Skip to main content
Aug 29, 2020
နိုင်ငံအား ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒီမိုကရေစီစနစ် တိုးတက်ထွန်းကားလာစေရန် ဆောင်ရွက်ဖို့ဆိုသည်မှာ လွယ်ကူလှသည့်အလုပ်မဟုတ်ပါ။ ပြုပြင်ပြောင်းလဲမှု များအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်မှသာ မိမိတို့သွားလိုသည့် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိမည်ဖြစ် ပါသည်။ ထိုသို့ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့အစည်း များသာမက ပြည်သူအားလုံး ကိုယ်စီကိုယ်စီ အသိစိတ်ဓာတ် ပြည့်ဝစွာဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်လှပါသည်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် ပြည်တွင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (Gross Domestic Product-GDP) မြင့်မားလာစေရေး ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ အခွန်အကောက် ကောက်ခံရရှိငွေ မြင့်မားတိုးတက်လာစေရေး ဆောင်ရွက်ရန်မှာ လည်း အရေးကြီးပါသည်။
Aug 28, 2020
ကိုဗစ် -၁၉ ဟု အမည်သညာတပ်ခဲ့ကြသည့် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို ကမ္ဘာတစ်လွှားက နိုင်ငံသူ နိုင်ငံသားများ ရင်ဆိုင်နေကြရသည်။ ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုနှင့်အတူ သတင်း အမှား၊ သတင်းအတု၊ လုပ်ကြံသတင်းများနှင့် အမုန်းစကားများသည်လည်း တစ်ဟုန်ထိုးပျံ့နှံ့လျက်ရှိသည်။
Aug 28, 2020
အဋ္ဌမအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာများကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်တို့က ညီလာခံအဖွင့် အမှာစကားများ ပြောကြားခဲ့သည်။
Aug 27, 2020
လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦး မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ပြည်နယ်များရှိ လမ်း ၉၂၈ လမ်း စုစုပေါင်းလမ်းမိုင်အရှည် ၂၆၂၀၈ မိုင်အား နှစ်စဉ်ရရှိသည့် ရန်ပုံငွေများ ဖြင့် လမ်းအဆင့် မြှင့်တင်ခြင်း၊ လမ်းဖောက် လုပ်ခြင်းလုပ်ငန်းများကို လမ်းဦးစီး ဌာနအနေ ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
Aug 27, 2020
မော်လမြိုင်မြို့မှ သတင်းစာများ ဗြိတိသျှတို့ စိုးမိုးမှုအောက်တွင် မော်လမြိုင်၌ အခြေချလာသော စက်မှုလုပ်ငန်းများထဲတွင် စာပုံနှိပ်စက် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။ စာပုံ နှိပ်စက်ကို ၁၃ဝ ပြည့်နှစ်ခန့်တွင် ခရစ်ယာန်သာသနာပြု များက စတင်တည်ထောင်ခဲ့ကြသည်။ ခရစ်ယာန် သာသနာပြုရေးအတွက် ခရစ်ယာန်ကျမ်းစာများကို ပုံနှိပ် ထုတ်ဝေနိုင်ရန် ရည်ရွယ် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ အမေရိကန် သာသနာပြုဆရာကြီး Rev. C.Bennett ယူဆောင်လာကာ စတင်တည်ထောင်ခဲ့သော Free School Press မှာ ပထမဦးဆုံးသော စာပုံနှိပ်စက် ဖြစ်မည် ဟု ယူဆရသည်။ ဘင်းနက်သည် အစိုးရအခမဲ့ကျောင်းတွင် ကျောင်းအုပ်အဖြစ် လုပ်ကိုင်ရင်း ကျောင်းအုပ် အလုပ်နှင့်အတူ သာသနာပြု အလုပ်၊ ပုံနှိပ်စက် အလုပ်တို့ကို ပူးတွဲလုပ်ကိုင်ခဲ့သည်။ ဘင်းနက်၏စက်သည် သစ်သားလက်ကိုင် လက်လှည့် ပုံနှိပ်စက်များသာဖြစ်သည်။ ၁၈၃၂ ခုနှစ်တွင် အမေရိကန်မှ မစ္စတာဘော်လီ တီး ကတ္တားက ပုံနှိပ်စက်တစ်လုံးနှင့်အတူ ရောက်ရှိလာခဲ့ ပြန်သည်။ မစ္စတာကတ္တားယူ ဆောင်လာခဲ့သော ပုံနှိပ် စက်မှာ အမေရိကန် ခရစ်ယာန်အဖွဲ့က သာသနာပြု လုပ်ငန်းအတွက် လက်ဆောင် ပေးလိုက်သော စက်ဖြစ်ပြီး သံကိုယ်ထည်ဖြင့် ပြုလုပ်ထားသော Power Machine ဖြစ်သည်။
