Dec 19, 2020
၁၉၂၀ ပြည့်နှစ်က စတင်မွေးဖွားခဲ့တဲ့ အမိတက္ကသိုလ်ကြီး ၂၀၂၀ ပြည့်နှစ်မှာ မွေးနေ့ နှစ်(၁၀၀)ပြည့်ပါပြီ။ သမိုင်း တစ်လျှောက် ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ မြင့်ခြင်း၊ နိမ့်ခြင်း စတဲ့ လောကဓံတရားတွေကို ကြံ့ကြံ့ခံပြီး အသက် ၁၀၀ တိုင်ခဲ့ပါပြီ။ သားသမီးတွေ ပျော်ရွှင်ရယ်မောရင် သူလည်း အတူပျော်ခဲ့ပြီး သားသမီးတွေ ဝမ်းနည်းကြေကွဲရင်တော့ တိတ်တဆိတ် ငိုကြွေးနေခဲ့မှာပါ။ သမိုင်းကြောင်းလှခဲ့တဲ့ အမိတက္ကသိုလ်အတွက် အမြဲဂုဏ်ယူရသလို အမိ တက္ကသိုလ်ရဲ့ သားသမီးဖြစ်ခွင့်ရခဲ့တာကိုလည်း ကျေနပ် ဂုဏ်ယူလို့ မဆုံးပါဘူး။ ရာပြည့်မွေးနေ့မှာ သားသမီး တစ်ယောက်အနေနဲ့ မွေးနေ့လက်ဆောင်အဖြစ် ဒီစာလေးကို ပေးချင်ပါတယ်ရှင်။
Dec 19, 2020
၁၉၈၅ ခုနှစ်ဝန်းကျင် စာရေးသူ ၈ တန်းကျောင်းသူ အရွယ်လောက်က “ကျောင်းဖွင့်ရင် ရည်းစားလေးကို ခေါ်ပြီး ဦးချစ်လက်ဖက်ရည် သွားသောက်မယ်” ဆိုတဲ့ ကိုင်ဇာနဲ့ မေဆွိတို့ရဲ့ စုံတွဲတေးသီချင်းတွေ ခေတ်အစား ဆုံးအချိန် ဖြစ်ခဲ့ပါတယ်။ အဲဒီနှစ်တွေက ထွက်ခဲ့တဲ့ စတီရီယိုသီချင်းတွေ တော်တော်များများမှာ ရန်ကုန် တက္ကသိုလ်နဲ့ပတ်သက်တဲ့သီချင်းတွေ တော်တော် များများ သီဆိုခဲ့ကြပါတယ်။
Dec 18, 2020
ဤဆောင်းပါးကို ဖော်ပြရန်ကျန်ရှိသော ရန်ကုန်တက္ကသိုလ်မှ အခြေခံသိပ္ပံပညာ ထူးချွန်ဆုရ ရောင်းရင်းများနှင့် အစပြုလိုပါသည်။
Dec 18, 2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်အသီးသီးတို့က ပုံစံအမျိုးမျိုးဖြင့် ရှုမြင်သုံးသပ်ရေးကြ၊ ပြောဆိုကြလျက်ရှိသည်။ ရွေးကောက်ပွဲကျင်းပခြင်း လုပ်ငန်းစဉ်များတွင် ပါဝင် ဆောင်ရွက်ခဲ့ရသူတစ်ဦးအနေဖြင့် ရွေးကောက်ပွဲရှုမြင်သုံးသပ်ချက်ကို အနှစ်ချုပ်မျှဝေပါရစေ။
Dec 18, 2020
ဒစ်ဂျစ်တယ် နည်းပညာဖြင့် e-Commerce စနစ်ကို အသုံးပြု၍ ကုန်စည်နှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင် လက်တွေ့ရောင်းချ၊ ဝယ်ယူမှုအခြေအနေနှင့် ပတ်သက်ပြီး ဗဟုသုတ မျှဝေ ပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၁၇ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့် ပြသခဲ့ရာ ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Dec 18, 2020
ရန်ကုန်တက္ကသိုလ်သည် စစ်မဖြစ်မီ အချိန်ကာလနှင့် လွတ်လပ်ရေးရပြီးသည့် ဆယ်စုနှစ်ပိုင်း အချိန်ကာလအထိ အရှေ့တောင် အာရှတက္ကသိုလ်များ စာရင်းတွင် ထိပ်ဆုံးတန်းမှ ရှိနေသည့် နိုင်ငံ့ဂုဏ်ဆောင်တက္ကသိုလ်ကြီးတစ်ခု ဖြစ်ခဲ့ပါသည်။ ၎င်းကိစ္စနှင့် ပတ်သက်၍ မိမိအနေဖြင့် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့တွင် ကျင်းပသော ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ်စတင်ကြောင်း ကြေညာခြင်းအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် အဖွင့်အမှာစကားကို အောက်ပါအတိုင်း ကောက်နုတ်တင်ပြလိုပါသည်-
