Apr 27, 2022
မြန်မာနိုင်ငံသည် မြစ်၊ ချောင်း၊ အင်း၊ အိုင် ပေါများသဖြင့် ငါးသယံဇာတ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်ကာ ကမ္ဘာပေါ်တွင် ငါးနှင့် ရေသယံဇာတ ပိုင်ဆိုင်မှုအဆင့် ၁၄ တွင်ရှိသည်။ ရေချိုငါးလုပ်ငန်းသည် နိုင်ငံတော်၏ စီးပွားရေး၊ ရိက္ခာဖူလုံရေးနှင့် ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်းမှုအတွက် အဓိကအရင်းအမြစ်တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံ ရေချိုငါးဖမ်းလုပ်ငန်း၏ ထုတ်လုပ်မှုသည် အရှေ့တောင်အာရှတွင် အမြင့်ဆုံးဖြစ်ပြီး ပြည်တွင်း ငါးထုတ်လုပ်မှု၏ ၂၈ ရာခိုင်နှုန်းခန့်ရှိကြောင်း စစ်တမ်းများက ဖော်ပြကြသည်။ သို့ရာတွင် ယခုအခါ လူဦးရေ ထူထပ်လာခြင်း၊ စီးပွားရေး ကျပ်တည်းလာခြင်းနှင့် အလွန်အကျွံဖမ်းဆီးမှုများရှိနေခြင်းတို့ ကြောင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များသာမက မြန်မာ့ပင်လယ်ပြင်၌လည်း ငါးဖမ်းဆီးရရှိမှု လျော့နည်းလျက်ရှိသည်။
Apr 27, 2022
အချိန်အခါသင့်၍ ပြုသင့်ပြုထိုက်သည့် ငြိမ်းချမ်းရေးကမ်းလှမ်းချက်တစ်ခု၊ ကမ်းလှမ်းလိုက်ပါပြီ။
Apr 26, 2022
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို တည်ဆောက်ရာ၌ နိုင်ငံတော်၏အုပ်ချုပ်ရေး ယန္တရားကို အဓိကမောင်းနှင်နေသော နိုင်ငံ့ဝန်ထမ်း များ၏အခန်းကဏ္ဍသည် လွန်စွာအရေးကြီးလှပါသည်။
Apr 25, 2022
“ယနေ့လူငယ် နောင်ဝယ်လူကြီး”ဟူသည့် ဆိုစကားအတိုင်း ယနေ့လူငယ်များသည် အနာဂတ်၏ ခေါင်းဆောင်များ ဖြစ်ကြသည်။ အနာဂတ် နိုင်ငံတော်၏ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ စည်ပင်သာယာဝပြောမှုသည် ယနေ့လူငယ်များ၏ အသိဉာဏ်ပညာ အတွေးအခေါ် မြင့်မားမှုနှင့် ကြိုးစားအားထုတ်မှုတို့အပေါ် များစွာမူတည်သည်။ သို့ဖြစ်၍ နိုင်ငံ့ခွန်အားအစစ်ဖြစ်သော လူငယ် လူရွယ်လေးများကို ကျောင်းနေစဉ်အရွယ်မှစ၍ နည်းလမ်းမျိုးစုံဖြင့် ပြုစုပျိုးထောင်ပေးရန် လိုအပ်သည်။ ထိုသို့လူငယ်များကို အရည်အချင်းပြည့်ဝသည့် လူကောင်း လူတော်လေးများ ဖြစ်လာစေရန် ပျိုးထောင်ရာတွင် မူပိုင်ခွင့်စနစ်သည်များစွာ အထောက်အပံ့ပေးနိုင်မည် ဖြစ်သည်။
Apr 25, 2022
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို တည်ဆောက်ရာ၌ နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားကို အဓိကမောင်းနှင်နေသော နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးလှပါသည်။
Apr 24, 2022
