Dec 16, 2024
(၅၆) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးဆောင်ခန်းမ၌ နေပြည်တော်ကောင်စီနယ်မြေ နွေစပါးစိုက်ပျိုးထုတ်လုပ်မှုနှင့် စပါးမျိုးသစ်များအကြောင်းခေါင်းစဉ်ဖြင့် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 16, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် ယမန်နေ့နံနက်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လမ်းများအဆင့်မြှင့်တင်ခြင်းနှင့် ရှေးဟောင်းရေကန်များ တူးဖော်ဆောင်ရွက်နေသည့်အခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 14, 2024
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၂၄၀၀ ဖြင့် သမ ဝါယမဦးစီးဌာနက ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ လူမှုစီးပွားမြှင့်တင်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ အဆိုပါစီမံကိန်းတွင် ပါဝင်သော ဓနုဖြူမြို့နယ် ထီကွေ့ကျေးရွာ ငွေတိုးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ ဝက်မွေးမြူရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးသမဝါယမအသင်းသားများ၏ ဖွံ့ဖြိုးရေးလိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 14, 2024
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဥပဒေအသိပညာပြန့်ပွားရေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာ မျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 14, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၁၀ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Wyndham Grand Plaza Hotel ၌ ကျင်းပသည့် သတ္တမအကြိမ်မြောက် မြန်မာ-တရုတ်(ယူနန်) ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 13, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သာစည် - ရွှေညောင် - တောင်ကြီးရထားလမ်းပိုင်းတွင် ရေတိုက်စားပြီး မြေပြိုကျ၍ပျက်စီးမှုဖြစ်ပွားခဲ့သည့် ဆင်တောင်-မြင်းဒိုက်ဘူတာအကြားရှိ ရထားလမ်းတာပေါင်နေရာများ၊ ကမ်းပါးနီ ဥမင်အဝင်/အထွက်နေရာများ၊ ဆင်တောင်ဘူတာ၊ မြင်းဒိုက်ဘူတာနှင့် ခွေးရုပ်ဘူတာတို့တွင် ရေတိုက်စားပြီး မြေပြိုကျမှုကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို သွားရောက်စစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 13, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သောအဖွဲ့သည် ဒီဇင်ဘာ ၉ ရက်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်နှင့် ကောလိပ်တို့သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ တရုတ်-မြန်မာသံတမန်ဆက်ဆံရေး ထူထောင်ခြင်း စိန်ရတု(၇၅)နှစ်ပြည့် ၂၀၂၅ ခုနှစ်တွင် သိပ္ပံနှင့်နည်းပညာကဏ္ဍဆိုင်ရာ အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်သွားရန် ဆွေးနွေးပြီး သုတေသနပရောဂျက်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုလေ့လာသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 13, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့နံနက်ပိုင်းတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ တူးဖော်ဆယ်ယူပြီးသော ရှေးဟောင်းရေကန်ဖြစ်သည့် မင်္ဂလာကန်(၃)၊ အိန္ဒိယနိုင်ငံရှေးဟောင်းသုတေသန လေ့လာဆန်းစစ်ရေးအဖွဲ့(ASI)အဖွဲ့ ပြုပြင်ထိန်းသိမ်းခဲ့သည့် ရှေးဟောင်းအဆောက်အအုံ အမှတ်-၁၇၉၁ (ရွာဟောင်းကြီးဘုရား)နှင့် ရှေးဟောင်းအဆောက်အအုံအမှတ် - ၂၃၅ (သိကြားပုန်းဘုရား)တို့ကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 12, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တည်းခိုရေးစခန်းသို့ သွားရောက်ကာ တိုင်းဒေသကြီး/ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများအား နေ့လယ်စာကျွေးမွေးဧည့်ခံနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 10, 2024
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် ကနောင်ခန်းမ၌ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံ၍ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်စေရေး ရှင်းလင်းမှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 08, 2024
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက တောင်ကြီးပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိကာ ကျောင်းသား ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 08, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဒီဇင်ဘာ ၄ ရက်က လင်းခေးမြို့ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၌ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 08, 2024
စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အတူ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းပိုင် အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 07, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည့် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးလုပ်ငန်း၊ ဗဟိုပုံနှိပ်စက်ရုံသို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 05, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းက မန္တလေးမြို့ Art Centre သို့ရောက်ရှိပြီး တာဝန်ရှိသူများ၊ ဆက်လက်ဆောင်ရွက်မည့် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ တည်ဆောက်ရေးဆိုင်ရာကိစ္စများ ညှိနှိုင်းဆွေးနွေးကာ ရေရှည်ဆောင်ရွက်ရမည်ဖြစ်သော်လည်း ယခုဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးနိုင်မည့် အခြေခံလိုအပ်ချက်များ ဆက်လက်တည်ဆောက်ရေးညှိနှိုင်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 05, 2024
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၄)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် အဖွဲ့ဝင်များ၊ ပိုးသတ်ဆေး နည်းပညာကော်မတီအဖွဲ့ ခေါင်းဆောင်များ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 04, 2024
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ (၂၀၂၂) အထောက်အပံ့ဖြင့် ဆောင်ရွက်နေသော မဲခေါင်-လန်ချန်းဧရိယာ (မြန်မာ၊ ထိုင်းနှင့် တရုတ်) နိုင်ငံအတွင်းရှိ ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်ဆိုင်ရာ ဓာတ်ခွဲခန်းနှင့် နည်းပညာဆိုင်ရာ သတင်းအချက်အလက်များ ကွန်ရက်တည်ထောင်ခြင်းစီမံကိန်း၏ “အစားအစာဘေးကင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ကျန်းမာရေးတို့အကြား ဆက်နွှယ်မှုဆိုင်ရာသုတေသနညီလာခံ”ကို ယနေ့နံနက်ပိုင်းက နေပြည်တော် MGallery Hotel ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 04, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ အောင်နိုင်ရေးအလံ၊ အားကစားပစ္စည်းများနှင့် အာဟာရဖြည့်စွက်စာများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ဦးကိုကိုကျော်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ၊ အားကစားအသင်းခေါင်းဆောင်များနှင့် အားကစားမောင်မယ်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 04, 2024
နိုင်ငံတကာပညာရေးဆိုင်ရာ အသုံးချသုတေသနညီလာခံ (၂၀၂၅) ဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ ညွှန်ကြားရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 04, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တည်းခိုရေးစခန်းသို့ သွားရောက်ကာ တိုင်းဒေသကြီး၊ ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများ၊ အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေတင်ဆက်မည့် ကျောင်းသား ကျောင်းသူများနှင့် အုပ်ချုပ်သူများ တည်းခိုနေထိုင်မှုနှင့် ဧည့်ခံကျွေးမွေးမှု အဆင်ပြေစေရေး လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
