Jul 04, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဇူလိုင် ၁ ရက်က ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ သင်းအုပ်ဆရာ သိက္ခာတော်ရဆရာတော်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Jul 04, 2026
(၁၁၅) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယမန် နေ့နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ သက်ဆိုင်ရာပညာရှင်များက မြန်မာနိုင်ငံ၏ လက်ရှိဂျုံစိုက်ပျိုးထုတ်လုပ်မှုနှင့် ဂျုံစိုက်ပျိုးရေးအထွက်တိုးနည်းပညာခေါင်းစဉ်နှင့် ရောင်းတန်းဝင်အရည်အသွေးကောင်း ဂျုံမျိုးသစ်များ၏ အရည်အချင်းလက္ခဏာများနှင့် မျိုးစေ့ထုတ်လုပ်ပွားများမည့် အစီအစဉ်ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးကြသည်။
Jul 03, 2026
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်းကျန့်မြို့တွင် ဇွန် ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Shanghai Cooperation Organization Development Bank – SCOB) တည်ထောင်မှုဆိုင်ရာ ဒုတိယဝန်ကြီးအဆင့် စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့်အဖွဲ့ တက်ရောက်သည်။
Jul 03, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ဇွန် ၃၀ ရက်က တီးတိန် - သိုင်းငင်း - ဖလမ်းလမ်းပိုင်းအခြေအနေ၊ ဖလမ်းမြို့၌ ယာယီဆေးရုံဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုခဲ့သည်။
Jul 03, 2026
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
Jul 02, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဇွန် ၂၉ ရက်တွင် တီးတိန်မြို့ စည်ပင်သာယာဈေး (မြို့မ) တွင် ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှုနှင့် စကောလမ်းရပ်ကွက် စည်ပင်သာယာဈေးတွင် ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးသည်။
Jul 02, 2026
နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲကို ဇွန် ၃၀ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတရုံး ဘက်စုံသုံးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံခရီးစဉ်များအတွင်း ဆောင်ရွက်ချက်များ၊ အစိုးရ၏ ရက် ၁၀၀ စီမံချက်အတွင်း ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
Jul 02, 2026
ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းနှင့်အတူ ခေတ်မီ DEMU ရထားတွဲဆိုင်းများဖြင့် လူစီးရထားများ ပြေးဆွဲလျက်ရှိသည်။
Jul 02, 2026
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲမှ ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အမှတ် (၁) လေ့ကျင့်ရေးကွင်း၌ သက်ဆိုင်ရာအားကစားနည်းများအလိုက် ဆက်လက်ယှဉ်ပြိုင်ကစားကြရာ ယနေ့တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပြိုင်ပွဲဝင်အသင်းများ၊ အုပ်ချုပ်သူနည်းပြများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
Jun 30, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဇွန် ၂၇ ရက်က တွန်းဇံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jun 29, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ယမန်နေ့က တီးတိန်-တွန်းဇံ လမ်းပိုင်းအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လမ်းများအား ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်၊ လိုအပ်သည့်နေရာများတွင် Culvert များ တည်ဆောက်ရန်၊ မိုးရာသီတွင် ရေမတင်စေရေး အလေးထားဆောင်ရွက်ရန်၊ မိုးတွင်းတွင် တောင်ပြို၍ လမ်းပြတ်တောက်မှုမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြိုတင်စုဖွဲ့၍ အလေးထားကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။
Jun 28, 2026
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးသည် ယနေ့တွင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၄၆/၀) မိုင် ဝါးကတုတ်ပျိုးဥယျာဉ်၌ ပျိုးပင်များ ပျိုးထောင်ထားရှိမှုနှင့် ဖြန့်ဝေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
Jun 28, 2026
ကွန်ပျူတာအခြေပြု စာမေးပွဲစင်တာ (Computer Based Examination Centre) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်ရှိ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပရာ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူ၊ ဌာနဆိုင်ရာများ၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရေကြောင်းဘက်ဆိုင်ရာသင်တန်း ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jun 28, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ဇွန် ၂၆ ရက်က ချင်းပြည်နယ် တီးတိန်မြို့ရှိ ဌာနဆိုင်ရာရုံးများ ဖွင့်လှစ်နေမှုနှင့် ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Jun 28, 2026
၂၀၂၆ ခုနှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Jun 27, 2026
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားကွင်းအတွင်းရှိ ဌာနပိုင် အဆောက်အအုံဟောင်းများ ဖျက်သိမ်း၍ လေလံတင်ရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပသည်။
Jun 27, 2026
၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားများကို နေပြည်တော်ကောင်စီနယ်မြေ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကျင်းပခဲ့ပြီး တောင်ကြီးမြို့၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ ဖျက်ဆီးခြင်းကို တစ်ပြိုင်တည်း ကျင်းပကြကာ စာပေ၊ ဂီတပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ကြသည်။
Jun 27, 2026
လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ဇွန် ၂၅ ရက်က ကျင်းပသည့် (၁၄) ကြိမ်မြောက် မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် ဦးဆောင်ကော်မတီအစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးနှင့်အဖွဲ့ တက်ရောက်သည်။
Jun 27, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ယနေ့တွင် ချင်းပြည်နယ် တီးတိန်မြို့ရှိ ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ဆေးရုံအုပ်ကြီး၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
Jun 25, 2026
သစ်အခြေခံစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
