းတွင် အသုံးပြုသော အော်ဂဲနစ် ဒြပ်ပေါင်းတစ်ခုဖြစ်ပြီး စမုန်နက် (သို့) နွယ်ပင်၏ ရနံ့ကို ရရှိစေသည်။ ယင်းကို ပိုင်ပါရိုနယ်လ် (Piperronal)၊ အဆင့်မြင့်ရေမွှေး (Perfume) ဖြစ်စေရန် ပြုပြင်ရာတွင်လည်းကောင်း၊ အရည်အသွေး ကောင်းသော ဆပ်ပြာမွှေးဖြစ်စေရန်လည်းကောင်း၊ ဆာဆပါရိလ်အမွှေးနံ့ပြုလုပ်ရာတွင်လည်းကောင်း၊ ကပ်ရောဂါကာကွယ်ဆေးထုတ်လုပ်ရာတွင်လည်းကောင်း အသုံးပြုသည်။ ဘီယာ ပြုလုပ်ရာ၌ မီသိုင်းလ်ဆီလီကိတ် (Methyl Silicate)နှင့်အတူ Isosafrole ပမာဏအနည်းငယ်ကို ထည့်သုံးခြင်းဖြင့် အနံ့ပိုမိုကောင်းမွန်စေပါသည်။ တရားမဝင်အနေဖြင့် MDA (3,4-Methylenedioxyamphe-tamine) ၊ MDE (3,4-Methylenedioxy-N-ethy-lamphetamine)၊ MIMA နှင့် Normalhydroxitine Amphetamine တို့ထုတ်လုပ်ရာတွင် အသုံးပြုသည်။
Lysergic Acid (လိုင်ဆာဂျစ်အက်စစ်) C16H16N2O2 ကို d-lysergic acid နှင့် (+)-lysergic acid ဟု ခေါ်ဆိုနိုင်ပါသည်။ LA ကို ဆေးဝါး (Phamaceutical) အဖြစ်လည်းကောင်း၊ စိတ်အား ထက်သန်စေသောဆေးဝါးများ (Psychedelic Drugs) အဖြစ်လည်းကောင်း၊ အော်ဂဲနစ်ပစ္စည်းများ (Organics) ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ပြီး L.S.D (Lysergic Acid Diethylamide) တရားမဝင် ထုတ်လုပ်ရာတွင်လည်း အသုံးပြုသည်။
3,4-Methylenedioxyphenyl-2 Propanone (၃၊ ၄ - မီသိုင်းလ်လင်ဒိုင်အောက်ဆီဖီနိုင်းလ် -၂ ပရိုပန်နုန်း) (MDP-2-P/PMK) C10H10O3 ကို ပိုင်ပါ ရိုနောနှင့် အခြားသောအမွှေးဆီများ၊ ရေမွှေးများ ထုတ်လုပ်ရာတွင်သုံးပြီး Amphetamine ၊ MDA (3,4 - Methylenedioxyamphetamine) ၊ MDE (3,4-Methylenedioxy-N-ethylamphetamine)၊ MDMA (3,4 - Methylenedioxymethamphetamine) Normalhydroxydine, Amphetamine (N-OM MDA) တို့ကို တရားမဝင်စိတ်ကြွ ဆေးများထုတ်လုပ်ရာတွင်လည်း အသုံးပြုပါသည်။
MDMA (3,4-Methylenedioxymetham- phetamine) or Ecstasy
“Ecstasy” ဟု ပို၍ လူသိများထင်ရှားသော MDMA သည် Schedule I ဆေးဖြစ်ပြီး ရေတွင် အလွန်ပျော်ဝင်နိုင်သော အဖြူရောင် Semisolid ဓာတုပစ္စည်းဖြစ်သည်။ ၎င်းသည် ကြည်လင်ပြီး အရောင်မဲ့အရည်ကို ရေတွင် အယ်လ်ကိုဟောရနံ့အနည်းငယ်ဖြင့် ဖွဲ့စည်းထားသည်။ MDMA ကို အစာစားချင်စိတ်ကို သက်သာစေသည့် ဆေးဝါးအဖြစ်လည်းကောင်း၊ စိတ်ကုထုံးတွင်လည်းကောင်း