Skip to main content
Mar 23, 2021
*လွတ်လပ်ရေးကြိုးပမ်းမှုနှင့် တပ်မတော်မျိုးစေ့* မြန်မာနိုင်ငံသည် နယ်ချဲ့ အင်္ဂလိပ်တို့၏ မတရား ကျူးကျော်စစ် သုံးကြိမ် ဆင်နွှဲခံရကာ ၁၈၈၅ ခုနှစ် တွင် ထီးကျိုးစည်ပေါက် သူ့လက်အောက်သို့ ကျရောက်ခဲ့ရသည်။ သီပေါဘုရင်နန်းကျသော ၁၈၈၅ ခုနှစ် နိုဝင်ဘာလ၂၈ရက်နေ့မှ လွတ်လပ်ရေး ရသော ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့အထိ ၆၃ နှစ်တိုင်တိုင် လွတ်လပ်ရေး ဆုံးရှုံးခဲ့သည်။ ပထမကျူးကျော်စစ်မှ ရေတွက်လျှင် ကျွန်သက် နှစ်တစ်ရာ ရှိပေသည်။ ။
Mar 23, 2021
မတ်လ ၂၁ ရက် ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာတစ်စောင်ကို ထုတ်ပြန်ထားပါသည်။ ထိုအမိန့်ကြော်ငြာစာတွင် တရားမဝင် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နှင့် ဆက်စပ်သူများ၊ အဖွဲ့အစည်းများကို မတရား အသင်းအဖြစ် ကြေညာလိုက်ခြင်းဖြစ်ပါသည်။ အဘယ့်ကြောင့် ထိုကဲ့သို့ ကြေညာခဲ့ရသနည်းဆိုလျှင် ယင်းအဖွဲ့ အစည်းသည် နိုင်ငံ၏တရား ဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏အေးချမ်းသာယာရေးကို အနှောင့်အယှက်ဖြစ်စေသည်ဟု ယုံကြည်ယူဆသဖြင့် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။
Mar 23, 2021
ဒီနှစ် နွေရာသီမှာ အပူချိန်မြင့်တက်နိုင်ကြောင်းကို မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ကရော နိုင်ငံပိုင်မီဒီယာတွေကပါ မတ်လဆန်း ကတည်းကကြေညာထားတာကိုပျောက်ပျောက် ဖြစ်နေပေမယ့် ဒီရက်ပိုင်း နွေရဲ့ ပူပြင်းတဲ့ အပူချိန်က သိသိသာသာဖြစ်လာတာကြောင့် ချည်သား လက်ရှည်လေးရွေးဝတ်ရင်း စနေ လက်ဖက်ရည်ပိုင်းဆီ ထွက်လာခဲ့တယ်။ ။
Mar 22, 2021
ရခိုင်ပြည်နယ်သည် ဗုဒ္ဓသာသနာထွန်းပြောင်သော နေရာတစ်ခုဖြစ်၍ ဂူဘုရားများစွာ ရှိနေသည်။ ခရစ်သက္ကရာဇ် ၁၅၃၁-၁၅၃၃ ခုနှစ် ဒုတိယ မြောက်ဦး ခေတ်ကို တည်ထောင်ခဲ့သည့် မင်းဗာဘုရင်နန်းတက်လာသည့်အခါ ကုသိုလ်တော်အဖြစ် သဘာဝကျောက်တောင်များကို ဂူထွင်း၍ ဘုရားများ တည်ထားကိုးကွယ် ခဲ့သည်။ မင်းဗာဘုရင်နောက်ပိုင်း ပြောင်းလဲရွေ့လျားလာသည့် ခေတ်အဆက်ဆက်တွင်လည်း ကုသိုလ်ရှင် စေတနာရှင်များက ဂူပေါက်များကို တိုးချဲ့ ထွင်းထုကာ ဘုရားဆင်းတုတော်များကို ထုဆစ်သွန်းလောင်း၊ ကိန်းဝပ်စံပယ်စေပြီး ကိုးကွယ်ခဲ့ကြ၍ ယနေ့တွင် ရခိုင်ပြည်နယ်တစ်ဝန်း၌ ဂူဘုရားများကို ကုသိုလ်ယူ ဖူးမြော်နေကြရသည်။
Mar 22, 2021