ယနေ့ကမ္ဘာမှာကပ်ရောဂါလွန်ကာလ ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အားယူနေကြပြီ ဖြစ်သလို ငွေကြေးမတည်ငြိမ်မှုနဲ့ စီးပွားရေးကျပ်တည်းမှုတွေက လွတ်မြောက်ရေး ကိုလည်း နိုင်ငံ အသီးသီးကကြိုးစားရုန်းကန် နေကြချိန်လည်းဖြစ်ပါတယ်။ အခုလိုအခြေအနေမှာ သက်ဆိုင်ရာ မိခင်နိုင်ငံရဲ့ အခြေခံစီးပွားရေး လုပ်ငန်းတွေအပေါ်မူတည်ပြီးလုပ်ငန်းတွေ အောင်မြင်စွာလည်ပတ် နိုင်ရေးနဲ့နိုင်ငံသား တစ်ဦးချင်းစီရဲ့ အလုပ်အကိုင်ရရှိနိုင်မယ့် အခွင့်အလမ်းတွေကလည်း ကွဲပြား လျက်ရှိကြ ပါတယ်။
Apr 23, 2022
ဂျိုဆွန်းခေတ် နန်းတွင်းရိုးရာ ဝတ်စုံကိုယ်စီ ဝတ်ဆင်ထားသော ကိုရီးယား ကလေးငယ် များသည် နန်းတွင်းရတနာ(၂) ဇာတ်ဝင်ခန်း သီချင်းကို သံပြိုင်သီဆို၍ အဖွဲ့လိုက် သရုပ်ပြတင်ဆက်နေသည်။
Apr 22, 2022
မိုးရာသီ၌ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း စသည့် ဘေးဒုက္ခအန္တရာယ်များကို တစ်နေရာမဟုတ် တစ်နေရာ၌ အမြဲတစေ ရင်ဆိုင်ကြုံတွေ့ရသကဲ့သို့ မိုးကြိုးအန္တရာယ်ကိုလည်း အချိန်မရွေး ကြုံတွေ့ရနိုင်သဖြင့် ယခုမိုးကြိုကာလတွင် ပိုမိုသတိထားကြရမည်ဖြစ်သည်။
Apr 22, 2022
မြေဆိုသည်မှာ လူတစ်ဦးချင်းမှသည် နိုင်ငံအထိ အရေးပါသည့်အရာ ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအစိုးရများအနေဖြင့် မြေကိုအသုံးပြုရပါသည်။ ကားလမ်း၊ ရထားလမ်း ဖောက်ခြင်းများ၊ တံတားကြီးများ တည်ဆောက်ခြင်း၊ လေယာဉ်ကွင်းများ တည်ဆောက်ခြင်း၊ ခရိုင်ချင်းဆက်၊ မြို့နယ်ချင်းဆက်၊ ကျေးရွာချင်းဆက် လမ်းများဖောက်လုပ်ခြင်းများ၊ အမြန်လမ်းမနှင့် လမ်းမကြီးများချဲ့ထွင် ဆောင်ရွက်ခြင်း၊ တစ်ခါတစ်ရံ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံဆောက်လုပ်ခြင်းများ စသည့် မြေအသုံးပြု ဆောင်ရွက်မှုများကို ရည်ရွယ်ချက်အမျိုးမျိုးဖြင့် နိုင်ငံ၏ လူမှုစီးပွား တိုးတက်ရေးအတွက် ဆောင်ရွက်ရသည်လည်း ဖြစ်ပါသည်။ လူတစ်ဦးချင်းအနေဖြင့် ကြည့်မည်ဆိုပါကလည်း မြေယာပိုင်ဆိုင်မှုရရှိခြင်းသည် အဆိုပါပုဂ္ဂိုလ်၏ လူမှုစီးပွား တိုးတက်မှုနှင့် ဆက်နွှယ်နေသည်လည်း ဖြစ်ပါသည်။
Apr 21, 2022
၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်) တွင် ခရီးသွားလေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်ရာ မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းသည် ပြန်လည်သက်ဝင် စည်ကားလာတော့မည် ဖြစ်သည်။ မြေပြန့်ဒေသ ပင်လယ်ကမ်းခြေအပန်းဖြေလုပ်ငန်းများနှင့် တောင်ပေါ်ဒေသ၏ အပန်းဖြေ ခရီးစဉ်များ ပြန်လည်နိုးထလာတော့မည်ဖြစ်သည်။