အသုံးပြုပြီး ပါကင်ဆန်ရောဂါနှင့် စိတ်ဒဏ်ရာလွန် စိတ်ဖိစီးမှုရောဂါတို့ကို ကုသရာတွင်လည်းကောင်း အသုံးပြုခဲ့ကြသည်။ တစ်နည်းအားဖြင့် MDMA (C11H15NO2.HCl) သည် “စိတ်ကြွဆေးပြား”သို့မဟုတ် "Molly" ဟု အများအားဖြင့် ရည်ညွှန်းသည့် လူသိများသော အပန်းဖြေဆေးဖြစ်သည်။ ၎င်းသည် ပြင်းထန်သောကြည်နူးမှု၊ စိတ်ခံစားမှု၊ ပွင့်လင်းမှုနှင့် စာနာမှုတို့ကို ဖြစ်ပေါ်စေသကဲ့သို့ အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးပြီး စွမ်းအင်အဆင့်ကို တိုးမြှင့်ပေးသည်။
MDMA အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော Serotonin များ အလွန်အကျွံထုတ်လွှတ်မှုသည် ဦးနှောက်အတွင်းရှိ အာရုံကြောထုတ်လွှတ်မှုစနစ် (Neurotransmitter) ကို သိသိသာသာလျော့ကျ သွားစေနိုင်သည်။ အကျိုးဆက်အနေဖြင့် လူများသည် MDMA အသုံးပြုပြီးနောက် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်စိတ်နှင့် ပင်ပန်းနွမ်းနယ်ခြင်းကဲ့သို့သော အပျက်သဘောဆောင်သော စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများကို ရက်အတော်ကြာ ကြုံတွေ့ရနိုင်သည်။ MDMA သည် Norepinephrine ထွက်လာခြင်းကြောင့် အဓိကအားဖြင့် နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်တိုးခြင်းကဲ့သို့သော Adrenergic သက်ရောက် မှုများကို တစ်သမတ်တည်းဖြစ်ပေါ်စေသည်။
MDMA သည် စိတ်ဓာတ်ကျခြင်း သို့မဟုတ် စိုးရိမ်ပူပန်မှုကို ဖြစ်စေနိုင်သည်။ MDMA သည် နှလုံးခုန်နှုန်းကို ဖြစ်ပေါ်စေပြီး နှလုံးတိုက်ခိုက်ခံရနိုင်ခြေကို တိုးစေသည်ဟု လူသိများသည်။ ရေတိုဘေးထွက်ဆိုးကျိုးအနေဖြင့် ပျို့ခြင်း၊ အန်ခြင်း၊ အစာစားချင်စိတ်ကို လျော့ကျစေခြင်း၊ ဝမ်းသာပီတိ စိတ်ဖြစ်ခြင်း၊ အဆိုးမြင်စိတ်များ လျော့ပါးလာခြင်း၊ မလုံခြုံမှုများ လျော့ပါးလာခြင်း၊ ခံစားချက်ခိုင်မာလာခြင်းတို့ ဖြစ်ပေါ်စေပြီး ရေရှည်ဘေးထွက်ဆိုးကျိုးအနေဖြင့် စိတ်ဓာတ်ကျခြင်း၊ ပူပင်သောကဖြစ်ခြင်း၊ အဆိုးမြင်စိတ်များ တိုးလာခြင်း၊ အိပ်မပျော်ခြင်း၊ အစာစားချင်စိတ်ကို လျော့ကျစေခြင်း၊ မှတ်ဉာဏ်ပြဿနာများ ဖြစ်ပေါ်ခြင်းနှင့် စိတ်တိုစရာခံစားချက်များကို ဖြစ်ပေါ်စေပါသည်။
MDA (3,4-Methylenedioxyamphetamine) or Sassafras