နိုင်ငံသားတိုင်း မျှော်လင့်တောင့်တနေတဲ့ ဒီမို ကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေခဲ့တာ ဆယ်စုနှစ်တစ်ခု ကျော်လာခဲ့ပါပြီ။ မဲမသမာမှုတွေ ရှိနေပါတယ်လို့ ပြည်သူက ပြောခဲ့ဖူးပါတယ်။ နိုင်ငံရေးပါတီအချို့ က ထောက်ပြခဲ့ပါတယ်။ တပ်မတော်က သတိပေးခဲ့ပါတယ်။ ပြည်သူ ရွေးချယ်တင်မြှောက်ထားတဲ့ ဒီမိုကရေစီ အစိုးရက အာဏာရှင်ဆန်စွာနဲ့ လျစ်လျူရှုခဲ့ကြတာကို အားလုံးအသိပဲ ဖြစ်မှာပါ။ အကြိမ်ကြိမ် အသိပေး တာ၊ တောင်းဆိုတာ၊ ထောက်ပြဝေဖန်တာတွေကို တပ်မတော်ဘက်ကနေ ထပ်တလဲလဲပြုလုပ်ပြီး တောင်းဆိုခဲ့ပေမယ့် အချည်းနှီးဖြစ်ခဲ့ရတာကို လည်း ပြည်သူအားလုံးတွေ့မြင်ကြရမှာ ဖြစ်ပါ တယ်။
Mar 18, 2021
ဆက်လက်၍ သူရိယနေဝန်းသတင်းဌာနမှ ဦးမိုးဟိန်းက ဒုတိယမေးခွန်း ဖြည့်စွက် မေးချင်ကြောင်း၊ ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ နိုင်ငံတော် တစ်ခုကို အုပ်ချုပ်သည့် အစိုးရဆိုတာသည် ရွေးကောက်ပွဲနှင့် တက်လာသည့် အစိုးရဆိုတာရှိ ကြောင်း၊ ရွေးကောက်ပွဲမကျင်းပဘဲ တိုင်းပြည်ကို တည်ငြိမ်ပြီး တိုးတက်အောင် အုပ်ချုပ်နိုင်သည့် အစိုးရဆိုတာလည်းရှိကြောင်း၊ ဥပမာ ကမ္ဘာ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် အင်အားကြီးနိုင်ငံ ငါးနိုင်ငံထဲမှာမှ ဟိုတုန်းက ဆိုဗီယက် ယူနီယံ၊ နောက်ပိုင်းမှာ ရုရှားဖက်ဒရေး ရှင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒီနှစ်ခုစလုံးသည် ရွေးကောက်ပွဲနှင့် တက်လာသည့်အစိုးရများ မဟုတ်ဟု ကျွန်တော်မြင်ထားကြောင်း၊ ရုရှား ဖက်ဒရေးရှင်းသည် ၁၉၁၇ ခုနှစ် Bolshevik တော်လှန်ရေးမှ ဒီရစ်ဆင်ဖြစ်သည့် ကာလ အထိ ဘာရွေးကောက်ပွဲမှမရှိကြောင်း၊ သို့ပေမယ့် ၎င်းကို နိုင်ငံတစ်ခုအစိုးရတစ်ရပ်အနေနှင့် တစ်ကမ္ဘာလုံးမှလက်ခံပြီး ဆက်ဆံကြောင်း၊ ကျင့်သုံးရကြောင်း၊ ဘာကြောင့်လဲဆိုတာသည် အချုပ်အခြာအာဏာသုံးရပ်ကို ၎င်းတို့ပိုင်ပိုင်နိုင်နိုင် ကျင့်သုံးနိုင်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆိုရင်လည်း ၁၉၄၉ ခုနှစ်မော်စီတုံး တော်လှန်ရေး အောင်မြင်သည့်အချိန်မှ ယနေ့အချိန်အထိ ဘာ ရွေးကောက်ပွဲမှ မရှိကြောင်း၊ ဒါပေမယ့် တရုတ် ပြည်သူ့သမ္မတနိုင်ငံသည် အစိုးရတစ်ရပ်အဖြစ် တောင်မဟုတ် ကမ္ဘာ့အင်အားကြီးနိုင်ငံ၊ ကမ္ဘာ့ နံပါတ်တစ်၊ နှစ်အထိ ရောက်သွားကြောင်း၊ ကျွန်တော်တို့ အိမ်နီးနားချင်းနိုင်ငံများမှာ ဆိုလျှင် လည်း ဘာရွေးကောက်ပွဲမရှိဘဲ တရားဝင် အစိုးရ ခန့်သည့် ဗီယက်နမ် ဆိုရှယ်လစ်နိုင်ငံ၊ လာအို ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ နောက်ဆုံး ကမ္ဘာ ဒီးယားတောင်မှ ရွေးကောက်ပွဲဆိုသည်မှာ စတာသိပ်မကြာသေးကြောင်း၊ ကျွန်တော်တို့သည် ရွေးကောက်ပွဲမရှိသည့် ကာလများကိုကျော်လာပြီး အခုမှ ရွေးကောက်ပွဲစနစ် တပ်မတော်မှခွင့်ပြုပြီး ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်၊ ယခု ၂၀၂၀ ပြည့်နှစ် ဆိုသည်မှာ သုံးကြိမ်မြောက်ဖြစ်လာကြောင်း၊ ဒီကာလမှ ကျွန်တော်တို့ ဒီလိုပြိုင်ဘက်ဖြစ်ရ သည့်အခါမှာ ဒီနေ့ နစကအစိုးရအနေနှင့် အာဏာ သိမ်း အစိုးရလည်း မဟုတ်ကြောင်း၊ အာဏာထိန်း ထားသည်ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) အထဲမှနေပြီး လက်ရှိအာဏာ သုံးရပ်ကို ကျင့်သုံးနေသည်ဖြစ်သည့်အတွက်ကြောင့် ယခုအစိုးရပေါ်မှာ ဝေဖန်နေကြသည့် “အစိုးရဖြစ်ကြောင်း၊ မဖြစ်ကြောင်း၊ တရားမဝင်ကြောင်း၊ CRPH မှ တရားဝင်ကြောင်း ဘယ် ဒေါက်တာသည် တရားဝင်ဖြစ်သည်” ဆိုသည့် အချက်များနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်အနေနှင့် ထပ်ပြီးတော့ အကျယ်တဝင့် ရှင်းလင်းစေလိုပါ သွ ကြောင်း ပြောကြားသည်။
Mar 18, 2021
ဥပဒေများဖျက်သိမ်း တိုင်းပြည်အကျိုးစီးပွားကို ရှေးရှု၍ ပြဋ္ဌာန်း ထားသော ဥပဒေများကို NLD အစိုးရ နိုင်ငံ့တာဝန် ယူစဉ်က မရိုးဖြောင့်သော သဘောထားဖြင့် ဖျက်သိမ်းခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် အရေးပေါ် စီမံမှုအက်ဥပဒေ၊ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်
Mar 18, 2021
မီဒီယာတွေကလည်း ပြောကြရေးကြတယ်။ ငြိမ်းချမ်းစွာဆန္ဒပြသူများကို လုံခြုံရေသာပ်ဖွဲ့ဝင် က အကြမ်းဖက် နှိမ်နင်း တယ်တဲ့။ အနေတော် နိုင်ငံကြီးဘချို့ကလည်း ဒီမိုကရေစီပြန်လည် ရရှိရေး တောင်းဆိုဆန္ဒပြသူတွေကို လုံခြုံရေး အဖွဲ့တွေက အကြမ်းဖက်တုံ့ပြန်တာဟာ စာရိတ္တ ပျက်ပြ၊ ကျင့်ဝတ်ချိုးပေကော်မှုလို့ စွပ်စွဲကြတယ်။ ပြည်တွင်းမှာလည်း အပြစ်မဲ့တဲ့ ပြည်သူတွေကို ရက်ရက်စက်စက် နှိပ်စက်ဖြိုခွင်းတယ်လို့ အော်ဟစ်နေကြတယ်။
Mar 18, 2021
မြန်မာနိုင်ငံကို ငယ်ရွယ်သောနိုင်ငံဟု တင်စား ခေါ်ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံ့ လူဦးရေ အချိုးအစားအရ လူငယ်အသက်အပိုင်း အခြား များပြားသောကြောင့်ပင်။ လူငယ်နှင့် ပတ်သက်၍ "ယနေ့ လူငယ် နောင်ဝယ် လူကြီး" ဆိုသည့် ဆိုရိုးစကားသည် မြန်မာနိုင်ငံတွင် ထင်ရှားသည်။ ထို့ပြင် “လူငယ်တို့သည် တိုင်းပြည်၏ အနာဂတ်ဖြစ်သည်” ဆိုသည်ကို နိုင်ငံရေးသမားတိုင်း ထပ်တလဲလဲ အသုံးပြုများ၍ ရင်းနှီး ကျွမ်းဝင်လှသည့် စကားတစ်ခု။
Mar 15, 2021
လူသားတို့အတွက် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ကြီးထွားသန်စွမ်းစေရန် နေ့စဉ်စားသုံးနေကျ အစာအာဟာရများသည်များစွာအရေးပါသကဲ့သို့ အသိဉာဏ်ပညာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာပေအာဟာရကို ဖတ်ရှုလေ့လာခြင်းသည်လည်း အရေးကြီးပါ သည်။ ထို့ကြောင့် လူကြီးလူငယ်မရွေးစိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် သင့်လျော်ရာ အဆင့်လိုက် စာကောင်းပေမွန်များကို လေ့လာ နေကြရပါမည်။