Skip to main content

Jun 06, 2026

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများတွင် နေ့ကလေးထိန်းဌာနများ ဖွင့်လှစ်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အသက်ခြောက်လမှ သုံးနှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 06, 2026

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်းသည် ယနေ့တွင် ကျောက်ဆည်မြို့ရှိ ဇီဝနည်းပညာသုတေသနဦးစီးဌာနသို့ ရောက်ရှိပြီး သုတေသန လုပ်ငန်းများအား ဒေသတွင်း ကုန်ထုတ်လုပ်မှု၊ MSMEs လုပ်ငန်းများနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝကို တိုက်ရိုက်အကျိုးပြုသည့် လက်တွေ့အသုံးချသုတေသန (Applied Research) များ ဖြစ်လာစေရေး အလေးထားဆောင်ရွက်ရန်နှင့် သုတေသနရလဒ်များကို နည်းပညာလွှဲပြောင်းပေးခြင်း၊ လက်တွေ့ အသုံးချခြင်းတို့ဖြင့် Innovation Ecosystem ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2026

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင်သည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့ရှိ အမှတ် (၈) အထည်စက်ရုံ (ပျော်ဘွယ်) ၌ ချည်မျှင်ထုတ်လုပ်မှု နည်းစဉ်အဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2026

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် အင်ဘက်ကုန်း စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းလီမိတက်မှ အသင်းသားတောင်သူများကို မျိုးနှင့် သွင်းအားစုများ ပေးအပ်ပွဲသို့တက်ရောက်၍ အမှာစကားပြောကြားပြီး အသင်းသား ၂၃ ဦး၏ စိုက်ပျိုးမြေ ၅၅ ဧကအတွက် မျိုးနှင့် သွင်းအားစုများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2026

ကိုယ့်အားကိုယ်ကိုး အေးသာယာကွန်ကရစ်လမ်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျောက်မဲမြို့ အမှတ် (၇) ရပ်ကွက်ရှိ အဆိုပါလမ်း၌ကျင်းပရာ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2026

တိရစ္ဆာန်ဆေးကုသိပ္ပံ ဒီပလိုမာ (၁) နှစ်သင်တန်း သင်တန်းအမှတ်စဉ် (၂) ၏ ဒီပလိုမာလက်မှတ်၊ ထူးချွန်ဆုနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေးတက္ကသိုယ် ရာပြည့်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2026

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ နိုင်ငံပိုင်ဟိုတယ်များ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 02, 2026

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့နံနက်ပိုင်းက ခရီးသွားဆွဲဆောင်ရာ အထင်ကရနေရာတစ်ခုဖြစ်သည့် ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင် ရှုခင်းကြည့်ရထားခရီးစဉ်ဖြင့် ဂုတ်ထိပ်တံတားအား လှည့်လည်ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Jun 02, 2026

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ ကိုလိုနီခေတ်ရှေးဟောင်းအဆောက်အအုံငါးခုဖြစ်သည့် သန့်ရှင်းသူအပေါင်းခရစ်ယာန်ဘုရားကျောင်း (All Saint Church) ၊ နန်းမြိုင်၊ ဂန္ဓမာမြိုင်၊ ယုဇနမြိုင်နှင့် ရွှေနှလုံးတော်ကာသိုလိပ် ဘုရားရှိခိုးကျောင်းတို့ကို ကမ္ပည်းကြေးပြားတပ်ဆင်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြင်ဦးလွင်မြို့ရှိ နန်းမြိုင်ဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 02, 2026

နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန မြန်မာသံတမန်သင်တန်းကျောင်း (Myanmar Diplomatic Academy) နှင့် Nay-pyitaw State Academy တို့ ပူးပေါင်းဖွင့်လှစ်သည့် သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy) အမှတ်စဉ် (၂/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2026