"Sally" သို့မဟုတ် "Sassafras" ဟုလည်း ခေါ်သော MDA (C10H13NO2) သည် ကျေနပ် ပျော်ရွှင်မှု၊ စွမ်းအင်အဆင့်တိုးမြှင့်မှု၊ အာရုံခံစားမှုနှင့် စာနာမှုတို့ကို မြှင့်တင်ပေးပြီး ပြောင်းလဲလာသော အချိန်သညာကို ထုတ်ပေးသည်။ MDA သည် MDMA နှင့် နှိုင်းယှဉ်လျှင် ပိုမိုအားကောင်းသော အမြင်အာရုံနှင့် အကြားအာရုံယောင်များကို ဖြစ်ပေါ်စေပြီး စွမ်းအင်အဆင့်ကို ပိုမိုမြှင့်တင်ပေးနိုင်သည်။ MDA ခန္ဓာကိုယ်မှ အပြည့်အဝဖယ်ထုတ်ပစ်ရန် MDMA ထက် ၂-၄ နာရီ ပိုကြာတတ်ပါသည်။ MDMA နှင့်ခံစားချက်ခြင်း ဆင်တူသော်လည်း MDA ၏ serotonin receptors များပေါ်တွင် MDA ၏ လုပ်ဆောင်ချက်သည် အသုံးပြုပြီးနောက် ရက်အတော်ကြာခံစားရနိုင်သည့် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းကဲ့သို့သော၊ အနုတ်လက္ခဏာဆောင်သော စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်သည်။
MDA နှင့် MDMA နှစ်မျိုးလုံးကို စိတ်ကြွဆေးများအဖြစ် ခွဲခြားထားပြီး ဦးနှောက်အတွင်းရှိ serotonin ၊ dopamine နှင့် norepinephrine တို့ကို တိုးမြှင့်နိုင်သည်။ ဆေးဝါးနှစ်မျိုးလုံးသည် ဖြစ်နိုင်ခြေရှိသောအန္တရာယ်များကို သယ်ဆောင်လာပြီး ဆိုးရွားသော ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများရှိသည်။ ပစ္စည်းတစ်ခုစီ၏ တိကျသောအန္တရာယ်သည် သောက်သုံးသောပမာဏ၊ သန့်ရှင်းမှု၊ တစ်ဦးချင်း ဇီဝကမ္မဗေဒနှင့် ကွဲပြားမှုနှင့် အသုံးပြုမှုအခြေအနေကဲ့သို့သော အချက်များပေါ်တွင် မူတည်၍ ကွဲပြားနိုင်သည်။ MDA သို့မဟုတ် MDMA လွန်ကဲစွာသုံးစွဲ ခြင်းသည် အန္တရာယ်ရှိသော ခန္ဓာကိုယ်အပူချိန် (Hyperthermia)၊ နှလုံးသွေးကြောဆိုင်ရာ သက်ရောက်မှုများဖြစ်သည့် သွေးပေါင်ချိန်တက်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း သို့မဟုတ် ပုံမှန် မဟုတ်ခြင်း၊ နှလုံးရပ်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ စိတ်ရှုပ်ထွေးမှုဖြစ်ပေါ်ခြင်း၊ မထိန်းချုပ်နိုင်သော တုန်လှုပ်ခြင်း သို့မဟုတ် တက်ခြင်း၊ သတိလစ်ခြင်းစသည့် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော အကျိုးဆက်များ ဖြစ်စေနိုင်သည်။
