Aug 24, 2020

နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါတဲ့အချက်တစ်ခုက ရင်းနှီးမြှုပ်နှံမှုပမာဏ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုကတစ်ဆင့် တိုင်းပြည်ရဲ့ ထုတ်လုပ်မှုကို တွန်းအားပေးရာ ရောက်ပါတယ်။ အမှန်တော့ ရင်းနှီးမြှုပ်နှံမှုဟာ အနာဂတ်အတွက် မြှုပ်နှံမှုတွေသာဖြစ်တယ်။ ဒါကြောင့် နိုင်ငံတိုင်းမှာ ရင်းနှီးမြှုပ်နှံမှုကို အားပေးလျက်ရှိပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေတင်သာမက ဖွံ့ဖြိုးပြီးနိုင်ငံတွေအနေနဲ့လည်း ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုကြတယ်။ အားပေးကြတာတွေ့ရပါတယ်။ ရင်းနှီးမြှုပ်နှံမှုကို စဉ်းစားတဲ့နေရာမှာ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှစ်ပိုင်းရှိတာကို သတိပြုရမှာဖြစ်ပါတယ်။
Aug 24, 2020

ပြီးခဲ့သည့်လအတွင်းက ကိုဗစ်-၁၉နှင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများအကြောင်းကို ဆောင်းပါးရေးသားခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အသွားအလာများကန့်သတ်ထိန်းချုပ်လိုက်သဖြင့် ကာဗွန်ထုတ်လွှတ်မှုလျော့ကျပြီး သဘာဝပတ်ဝန်းကျင် ပြန်လည်သန့်စင်သွားသည့်အကြောင်းကို ရေးသားခဲ့ခြင်း ဖြစ်သည်။
Aug 24, 2020

ယနေ့တွင် ကျွန်တော်သည် ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် အလည်အပတ်လာရောက်လျက်ရှိပါသည်။ ကျွန်တော်သည် ယခုခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံသို့ သုံးကြိမ်တိုင်တိုင် လာရောက်လည်ပတ်ခဲ့ဖူးပြီး ၂၀၁၄ ခုနှစ် ခရီးစဉ်နောက်ပိုင်း ပထမဦးဆုံး လာရောက်ခြင်းဖြစ်သည့် ယခုခရီးစဉ်တွင် မြန်မာနိုင်ငံ၏ သိသာထင်ရှားသော ဖွံ့ဖြိုးတိုးတက်မှုများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရတော့မည်ဖြစ်သည့်အတွက် အထူးဝမ်းမြောက်စွာ မျှော်လင့်စောင့်စားလျက်ရှိပါသည်။
Aug 23, 2020
နိုင်ငံသားများ၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းရန်၊ သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များ အပြည့်အဝရရှိစေရန်အတွက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့နှင့် စတုတ္ထမဏ္ဍိုင်သတင်းမီဒီယာများအကြား တွေ့ဆုံဆွေးနွေးအဖြေရှာရန် စတုတ္ထအကြိမ် မဏ္ဍိုင် (၄) ရပ်အလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ် ၂၁ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။
Aug 23, 2020
သင်တန်းတွင် ကိတ်မုန့်၊ နနွင်းမကင်း၊ ရေခဲမုန့် စသည့် မုန့်လုပ်နည်းများ သင်ကြားပေးလျက်ရှိသည်။ သင်တန်းပြီးပါက Bakery ဆိုင်တစ်ခု ဖွင့်လှစ်ရန် စိတ်ကူးထားသည့်အတွက် မမေဇင်ဇော်သည် ကြိုးစားသင်ယူလျက် ရှိသည်။
Aug 23, 2020
၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံတော်က ရွေးချယ်ချီးမြှင့်ခြင်းခံရသည့် မျိုးဆက်သစ်လူရည်ချွန်လေးများအား ဂုဏ်ပြုပွဲကို တစ်နိုင်ငံလုံးရှိ ခရိုင်မြို့အများစုတွင် ၂၁- ၈ - ၂၀၂၀ ရက် သောကြာနေ့က တစ်ပြိုင်နက်ကျင်းပရာ ၁၉၆၄- ၁၉၈၈ ခုနှစ်အတွင်း ရွေးချယ်ချီးမြှင့်ခြင်းခံခဲ့ရသည့် လူရည်ချွန်ကြီးများက မိမိတို့ နီးစပ်ရာ ခရိုင်မြို့များသို့ သွားရောက်ပူးပေါင်း၍ ဂုဏ်ပြုခဲ့ကြပါသည်။
Aug 19, 2020
မိမိတို့နိုင်ငံသည် နှစ်ပေါင်းတစ်ရာခန့် သူ့ကျွန်ဘဝတွင် နေထိုင်ခဲ့ရာမှ ၁၉၄၀ ခုနှစ်တွင် လွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အဖြစ် ပေါ်ထွန်းလာခဲ့ပြီး ကမ္ဘာ့အလယ်တွင် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေထိုင်လာခဲ့ကြရသည်မှာ (၂၀) ရာစု ပထမပင်လုံညီလာခံ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ထိုနည်းတူစွာပင် ယခုအစိုးရသစ် တက်ရောက်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည် ဦးဆောင်၍ (၂၁) ရာစု ပင်လုံ ဒုတိယအစည်းအဝေးနှင့် တတိယအစည်းအဝေးများကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ထိုကဲ့သို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ကျင်ပခြင်းကို မိမိတို့နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့က တစ်ခဲနက်ထောက်ခံကြပါသည်။ ယခုကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကြီး အောင်မြင်စွာကျင်းပပြီးစီးပါက တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမှတစ်ဆင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုရရှိလာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို မိမိတို့အားလုံး ပူးပေါင်းတည်ဆောက်နိုင်ကြတော့မည် ဖြစ်ပါသည်။
Aug 18, 2020