Dec 18, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတစ်ခုကို အသိပေးကြေညာချက် ထုတ်ပြန်ခဲ့တာ သတင်းစာ တွေထဲမှာ ဖတ်ရပါတယ်။ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန် ကြေညာချက်မှာ အဲဒီပါတီဟာ ရွေးကောက်ပွဲ တာဝန်ရှိသူများ အပေါ် ခြိမ်းခြောက်ကာ ရွေးကောက်ပွဲလုပ်ငန်းကို နှောင့်ယှက်စော်ကားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေများ၊ နည်းဥပဒေများကို လေးစားလိုက်နာမှုမရှိတာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ အသိပေး ကြေညာချက်ထဲမှာ ဥပဒေတွေ၊ ပုဒ်မတွေ ဖော်ပြထားတာတွေ့ရတော့ တော်တော်စိတ်ဝင်စား သွားပါတယ်။
Dec 17, 2020
ရန်ကုန်မြို့မှ ၁၇၉ မိုင်ကွာဝေးသည့် ပဲခူးတိုင်း ပြည်မြို့သို့ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ကျောင်းသူ သုံးဦး၊ ကျောင်းသား ၂၁ ဦးနှင့် အုပ်ချုပ်သူ တက္ကသိုလ်အုပ်ချုပ်ရေး ရုံးမှ ဝန်ထမ်းတစ်ဦးတို့ ခြေလျင်ခရီးသွားရောက်ခဲ့သည်။ လွန်ခဲ့သည့် ၁၉၇၀ ပြည့်နှစ် ရွှေရတုတက္ကသိုလ်မတိုင်မီ ၁၉၆၉ ခုနှစ်အတွင်း ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ဘာသာပေါင်းစုံမှ ကျောင်းသား ကျောင်းသူများသည် တန်ခူးလ၏ ပူပြင်းသောနေရောင်အောက်တွင် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်သို့ မလျှော့သော ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်ခွန်အားဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ ပါသည်။
Dec 17, 2020
မြန်မာတို့သည် ရှေးသမိုင်းဦးခေတ်ကပင် အုတ်ဖုတ်တတ်ခဲ့ကြသည်။ မြန်မာနိုင်ငံ အရပ်ရပ်ရှိ စေတီပုထိုးများ၊ မြို့ရိုးတံတိုင်း များက မြန်မာ့လက်လုပ်အုတ်၏ စွမ်းပကားကို အထင်အရှားပြဆိုလျက်ရှိနေကြသည်။ ကိုလိုနီခေတ် သက်တမ်းတစ်လျှောက် တွင်လည်း မြန်မာ့လက်လုပ်အုတ်များကပင် နေရာရခဲ့သည်။ ၁၉၂၆ ခုနှစ်ခန့်တွင်မူ အစိုးရကတည်ထောင်သော အုတ်စက်နှစ်စက် ပေါ်လာခဲ့သည်။ အစိုးရက ထိုကဲ့သို့ အုတ်စက် တည်ထောင်ရခြင်းမှာ အစိုးရ၏ အဆောက်အအုံများကို ဆောက်လုပ်ရာတွင် အရပ်သားများထံမှ အုတ်ဝယ်ယူရခြင်းမှာ မဖြစ်သင့်ဟု ထင်မြင်ယူဆသောကြောင့် ဖြစ်သည်ဟုဆိုသည်။ ထိုကြောင့်ပင် အစိုးရ၏ Public Works ဌာနသည် ကံဘဲ့တွင် အုတ်စက်တစ်ခုနှင့် မင်္ဂလာဒုံတွင် အုတ်စက်တစ်ခုကို တည်ထောင်ခဲ့သည်။
Dec 17, 2020
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်တည်ထောင်ခြင်း နှစ် (၁၀၀) ပြည့် မြောက်ခဲ့လေပြီ။ ရန်ကုန်တက္ကသိုလ်ဥပဒေကို ၁၉၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၄ ရက် နေ့တွင် ဘုရင်ခံချုပ်က သဘောတူခဲ့ပြီးနောက် ဥပဒေအရ အာဏာတည်သော ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ဖြစ်ပေါ်လာခဲ့ပါ