Aug 26, 2020
ဧရာ၀တီတိုင်းဒေသကြီး၏ မြို့တော်ပုသိမ်မြို့သည် ပုသိမ်ခရိုင်အတွင်းတည်ရှိပြီး ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးလွှတ်တော်တို့ ရုံးစိုက်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ကောင်းမွန်သော မြို့နယ်တစ်ခု ဖြစ်ပါသည်။ ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူ များသွားလာရေး၊ နေထိုင်ရေး အဆင်ပြေလွယ်ကူစေရန်နှင့် ကုန်စည်စီးဆင်းမှုများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်လည်းကောင်း၊ ပုသိမ်မြို့၏ တိုးတက်လာမှု မြန်ဆန်လာသည်နှင့် ပုသိမ်မြစ်၏အနောက်ဘက်ခြမ်းတွင် မြို့ပြအိမ်ရာများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်းကောင်း ရည်ရွယ်ချက်များဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ က ပုသိမ်တံတားတည်ဆောက်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။
Aug 25, 2020
အချုပ်အခြာအာဏာပိုင် နိုင်ငံများသည် မိမိတို့၏ နိုင်ငံအတွင်းသို့ ဝင်/ ထွက် သွားလာသူများအား တရားဝင် ခွင့်ပြုချက်ဖြင့်သာ ဝင်/ထွက်ခွင့် ပြုစေပါသည်။ ထို့ကြောင့် မိမိတို့နိုင်ငံနှင့် ကိုက်ညီ သင့်လျော်မည့် လူဝင်မှုကြီးကြပ်ရေး ဥပဒေနှင့် နိုင်ငံခြားသားများနှင့်ဆိုင်သော ဥပဒေများကို ပြဋ္ဌာန်းပြီး တရားဝင်ခွင့်ပြုချက်မရှိဘဲ ဝင်/ထွက် သွားလာနေထိုင်သူများကို အဆိုပါဥပဒေများဖြင့် အရေးယူ အပြစ်ပေးလေ့ ရှိပါသည်။
Aug 24, 2020
၂၀၂၀ ပြည့်နှစ် မတ်လဆန်းက ဖြစ်ပါသည်။ ထိုင်းနိုင်ငံရှိ ချူလာလောင်ကွန် တက္ကသိုလ်၌ ပါရဂူဘွဲ့သင်တန်း တက်ရောက်နေသော တပည့်လေးက မေးမြန်းခဲ့ဖူးသည်။
Aug 24, 2020
မြန်မာစာ-မြန်မာစကားထဲတွင် မြှုပ်နှံလေ့လာခဲ့သူ နိုင်ငံခြားပညာရှင်များစွာ ရှိပါသည်။ ထိုပညာရှင်များထဲတွင် လူသိများလှသော (ကမ္ဘာသိ) ပညာရှင်တစ်ဦးမှာ ဆရာကြီးဂျွန်အိုကယ် ဖြစ်ပါသည်။ ဆရာကြီး၏ နာမည်အပြည့်အစုံမှာJohn William Alan Okell ဖြစ်ပါသည်။ ဆရာကြီးသည် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိကပညာသင်ကျောင်း (SOAS) တွင် မြန်မာစာ ကထိက၊ မြန်မာစာဝါရင့်ကထိက စသည်ဖြင့် နှစ်ပေါင်း ၃၀ ကျော် ထမ်းဆောင်ခဲ့သည်။ ဆရာကြီးသည် မြန်မာစာ- မြန်မာစကားနှင့်ပတ်သက်သော စာအုပ်စာတမ်းများစွာ ရေးသားခဲ့သော ကြောင့် ဆရာကြီး၏နာမည်ကို ရန်ကုန်တက္ကသိုလ် ဘွဲ့ကြို-ဘွဲ့လွန်ကျောင်းသားဘဝ ကပင် ဆရာများထံမှ မကြာခဏ ကြားခဲ့ရဖူးပါသည်။ ဆရာကြီးနှင့် ရင်းနှီးသူများက ကိုအုတ်ခဲဟူ၍ မြန်မာဆန်ဆန်ခေါ်သည်ကိုလည်း ကြားခဲ့ဖူးပါသည်။
Aug 24, 2020
“အရင်တစ်ပတ်က စကားစရင်းနဲ့ မြန်မာစာအရေးအသား မပေါ်ပေါက်ခင်ကတည်းက မြန်မာနိုင်ငံမှာ ပါဠိစကားကိုအသုံးပြုနေပြီဆိုတဲ့အကြောင်းပြောခဲ့တာ မှတ်မိလား”