မနက်မိုးလင်း ပြုလုပ်နေကျ နိစ္စပါတ်ကုသိုလ်ပြုလုပ်ပြီး စာကြည့်စားပွဲထိုင် သတင်းစာလှန်၊ ကွန်ပျူတာကိုဖွင့်၊ ဖေ့စ်ဘွတ်ကြည့် လိုက်ရင် တစ်နေ့တစ်မျိုး မရိုးရအောင် ကို ပြည်တွင်းပြည်ပ သတင်းစုံကို တွေ့မြင်သိရှိရပါတယ်။ သတင်းတို့ရဲ့သဘာဝအရ တစ်နေ့ကနဲ့ မနေ့က Hot ဖြစ်တဲ့ သတင်းတွေဟာ ဒီနေ့အဖို့ ခေတ်မမီတော့တဲ့ (ခေတ်ပေါ်စကားအရ ဒိတ်အောက်သွားတဲ့) သတင်းတွေ ဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ ၂၀၂၀ နှစ်ဆန်းကတည်းက အခုဒီနေ့ဒီရက်အထိ နေ့စဉ်လို ပါနေ၊ တွေ့နေပေမယ့် မရိုးသွားဘဲ အခုထိ အထူးစိတ်ဝင်စားစွာ မျှော်လင့်မှု၊ စိုးရိမ်ပူပန်မှုတွေနဲ့ ကြည့်နေကြရတဲ့ အကြောင်းကတော့ ကိုဗစ်-၁၉ သတင်းပါပဲ။
Aug 18, 2020

တနင်္သာရီဟူသည့်အမည်ကို မြန်မာနိုင်ငံတောင်ဘက် စွန်းရှိ တိုင်းဒေသကြီး၏ အမည်ဟုသာ သိရှိသူများ၍ တနင်္သာရီမြို့ကိုမူ သိရှိသူ အလွန်မများလှပါချေ။ တနင်္သာရီမြို့သည် ရှေးဟောင်းသုတေသနနှင့် သမိုင်း သုတေသီများစိတ်ဝင်စားသည့် မြို့ဟောင်းတစ်ခုဖြစ်၍ ထင်ရှားသော ရှေးမြို့ဟောင်းများဖြစ်ကြသည့် သာဂရ နှင့်မုတ္ထီးတို့ကဲ့သို့ပင် တနင်္သာရီ တိုင်းဒေသကြီးအတွင်း၌ တည်ရှိသည်။ မြိတ်မြို့မှ တနင်္သာရီမြို့သို့ တနင်္သာရီ မြစ်ကူးတံတားကို ကျော်ဖြတ်၍ မော်တော်ကားဖြင့် အလွယ်တကူ သွားရောက်နိုင်ကာ မောင်းနှင်ချိန် တစ်နာရီခွဲ ဝန်းကျင်သာကြာမြင့်သည်။
Aug 18, 2020

ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ ပထဝီအနေအထား / သဘာဝအနေ အထားအရ ဖွံ့ဖြိုးတိုးတက်မှုကွာဟမှုကို လျှော့ချရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှု လျင်မြန် သွက်လက်စေရန်အတွက် လမ်းပန်းဆက်သွယ်ရေးသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင် လျက်ရှိသည်။