Feb 04, 2023
၁၈၇၅ ခုနှစ်တွင် နိုင်ငံတကာရေးရာနှင့်ပတ်သက်၍ အတွေ့အကြုံရှိသူ ရုရှားလူမျိုးမစ္စတာဂျီ နဲနူကောဗ့် (Mr. G.Neniukov)အား မြန်မာ-ရုရှား ဆက်ဆံရေး အကျိုးဆောင်အဖြစ် ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ချဉ်းကပ်ခဲ့သည်။ ၎င်း၏ အရှေ့တိုင်းခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ၏ အဓိကမြို့ကြီးများကိုသွားရောက် လည်ပတ်ခဲ့ပြီးနောက် ၁၈၇၅ ခုနှစ် အစောပိုင်းတွင် မန္တလေးမြို့ရှိ အင်္ဂလိပ် ကိုယ်စားလှယ် ကပ္ပတိန်စထရိုဗာ (Captain Strover)ထံ ရောက်ရှိလာခဲ့သည်။ အင်္ဂလိပ်ကိုယ်စားလှယ်၏ အိမ်တွင်သာတည်းခိုခဲ့ပြီး မင်းတုန်းမင်း ရှေ့တော်သို့လည်း ဝင်ခဲ့သည်။
Feb 03, 2023
၁၈၇၅ ခုနှစ်တွင် နိုင်ငံတကာရေးရာနှင့်ပတ်သက်၍ အတွေ့အကြုံရှိသူ ရုရှားလူမျိုးမစ္စတာဂျီနဲနူကောဗ့် (Mr. G.Neniukov) အား မြန်မာ- ရုရှား ဆက်ဆံရေး အကျိုးဆောင်အဖြစ်ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်ချဉ်းကပ်ခဲ့သည်။ ၎င်း၏ အရှေ့တိုင်းခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ၏ အဓိကမြို့ကြီးများကို သွားရောက်လည်ပတ်ခဲ့ပြီးနောက် ၁၈၇၅ ခုနှစ် အစောပိုင်းတွင် မန္တလေးမြို့ရှိ အင်္ဂလိပ်ကိုယ်စားလှယ် ကပ္ပတိန်စထရိုဗာ (Captain Strover)ထံ ရောက်ရှိလာခဲ့သည်။ အင်္ဂလိပ်ကိုယ်စားလှယ်၏ အိမ်တွင်သာတည်းခိုခဲ့ပြီး မင်းတုန်းမင်းရှေ့တော်သို့လည်း ဝင်ခဲ့သည်။
Feb 02, 2023
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ပထဝီတည်နေရာ အနေအထားအရ မိုင်ပေါင်း ၄၀၀၀ ကျော် ဝေးကွာသော်လည်း ယနေ့လက်ရှိကာလတွင် နှစ်နိုင်ငံအကြားဆက်ဆံရေးမှာ မိတ်ဆွေရင်း မက၊ ညီရင်းအစ်ကိုပမာ စိတ်ချင်း၊ နှလုံးသားချင်း ဆက်နွှယ်ရစ်ပတ်လျက် ရှိသည်။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်မှစတင်၍ သံတမန်ဆက်ဆံရေး စတင်ခဲ့ရာ ယခုနှစ်တွင် ၇၅ နှစ် တိုင်တိုင် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး စိန်ရတုအချိန်ကာလနှင့် တိုက်ဆိုင်စွာပင် နှစ်နိုင်ငံဆက်ဆံရေးသည် သမိုင်းကြောင်းတစ်လျှောက် အထွန်းလင်းအတောက်ပဆုံး အချိန်ကာလပင်ဖြစ်သည်။ မူလရှိရင်းစွဲ နှစ်နိုင်ငံဆက်ဆံရေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဦးဆောင်မှုအောက်တွင် သိသာထင်ရှားစွာ တိုးတက် လာခဲ့ပေသည်။
Feb 01, 2023
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်သောနိုင်ငံဖြစ်သည်။ နိုင်ငံကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။
Jan 30, 2023