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက်ရှိ အမှတ် (၁) တပ်မတော်လူငယ်ပညာရေး သင်တန်းကျောင်း (ရဲမွန်) သို့ ရောက်ရှိပြီး သင်ကြားသင်ယူမှုဆိုင်ရာပစ္စည်းများ ရောက်ရှိမှုအခြေအနေများနှင့် ဆရာ ဆရာမများ ခန့်အပ်တာဝန်ပေးထားမှုအခြေအနေများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2026

မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းသည် ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်ရှိ မွေးမြူရေးလုပ်ကိုင်သူ တောင်သူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 31, 2026

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ နိုင်ငံပိုင်ဟိုတယ်များ၏ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေမှုအခြေအနေနှင့် မန္တလေးမြို့ ၂၇ လမ်း-၆၈ လမ်းထောင့်နှင့် မန္တလေးဘူတာကြီးတို့တွင် ဖွင့်လှစ်ထားသော သတင်းပြန်ကြားရေးကောင်တာများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 31, 2026

ကာဂျစ်စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့၌ မေ ၂၈ ရက်က ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Shanghai Cooperation Organization Development Bank – SCOB) တည်ထောင်မှုဆိုင်ရာ ဒုတိယဝန်ကြီးအဆင့် တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 29, 2026

၂၀၂၆-၂၀၂၇ မိုး၊ ဆောင်း၊ နွေ ရာသီပြည့် သီးနှံစိုက်ပျိုး ထုတ်လုပ်နိုင်ရေးနှင့် လျာထားချက်အပြည့်အဝအကောင်အထည်ဖော် စိုက်ပျိုးနိုင်ရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြိုနယ် ဘဲကုန်းကျေးရွာ၌ကျင်းပရာ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တောင်သူ ၁၂၂ ဦး တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 29, 2026

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ဟနွိုင်းမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ်ကြီး H.E. Mr. Uladzimir BARAVIKOU အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2026

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန် လမ်းပိုင်း) ရှိ လမ်းအသုံးပြုခကောက်ခံနေသည့် တိုးလ်ဂိတ်များသို့ ရောက်ရှိပြီး လမ်းအသုံးပြုခကောက်ခံမှုစနစ်များနှင့် နည်းပညာဆိုင်ရာ ဆောင်ရွက်ထားမှု၊ အမြန်လမ်းမကြီး၌ ဖြတ်သန်းခွင့်ရှိသည့် Telematic စနစ် တပ်ဆင်ထားသည့် သတ်မှတ်ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်မှန်လုံယာဉ်များ၏ ဘေးအန္တရာယ်ကင်းရှင်း၍ သတ်မှတ်တန်ချိန်ကျော်လွန်မှုမရှိစေရန် တိုးလ်ဂိတ်ရှိ ကတ္တားပေါ်၌ ချိန်တွယ်၍ ဖြတ်သန်းမောင်းနှင်သွားလာနေမှု၊ နေ့စဉ်ကောက်ခံရရှိသည့် လမ်းအသုံးပြုခများကို လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျစာရင်းပြုစုထားမှု၊ တိုးလ်ဂိတ်အဆောက်အအုံနှင့် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ် သမဝါယမ အသင်းစု၏ သူဌေးကုန်းကျေးရွာ စိုက်ပျိုးမွေးမြူရေးခြံ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Myanmar Agri Food ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်သည့်မြေနေရာရရှိရေး၊ သတ်မှတ်သီးနှံအလိုက် စိုက်နည်းစနစ်များနှင့်အညီ စိုက်ပျိုးထုတ်လုပ်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2026

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင်သည် မေ ၂၅ ရက် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ (ရေနီ) ၌ အရည်အသွေးထိန်းသိမ်းရေးနှင့် သုတေသနဌာနခွဲတွင် ဝါးမှ ပျော့ဖတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2026

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးသည် ယမန်နေ့က မင်းဘူးမြို့နယ်၊ ကန်ရေပျိုးဥယျာဉ်နှင့် ရွှေတပင်အမြဲတမ်းပျိုးဥယျာဉ်တို့တွင် ပျိုးပင်များရှင်သန်အောင်မြင်မှုနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများအတွက် မြေနေရာပြင်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်