အမေရိကန်ပြည်ထောင်စု (USA) တွင်လည်း MDMA ကို Schedule I ပစ္စည်းအဖြစ် ခွဲခြားသတ်မှတ်ထားသော်လည်း အလွဲသုံးစားပြုမှုများအတွက် မြင့်မားသော အလားအလာရှိနေသည်ဟု သိရှိရပါသည်။ လက်ရှိတွင် MDMA သည် USA တွင် ရေပန်းအစားဆုံး ကလပ်ဆေးများထဲမှတစ်ခုဖြစ်ပြီး ၁၉၉၅ နှင့် ၂၀၀၁ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် ၇၀ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲခဲ့သည်။ USA ကျောင်းသားများ၏ စစ်တမ်းတစ်ခုအရ အထက်တန်းကျောင်းသား ၅ ရာခိုင်နှုန်းမှ ၆.၇ ရာခိုင်နှုန်းနှင့် အလယ်တန်း (၈ တန်း) ကျောင်းသား ၂ ရာခိုင်နှုန်း က MDMA ကို အသုံးပြုခဲ့ကြသည်။ MDMA Tablet များကို"Adam၊" "Batman၊" "bibs ၊" "blue kisses" blue Nile ၊ "charity" "clearity"၊ "Debs" "decadence" အစရှိသော အမည်အမျိုးမျိုးဖြင့် ရောင်းချခဲ့ကြသည်။ အနောက်နိုင်ငံများတွင် လူငယ် လူရွယ်များကြား၌ ရေပန်းစားတွင်ကျယ်စွာရှိနေသေးပြီး Dancer အက အဖွဲ့အခင်းအကျင်းများတွင် အဓိကအားဖြင့် အသုံးပြုကြသည်။
MDMA နှင့် MDA တို့သည် ကွဲပြားသော အကျိုးသက်ရောက်မှုများရှိသော အလားတူ စိတ်ပိုင်း ဆိုင်ရာ တက်ကြွစေသောအရာများ ဖြစ်သည်။
MDA သည် ၎င်း၏ ပြင်းထန်သော အာရုံစူးစိုက်မှုဆိုင်ရာ ဂုဏ်သတ္တိများနှင့် စိတ်ကြွစေသော အာနိသင် များကြောင့် လူသိများပြီး MDMA သည် ၎င်း၏ ခံစားရစေသော ခံစားမှုနှင့် ပျော်ရွှင်ဖွယ်အတွေ့အကြုံများအတွက် အသိအမှတ်ပြုထားသည်။ ဒြပ်စင်နှစ်ခုစလုံးသည် အာရုံကြောထုတ်လွှတ်မှု စနစ်များ အထူးသဖြင့် serotonin များအပေါ် သိသိသာသာသက်ရောက်မှု ရှိနိုင်ပြီး ကြာရှည်စွာ သို့မဟုတ် ပြင်းထန်စွာအသုံးပြုခြင်းသည် ဆိုးကျိုးများ ဖြစ်နိုင်ခြေကို တိုးစေနိုင်သည်။ သတိလစ်ခြင်း၊ မူးဝေခြင်း၊ တက်ခြင်း၊ အထိတ်တလန့်တိုက်ခိုက်ခံရခြင်း၊ သွေးတိုးခြင်းနှင့် ချွေးအလွန်အမင်းထွက်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။ မူးယစ်ဆေးအဆိပ်သင့်မှုသည် ဆေးပမာဏ၊ သောက်သုံးမှုအကြိမ်၊ နောက်ဆက်တွဲအမူအကျင့်များနှင့် အခြားအရာများ ကွဲပြားနိုင်ပါသည်။
1-Phenyl-2-Propanone (၁-ဖီနိုင်းလ်-၂-ပရိုပန်နုန်း) C9H10O သည် အော်ဂဲနစ် ပျော်ရည်များ တွင် ပျော်ဝင်နိုင်သော အရောင်မဲ့အဆီဖြစ်သည်။ 1-Phenyl-2-Propanone ကို ဆေးပေါင်းစက်ရုံများမှ Amphetamine ၊ Methamphetamine နှင့် Propanehaxidrine ထုတ်လုပ်ရန် အချို့သော ဘေးထွက်ပစ္စည်းများ၊ သန့်စင်သောဓာတုဆေးရည်များ ပေါင်းစပ်ထုတ်လုပ်ရာတွင် အသုံးပြုသည်။ Amphetamine ၊ Methamphetamine နှင့် အချို့သော ၎င်းတို့၏ ဘေးထွက်ပစ္စည်းများ ထုတ်လုပ်ရာ တွင် တရားမဝင်အသုံးပြုသည်။
