Nov 12, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်တာဝန်ရှိသူများကို တွေ့ဆုံ၍ ဖျာပုံမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးရာသီကာလတွင် ရေချိုဆုံးရှုံးမှုမရှိစေရေးနှင့် မိုးရာသီကာလဒီရေတက်ချိန်တွင် ရေငန် ဝင်ရောက်မှုမှ ကာကွယ်နိုင်ရေးဆိုင်ရာ လုပ်ငန်းရပ်များကို ဆွေးနွေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 12, 2025
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့အပြည် ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၌ အကောက်ခွန်လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 12, 2025
ကယားပြည်နယ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အားကစားအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) စုပေါင်းခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 12, 2025
နိုင်ငံ၏ စားရေရိက္ခာဖူလုံရေးနှင့် ပို့ကုန်ကဏ္ဍမြင့်မားရေးအတွက် သီးနှံများစိုက်ပျိုးထုတ်လုပ်မှု တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် တိုးတက်ရေးလုပ်ငန်းများ မှာကြားဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 11, 2025
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့မွန်းလွဲပိုင်းက ချောက်မြို့နယ်ခန်းမတွင် ခရိုင်နှင့် မြို့နယ်အတွင်းဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၍ နယ်မြေအေးချမ်းသာယာရေး၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ လူငယ်များအားပညာရည်မြင့်မားရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြိုးစားဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 08, 2025
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုးသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi ဦးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 08, 2025
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 05, 2025
China Media Group (CMG) နှင့် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအစိုးရတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် အာဆီယံမိတ်ဖက်မီဒီယာပူးပေါင်းဆောင်ရွက်မှု သီတင်းပတ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၃ ရက် ညနေပိုင်းတွင် ကွမ်ရှီ ရှမ်းဟိုင်ရှင်းချန်ယဉ်ကျေးမှုမီဒီယာကုမ္ပဏီလီမိတက်၊ China-ASEAN Artificial Intelligence Collaborative Innova-tion Center နှင့် မိုင်းယွဲနည်းပညာ ကုမ္ပဏီလီမိတက်သို့ သွားရောက်လေ့လာခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 05, 2025
China Media Group (CMG) နှင့် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအစိုးရတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် အာဆီယံမိတ်ဖက်မီဒီယာပူးပေါင်းဆောင်ရွက်မှု သီတင်းပတ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၃ ရက် ညနေပိုင်းတွင် ကွမ်ရှီ ရှမ်းဟိုင်ရှင်းချန်ယဉ်ကျေးမှုမီဒီယာကုမ္ပဏီလီမိတက်၊ China-ASEAN Artificial Intelligence Collaborative Innova-tion Center နှင့် မိုင်းယွဲနည်းပညာ ကုမ္ပဏီလီမိတက်သို့ သွားရောက်လေ့လာခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 03, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခန့်မွန်ဆွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်) ဖွင့်လှစ်ရေးအတွက် အကြိုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ သင်ကြားရေး ဆရာ ဆရာမများနှင့် ရုံးလုပ်ငန်းဝန်ထမ်းများ လုပ်ငန်းခွင်ဝင်ရောက်ရန် အသင့်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 03, 2025
ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးမှုများဖြင့် မြန်မာနိုင်ငံ အရိုးရောဂါပညာရပ်ဆိုင်ရာ ညီလာခံ (၂၀၂၅) ကို ရန်ကုန်မြို့ Novotel Hotel ၌ အောက်တိုဘာ ၃၀ ရက်မှ ၃၁ ရက်အထိ ကျင်းပရာ ညီလာခံဖွင့်ပွဲအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း တက်ရောက်၍ ညီလာခံကျင်းပပြုလုပ်ခြင်းအားဖြင့် ရရှိလာသော တိုးတက်လာသည့် နည်းပညာသစ်များဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုများကို စိတ်ကောင်းစေတနာထား၍ ပိုမိုဆောင်ရွက်ပေးကြရန်နှင့် အရိုးရောဂါပညာရပ်များကို စဉ်ဆက်မပြတ်တိုးတက်စေရန် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 03, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့နံနက်ပိုင်းတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်မြတ်ကြီး၊ ထီးလိုမင်းလိုဘုရားနှင့် သိကြားပုန်းဘုရားများအား ဖူးမြော်ကြည်ညို၍ သိကြားပုန်းဘုရားရှိ တိုက်မနှင့် အာရုံခံများတွင် ဗုဒ္ဓဝင်ခန်းများနှင့် ဗုဒ္ဓရုပ်ပွားတော်များ ထည့်သွင်းပူဇော်ထားမှု၊ သိကြားပုန်းဘုရားအနီး ပျိုးခြံတည်ဆောက်ခြင်း၊ ရင်ပြင်တိုးချဲ့ခြင်းနှင့် ရှေးဟောင်းအဆောက်အအုံနှင့် ရှေးဟောင်းနေရာဒေသ မြင်ကွင်းမထိခိုက်စေဘဲ ဒေသမျိုးရင်းပင်များဖြစ်သည့် မန်ကျည်းပင်၊ ထန်းပင်များ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 31, 2025
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျုံကန်ကျေးရွာအုပ်စု မိုးစပါးစံပြဧက ၁၀၀ စိုက်ခင်း၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ တိုင်းဒေသကြီးနှင့် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြေ၊ မျိုး၊ ပိုးတာဝန်ခံများ၊ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 31, 2025
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းဦးဆောင်ကော်မတီ၏ (၃၄) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 31, 2025
ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနနှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ ingo PEACE.(Japan) တို့ပူးပေါင်း၍ သားအိမ်ခေါင်း ကင်ဆာရောဂါ အခမဲ့စစ်ဆေးခြင်းနှင့် ကုသခြင်းဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 29, 2025
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ NESCO Exhibition Center ၌ အောက်တိုဘာ ၂၇ ရက်မှ ၃၁ ရက်အထိ ကျင်းပသည့် အိန္ဒိယရေကြောင်းဆိုင်ရာ ရက်သတ္တပတ်-၂၀၂၅ (INDIA MARITIME WEEK - 2025) အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 29, 2025
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့နံနက်ပိုင်းတွင် မိုင်းပန်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ (Destination Management Organization- DMO) များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 26, 2025
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်။ ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်ပြီးနောက် ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခုအခါ သင်တန်း ၁၈ ခု ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်စဉ် (၁၅) အထိ သင်တန်းဆင်းခဲ့ပြီးဖြစ်ရာ ကျရာတပ်ရင်း/ တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 24, 2025
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်နှင့်အတူ ယမန်နေ့က မွန်ပြည်နယ်အတွင်း တည်ဆောက်လျက်ရှိသည့် လမ်းလုပ်ငန်းများနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းတို့အား ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 24, 2025
ခွေးရူးရောဂါကာကွယ်ဆေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ရုံးအမှတ် (၃၆) အစည်းဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီမှ တာဝန်ရှိသူများ၊ ပညာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