ဩစတြီးယားသမ္မတနိုင်ငံသည် ဂျာမနီ၊ ဟန်ဂေရီ၊ အီတလီ၊ လစ်ချ်တင်စတိန်း၊ ဆလိုဗား ကီးယား၊ ဆိုဗေးနီးယားနှင့် ဆွစ်ဇာလန်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အရှေ့အလယ်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည်။ နိုင်ငံ၏အကျယ်အဝန်းမှာ ၈၃၈၇၈ စတုရန်းကီလိုမီတာ (၃၂၃၈၅ စတုရန်းမိုင်) ကျယ်ဝန်းပြီး လူဦးရေ ၈ ဒသမ ၉၅ သန်းခန့်ရှိသည်။ ဩစတြီးယားသည် ပါလီမန်ဒီမို ကရေစီနိုင်ငံဖြစ်သည်။ ဩစတြီးယားနိုင်ငံ၏ မြို့တော် ဗီယင်နာ (Vienna)သည် လူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိသော အကြီးဆုံးမြို့တော်ဖြစ်သည်။
Jan 30, 2023
နိမ့်ပါးနေသည့် ကိုယ့်နိုင်ငံကို ပြန်လည်တွန်းတင်ပေးနိုင်သူ၊ ပြန်လည်နိုးထစေသူ၊ ခွန်အားသစ်များပြန်လည်မွေးဖွားပေးနိုင်သူ စသည်ဖြင့် ကမ္ဘာ့ခေါင်းဆောင်များစွာ ရှိကြပေမည်။
Jan 30, 2023
မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ (ယခင်ဆိုဗီယက်ပြည်ထောင်စု)တို့အကြား ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်က သံတမန်ဆက်ဆံရေးကို စတင်ခဲ့ သည့်အတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် (၇၅)နှစ် တင်းတင်းပြည့်မြောက်တော့မည်ဖြစ်သည်။ နှစ်နိုင်ငံမိတ်ဖက် သံတမန်ဆက်ဆံရေးသည် စိန်ရတုပင်တိုင်ခဲ့ချေပြီ။
Jan 29, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် “ကျောင်းနေရွယ်ကလေးတိုင်း (KG + 9) အခြေခံပညာအလယ်တန်းအဆင့် ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရန် ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း” မကြာခဏ လမ်းညွှန်မှာကြားလေ့ရှိပါသည်။
Jan 28, 2023
ခမ်းနားသည်၊ ကြီးကျယ်မြင့်မြတ်လှသည်။ ချီးမြှောက်မှု၊ တမ်းတမှု၊ ဂုဏ်ပြုမှု၊ ဂုဏ်ယူမှုတို့ဖြင့် ပြည့်နှက်နေသော နှစ်သစ်တစ်ခု၏ ဦးဆုံးနေ့တစ်နေ့၊ ဟေမာန်ဆောင်းဦးမြူနှင်းထုမှောက် နေရောင်အောက်ဝယ် ရဲရင့်မှု၊ ညီညွတ်မှုတို့နှင့်အတူ လွတ်လပ်မှုကိုထင်ဟပ် သည့်အလှတရားများ ဆုံဆည်းရာပန်းချီကားတစ်ချပ်သဖွယ်၊ ဂျူဘလီ (Jubilee)ဟု ရည်ညွှန်းသောဂုဏ်ယူဖွယ်ရာ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကြီးကား ဆင်ယင်ကျင်းပအောင်ပွဲခံခဲ့ပါပြီ။
Jan 27, 2023
စာရေးသူအနေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့ ခရိုင်မှူး/ မြို့နယ်ဦးစီးမှူး စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွေမှာ ခေါင်းဆောင်မှု ဘာသာရပ်ကို သင်ပေးလေ့ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်တွေအကြောင်း၊ ဆင်းရဲရတဲ့အကြောင်းရင်း၊ အာဆီယံနိုင်ငံများရဲ့ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းအခြေအနေတွေကိုလည်း မျှဝေသင်ကြားပေးခဲ့ပါတယ်။ ဆင်းရဲရတဲ့အကြောင်းရင်းတွေ၊ ဆင်းရဲမှုလျှော့ချရေး ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေအကြောင်းကို မျှဝေပေးဖို့ စဉ်းစားမိလို့ ယခုဆောင်းပါးကို ရေးဖြစ်ပါတယ်။