Piperonal (ပိုင်ပရိုနယ်လ်) C8H6O3 သည် ပန်းနံ့ရသည့် အရောင်မဲ့ပုံဆောင်ခဲဖြစ်ပြီး ယင်းကို အမွှေးနံ့သာများ၊ ချယ်ရီနံ့၊ ဗင်နီယာရနံ့များ၊ အော်ဂဲနစ်ဓာတုပစ္စည်းများနှင့် ခြင်နိုင်ဆေးရည်များ ထုတ်လုပ်ရာတွင် တစ်စိတ်တစ်ပိုင်းအဖြစ်သုံးပြီး သန့်စင်ဆေးရည်များ ပေါင်းစပ်ထုတ်လုပ်ရာ တွင်လည်း အသုံးပြုသည်။ Amphetamine ၊ MDA (3,4-Methylenedioxyamphetamine)၊ MDE ၊ MDMA ၊ Normalhydroxydine ၊ Amphetamine (N-OM MDA) အစရှိသည့် စိတ်ကြွဆေးများ၊ စိတ်ပြောင်းဆေးဝါးများ ထုတ်လုပ်ရာတွင် တရားမဝင် အသုံးပြုကြပါသည်။
Pseudoephedrine (ဆူဒိုအက်ဖီဒရင်း) C10H15NO မှာ ပုံဆောင်ခဲအမှုန့်ဖြစ်ပြီး Ephedrine (အက်ဖီဒရင်း)နှင့်တူသည်။ Streao Isomer တစ်ခုဖြစ်ပြီး Ephedrine နှင့်အတူ ပူးတွဲတွေ့ရသည်။ အသက်ရှူလမ်းကြောင်း သန့်ရှင်းစေသောဆေးဝါး နှင့် နှာခေါင်းသွေးလျှံသော ရောဂါကာကွယ်ဆေးများ၊ ပန်းနာရင်ကျပ်နှင့် အအေးမိရောဂါကုသဆေးများ ထုတ်လုပ်ရာတွင် အသုံးပြုပြီး နှလုံးရောဂါ၊ သွေးတိုး ရောဂါ၊ ဆီးချိုရောဂါ၊ သိုင်းရွိုက်ရောဂါများ ကုသရာတွင် သုံးသည်။ Amphetamine ၊ Methamphetamine နှင့် Phencyclidine ထုတ်လုပ်ရာတွင်လည်း တရားမဝင်အသုံးပြုကြပါသည်။
Safrole (ဆာဖရိုးလ်) C10H10O2 သည်အရောင်မဲ့ ဆီအရည်ဖြစ်ပြီး ယင်းကို အမွှေးနံ့သာပစ္စည်း (ဥပမာ- Piperonal) ထုတ်လုပ်ရာတွင်လည်းကောင်း၊ Root Beer ၊ ပီကေ၊ သွားတိုက်ဆေး၊ ဆပ်ပြာပြုလုပ်ရာတွင်သုံးသည့် ဖန်တီးထားသော ဓာတုဗေဒအဆီများ ထုတ်လုပ်ရာတွင်လည်းကောင်း၊ အချို့သောဆေးဝါးပြင်ဆင်ရာတွင် ဖြည့်စွက်ပစ္စည်းအဖြစ်လည်းကောင်း၊ အင်းဆက်သတ်ဆေး Piperronyl Butaoxide ပေါင်းစပ်မှုတွင် ရှေ့ပြေးအဖြစ်လည်းကောင်း အသုံးပြုသည်။ စိတ်ကြွဆေးပြား Amphetamine ၊ MDA (3,4-Methylenedioxyam-phetamine)၊ MDE, MDMA (3,4-Methylenedio-xymethamphetamine)၊ Normalhydroxydine, Amphetamine (N-OM MDA) တို့ တရားမဝင် ထုတ်လုပ်ရာတွင်လည်း အသုံးပြုသည်။
Acetic Anhydride (အက်စစ်တစ်အင်ဟိုက် ဒရိုက်) C4H6O3 သည် အရောင်မရှိ၊ အက်စစ်နံ့ စူးရှသည့် မီးလောင်လွယ်သောအရည်ဖြစ်သည်။ Chloroform နှင့် Ether တွင် ပျော်ဝင်သည်။ အငွေ့သည် အသက်ရှူလမ်းကြောင်း၊ အရေပြားနှင့် မျက်စိတို့ကို ထိခိုက်စေသည်။ Acetone Compound ကို ဓာတုပစ္စည်းနှင့် ဆေးဝါးစက်ရုံများတွင် Cellulose Acetate