Dec 20, 2025
(၄၈)ကြိမ်မြောက် တက္ကသိုလ်ဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲ အောင်မြင်ပြီး စိုက်ပျိုးရေးတက္ကသိုလ်(ရေဆင်း)တွင် တတိယနှစ်သင်တန်း တက်ရောက်ခွင့်ရရှိကြသည့် စိုက်ပျိုးရေးဒီပလိုမာ အောင်မြင်ပြီးသူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးတက္ကသိုလ်(ရေဆင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 20, 2025
အွန်လိုင်းအသုံးပြုလိမ်လည်မှုတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အပြည်ပြည်ဆိုင်ရာညီလာခံကို ဒီဇင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Intercontinental Bangkok ဟိုတယ်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 19, 2025
လူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆) (Youth Peace Forum 2026) ဖိတ်ကြားရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၃၁) ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 19, 2025
နေပြည်တော် ဒီဇင်ဘာ ၁၈ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ၏ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
ဆင်လမ်း (၂) ရေလှောင်တမံနှင့် ပင်တီးရေလှောင်တမံစီမံကိန်းဆောင်ရွက်ရန် လျာထားနေရာများ ကွင်းဆင်းကြည့်ရှု
Dec 19, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ် ဆင်ဖြူအင်းကျေးရွာအနီး ဆင်ဖြူချောင်းပေါ်တွင် ဆင်လမ်း (၂) ရေလှောင်တမံနှင့် ပင်တီးကျေးရွာအနီး သဗြိုက်ချောင်းပေါ်ရှိ ပင်တီးရေလှောင်တမံ တည်ဆောက်နိုင်မည့် လျာထားနေရာများကို ကွင်းဆင်းကြည့်ရှုသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 15, 2025
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Amamtara Siam Bangkok Hotel ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၁၂ ရက်အထိ ကျင်းပလျက်ရှိသည့် (၁၄)ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၁၁ ရက် ဒေသစံချိန်တော် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ရောက်ရှိခဲ့သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 14, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့်အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒသကြီး၊ ကမာရွတ်မြို့နယ် ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ Studio A ၌ ကျင်းပပြုလုပ်ရာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 14, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့်အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒသကြီး၊ ကမာရွတ်မြို့နယ် ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ Studio A ၌ ကျင်းပပြုလုပ်ရာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 14, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့်အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒသကြီး၊ ကမာရွတ်မြို့နယ် ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ Studio A ၌ ကျင်းပပြုလုပ်ရာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 14, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ (ဒုတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်းအင်အား ၄၀၀၀ ကျော် ပါဝင်ဆင်နွှဲကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 12, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 11, 2025
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ အဆင့်မြင့်ပညာဦးစီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ တက်ရောက်ကြပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ၊ ဌာနမှူးများက Online ဖြင့် တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 10, 2025
မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ (၃/၂၀၂၅)အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 10, 2025
မန္တလေးငလျင်ကြီးဖြစ်စဉ်တွင် ကျန်းမာရေးကဏ္ဍဆောင်ရွက်ခဲ့မှုများအား လုပ်ငန်းဆန်းစစ်သုံးသပ်မှု အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄)၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ မန္တလေးငလျင်ကြီး ဘေးအန္တရာယ်ကျရောက်ခဲ့သည့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ကျန်းမာရေးကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် အထူးကုဆရာဝန်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 10, 2025
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှု၊ China Foundation Rural Development (CFRD) ၏ ပံ့ပိုးမှုတို့ဖြင့် Panda Pack ၊ Sport Bag ၊ ဆိုလာစာကြည့်မီးလုံးများ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ NFI Kit နှင့် ခြင်ထောင်များပေးအပ်ပွဲအခမ်းအနားများကို ယမန်နေ့မွန်းလွဲပိုင်းတွင် တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာနှင့် သစ်ဆိမ့်ပင်ကျေးရွာအုပ်စု ကြွက်တောကျေးရွာတို့၌ ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 10, 2025
ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ် အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပိုင်ဆယ်အစိုးရ အရာရှိများကောလိပ်မှ တာဝန်ရှိသူများ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၆ ရက်က ဉာဏ်ရည်တု နည်းပညာနှီးနှောဖလှယ်ပွဲ ပဉ္စမနေ့အဖြစ် နန်နင်းမြို့၌ ဆက်လက်လေ့လာသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 05, 2025
လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက လျိုကျိုးမြို့ စက်မှုပြတိုက်သို့ သွားရောက်လေ့လာကြည့်ရှုသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 05, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိခရိုင် ရန်အောင်မြင် ကျေးရွာအုပ်စုရွာမကျေးရွာ ဘောလုံးကွင်းသစ် ဖောက်လုပ်နိုင်ရေးအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 05, 2025
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများတွင် နေ့ကလေးထိန်းဌာနများ ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် အသက်ခြောက်လမှ သုံးနှစ် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
