Skip to main content

Jun 24, 2026

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy ပါမောက္ခချုပ်နှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် Naypyitaw State Academy ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုနှင့် သုတေသနစာတမ်းများ ဖတ်ကြားရှင်းလင်းနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး အကြံပြု‌ဆွေး‌နွေးစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2026

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေးတာကူးရ်အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2026

အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပရာ အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သန်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2026

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇွန် ၂၀ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ဝါးကတုတ် ရေလှောင်တမံ ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေလှောင်တမံကြံ့ခိုင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေလှောင်တမံရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီး လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2026

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဇွန် ၁၈ ရက်က ကျိုင်းတုံတက္ကသိုလ် ခေမရဌ်ခန်းမ၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းမှ သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ဗလာစာအုပ်နှင့် စာရေးကိရိယာပစ္စည်းများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2026

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့လက်အောက်ရှိ ဆေးကုသရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2026

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင်သည် ယမန်နေ့က ပြင်ဦးလွင်မြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရ ချယ်ရီမြေဘိုးဘွားရိပ်သာ၌ ဘိုးဘွားရိပ်သာအုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ဘိုးဘွားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အားပေးစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2026

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲတင့်ထွန်းသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရမည်းသင်း၊ ပျော်ဘွယ်နှင့် မိတ္ထီလာမြို့နယ်များရှိ ဝါ၊ ဆီထွက်သီးနှံနှင့် နွေစပါးစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2026

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ VDNH Exhibition Centre ၌ ၂၀၂၆ ခုနှစ် ဇွန် ၁၀ ရက်မှ ၁၄ ရက်အထိ ကျင်းပသည့် ၂၀၂၆ ခုနှစ် (၆) ကြိမ်မြောက် နိုင်ငံတကာ ခရီးသွားလုပ်ငန်းဖိုရမ်သို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2026

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ် အခမ်းအနားကျင်းပရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များ ဇာတ်တိုက်လေ့ကျင့်‌‌နေမှုကို ကြည့်ရှုစစ်‌ဆေးပြီး ချီးမြှင့်ငွေများပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2026

The 5th China Media Group Forum သို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့သို့ ရောက်ရှိနေသော ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်အဖွဲ့သည် ဇွန် ၉ ရက် တွင် ဖိုရမ်တက်ရောက်ရန် ရောက်ရှိနေသော နိုင်ငံတကာဧည့်သည်များနှင့်အတူ ချုံချင့်မြို့ Shapingba District Digitalized City Operation and Governance Center ကိုလည်းကောင်း၊ Chongqing International Logistics Hub Park ကိုလည်းကောင်း သွားရောက်ကြည့်ရှုလေ့လာပြီး Yongchuan (ယောင်းချွမ်) မြို့၌ ကျင်းပသော 2026 Chongqing International Animation Film Week ဖွင့်ပွဲသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2026

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ဇွန် ၁၁ ရက်မှ ၁၃ ရက်အထိ တရားဝင်ခရီးစဉ် လာရောက်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေးနှင့် ဇနီး သည် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2026

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အားကစားနှင့် ကာယပညာသိပ္ပံ (တောင်ကြီး) ရှိ ဘက်စုံသုံးခန်းမ၌ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 10, 2026

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်သည် ဇွန် ၆ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် သီလဝါအထူးစီးပွားရေးဇုန်ရှိ PEB Steel Myanmar Co., Ltd. ပိုင် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိပစ္စည်းအမျိုးမျိုး ထုတ်လုပ်သည့်စက်ရုံကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 10, 2026

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် uab ဘဏ်မှ အမှုဆောင်အရာရှိချုပ်နှင့် တာ၀န်ရှိသူများအား ယနေ့မွန်းလွဲပိုင်းက ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 10, 2026

စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအတွင်းရေးမှူး စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇွန် ၇ ရက်က မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 09, 2026

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်သည် ဇွန် ၅ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် သီလဝါအထူးစီးပွားရေးဇုန်ရှိ Hansae Myanmar Co., Ltd.၌ ပြည်ပသို့တင်ပို့ရန် အဝတ်အထည်အမျိုးမျိုးထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 09, 2026

တပ်မတော်က အလုံးစုံပြန်လည်ထိန်းချုပ်ခဲ့ပြီးဖြစ်သည့် ချင်းပြည်နယ် ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့တို့တွင် ထိခိုက်ပျက်စီးခဲ့မှုများနှင့် စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးစီမံဆောင်ရွက်သွားရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများပါဝင်သည့် ချင်းပြည်နယ်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုးအား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်၍ သက်ဆိုင်ရာနယ်မြေဒေသများအရောက် ကွင်းဆင်းကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 09, 2026

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲတင့်ထွန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား စိုက်ပျိုးရေးထွက်ကုန်များ ကုန်သွယ်ရေးနှင့် နှစ်နိုင်ငံနည်းပညာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန် ဇွန် ၁ ရက်မှ ၅ ရက်အထိ ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2026

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် အောက်ဆင်သေကြိုးဝိုင်း သစ်တောနယ်မြေများအတွင်း လုပ်ထုံးလုပ်နည်းနှင့်အညီ မြေငှားရမ်းဆောင်ရွက်လျက်ရှိသည့် ဆက်သွယ်ရေးတာဝါတိုင် ကုမ္ပဏီများနှင့် ရွှေနှင့်ဓာတ်သတ္တုကုမ္ပဏီများက စိုက်ပျိုးတည်ထောင်ထားရှိသည့် ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်းများနှင့် သစ်တောဦးစီးဌာနမှ တည်ထောင်ထားရှိသည့် ကျေးရွာသုံးထင်းစိုက်ခင်းများ၏ ရှင်သန်အောင်မြင်မှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်