ထုတ်လုပ်သည်။ ချည်မျှင် အမျိုးမျိုး၊ အအေးခံချွတ်ဆေး၊ သတ္တုပစ္စည်းအရောင်တင်ခြင်း၊ အရည်များခွဲခြားစစ်ယူခြင်း၊ Nitrate ပစ္စည်းကဲ့သို့ Nitric Acid နှင့်ပေါင်းစပ်ခြင်း၊ ဆိုးဆေးများ၊ ပေါက်ကွဲစေတတ်သောပစ္စည်းများ ထုတ်လုပ်ခြင်း၌ အသုံးပြုသည်။ တရားမဝင် အသုံးပြုပုံမှာ Heroin ထုတ်လုပ်ရာတွင် ဓာတ်ပြုရာ၌ အသုံးပြုသည်။ Methaqualone နှင့် Mecloqualone ထုတ်လုပ်သည်။ M-acetyl-Anthranilic ၊ Alpha-Methyl Phetanine ၊ 1-Phenyl-2- Propanone (P2P) ထုတ်လုပ်ရာတွင် ဓာတ်ပြုစေသည်။
Acetone (အက်စီတုန်း) C3H6O သည် အရောင်မရှိ၊ အနံ့စူးရှ၍ ချိုသောအရသာရှိသော အရည်ဖြစ်ပြီး မီးလောင်လွယ်သဖြင့် မီးလောင်နိုင်သော ပစ္စည်းများနှင့် ဝေးဝေးတွင်ထားရသည်။ ရေနှင့် Chloroform တို့ဖြင့် ရောနှောနိုင်သည်။ ခဲတံ၊ ဘောလ်ပင်၊ ရေယွန်နှင့် ပလတ်စတစ်ပစ္စည်းများ နှင့် ထိတွေ့ပါက ပျော်ပြီး ပျက်စီးနိုင်ပါသည်။ အက်စီတုန်းကို အသုံးများသော ဓာတ်ခွဲခန်းသုံး ဓာတုဆေးရည်များနှင့် ဓာတုပစ္စည်းများ၊ ဆေးဝါးထုတ်သည့်စက်ရုံများ၊ ဘိန်းစမ်းသပ်စစ်ဆေးရာတွင်လည်းကောင်း၊ အလှဆီ၊ ကလိုရိုဖောင်းထုတ်လုပ်ရာတွင် ဆက်စပ်အသုံးပြုသည်။ အချိုရည်အမျိုးမျိုး၊ ဆေးဝါးများနှင့် ပိုးသတ်ဆေးများ၊ သုတ်ဆေးများ၊ အရောင်တင်ဆီသုတ်ဆေးများ၊ ပလတ်စတစ် များ၊ ရော်ဘာများ ထုတ်လုပ်ရာတွင် အသုံးများ သည်။
ဟီးရိုးအင်း (Heroin) နှင့် ကိုကင်း (Cocaine) ထုတ်လုပ်ရာတွင် ဘိန်းနှင့် ကိုကာရွက်ကို Chloroform ဖြင့် ဓာတ်ပြုစေခြင်းဖြင့် အသုံးပြုပြီး Amphetamine နှင့် L.S.D ထုတ်လုပ်ရာ၌ တရားမဝင် အသုံးပြုကြပါသည်။ ကိုကင်းပျံ့နှံ့မှုမှာ အခြားမူးယစ်ဆေးများထက် ပိုများပြီး အမေရိကန် ပြည်ထောင်စုတွင် ပြုလုပ်ခဲ့သော လေ့လာမှုများအရ ကိုကင်းသည် အပျံ့နှံ့ဆုံးတရားမဝင် မူးယစ်ဆေးဝါး ဖြစ်သည်။ ဒုတိယမှာ Cannabinoids ဖြစ်သည်ဟု ဆိုသော်လည်း အခြားနိုင်ငံများ၏ လေ့လာမှုများတွင် ကိုကင်းသည် ပျံ့နှံ့မှုနည်းပါးသည်ဟု သိရ သည်။ အချို့က Cannabinoids သည် အပျံ့နှံ့ဆုံး မူးယစ်ဆေးဖြစ်ကြောင်း ဆိုထားသည်။
ဤကွာခြားချက်များသည် ယေဘုယျလူများတွင် တရားမဝင် မူးယစ်ဆေးဝါးသုံးစွဲမှု ကွဲပြားသည့်နှုန်းထားကြောင့်ဟု သတ်မှတ်၍မရပါ။ အဘယ်ကြောင့်ဆိုသော် အမေရိကန်နှင့် အခြားနိုင်ငံများတွင် ဆေးခြောက်သည် အသုံးအများဆုံးဖြစ်သည်ကို တွေ့ရသည်။ ။