နိုင်ငံတော်အစိုးရ၏ ကြေညာချက်များ

Mar 22, 2021
၁။ နိုင်ငံတော်မှထုတ်ပြန်ထားသော ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တို့အား လိုက်နာခြင်းမရှိဘဲ ဆူပူဆန္ဒဖော်ထုတ်လျက်ရှိသူများသည် လုံခြုံရေးတာဝန်ဆောင်ရွက်နေကြသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်အချို့အား လုပ်ငန်းတာဝန် ဆောင်ရွက်၍မရအောင် တိုက်ခိုက်ခြင်း၊ ဖမ်းဆီး ချုပ်နှောင်ရိုက်ပုတ် ထိုးနှက်ခြင်း၊ အလားတူ နိုင်ငံဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများအား CDM ပြုလုပ်စေရန် ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်း၊ အငြိမ်းစားတပ်မတော်သားများ၊ အငြိမ်းစား ရဲတပ်ဖွဲ့ဝင်များနှင့် အချို့သော ပြည်သူလူထုအား ရဲသတင်းပေး၊ စစ်သတင်းပေးဟု စွပ်စွဲကာ မတရားဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရိုက်ပုတ်ထိုးကြိတ်ခြင်း၊ အရှက်ရစေရန် ကတုံးတုံးခြင်း၊ ဆံပင်ထိပ်ကွက်ခြင်း၊ မျက်ခုံးမွှေးရိတ်ခြင်း၊ ရာသက်ပန် ရုပ်အဆင်းပျက်စေရန်နှင့် အရှက်ရစေရန် မျက်နှာအား တက်တူးထိုးခြင်းများစသည့် မင်းမဲ့စရိုက်ဆန်စွာ ညှင်းပန်းနှိပ်စက်ပြုမူ ကျူးလွန်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
Mar 15, 2021
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက်၊ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်စွဲပါ စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ် ၁/ ၂၀၂၁၊ ၁၃၈၂ ခုနှစ်၊ တပေါင်း လဆန်း ၃ ရက်၊ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်စွဲပါ စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ် ၂/ ၂၀၂၁ တို့ ဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအား စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာထားသော ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေ ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာ မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် နှင့် မြောက်ဥက္ကလာပမြို့နယ်များအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာ ရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကိုကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အပ်နှင်းခဲ့ပါသည်။
Mar 15, 2021
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး အား ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ် များအတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်သည်။