Sep 19, 2024
၁။ နိုင်ငံအတွင်း လတ်တလောဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် ခေတ္တလာရောက်နေထိုင်နေသူများနှင့် ရေဘေးသင့်ကျေးရွာ၊ ရပ်ကွက်များရှိ မိမိတို့၏ နေအိမ်များတွင် နေထိုင်လျက်ရှိသည့် ပြည်သူများအတွက် အလှူရှင်များက စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် အစားအသောက်များ လာရောက်လှူဒါန်းနေမှုများအား ဝမ်းမြောက်ဝမ်းသာစွာ တွေ့ရှိရပါသည်။
Sep 19, 2024
၁။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝါးတီးကျေးလက်ကျန်းမာရေးဌာန အပိုင်၊ ဝက်ဖြူကုန်းကျေးရွာ၊ ရွှေဖြူရတနာစာသင်တိုက်တွင် (၁၈-၉-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်း၌ အလှူရှင်များမှ လာရောက်လှူဒါန်းသော ကြာဇံကြော်၊ အချဉ်နှင့်ထမင်း၊ ကြက်ဥမန်ကျည်းမှည့်ချက်များအား ကျေးရွာနေပြည်သူများက စားသုံးပြီးနောက် ည(၈:၀၀)နာရီခန့်တွင် ဗိုက်နာခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းစသည့် အစာအဆိပ်သင့်ရောဂါလက္ခဏာများဖြစ်ပွား၍ ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့သို့ ပြင်ပလူနာအဖြစ်(၆၈)ဦး၊ အတွင်းလူနာအဖြစ်(၆၅)ဦး လာရောက်ကုသမှုခံယူခဲ့ပြီး ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ အထူးကုဆရာဝန်ကြီးများမှ အနီးကပ်ကြည့်ရှုကုသမှုပေးခဲ့ရာ လူနာများအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။
Sep 18, 2024
၁။ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာတွင် (၁၇-၉-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီခန့်တွင် အလှူရှင်များမှ လာရောက်လှူဒါန်းသော ဒံပေါက်၊ ကြက်သားအာလူးဟင်း၊ ဘဲဥခရမ်းချဉ်သီးချက်များအား စားသောက်ပြီးနောက် ၎င်းနေ့၊ ညနေပိုင်းတွင် ဝမ်းလျှောခြင်း၊ အော့အန်ခြင်းအစရှိသော အစာအဆိပ်သင့်ရောဂါလက္ခဏာများ ဖြစ်ပွားသဖြင့် တပ်ကုန်းမြို့နယ် ခုတင် (၁၀၀) ပြည်သူ့ဆေးရုံတွင် ပြင်ပလူနာအဖြစ် (၅၀) ဦး၊ အတွင်းလူနာအဖြစ် (၅၆) ဦး၊ ကလေးရောဂါအထူးကုဆေးရုံကြီး နေပြည်တော်တွင် အတွင်းလူနာအဖြစ် (၅) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) တွင် အတွင်းလူနာအဖြစ် (၄) ဦး တက်ရောက်ကုသမှုခံယူလျက်ရှိပြီး လူနာများအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။
Sep 14, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်တင်ရှိန်အား အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီးဖြစ်သည်။
Sep 14, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးဇော်ဦး အား အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီးဖြစ်သည်။
Sep 14, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးသစ်လင်းအုန်းအား ၎င်း၏လက်ရှိတာဝန် ဝတ္တရားများအပြင် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်လိုက်ပြီးဖြစ်သည်။
Sep 13, 2024
၁။ မြန်မာနိုင်ငံတွင် ရာဂီမုန်တိုင်းနှင့်ဆက်စပ်၍ ရေဘေးများဖြစ်ပွားလျက်ရှိရာ ရေဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် အလှူငွေနှင့် အလှူပစ္စည်းများအား ပါဝင်လှူဒါန်းနိုင်ပါသည်။
Sep 13, 2024
၁။ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ (၂၈) လမ်း (မြောက်ဘက်)၊ အောင်သာယာ ရပ်ကွက်တွင် ပါတီရုံးချုပ်တည်ရှိသော လူမှုစီးပွားမြှင့်တင်ရေးပါတီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၁၁-၉-၂၀၂၄ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။
Sep 09, 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ (၁၉) လမ်း၊ အိမ်အမှတ် (၁၆) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော မွန်ညီညွတ်ရေးပါတီ (Mon Unity Party) ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။