Skip to main content

Oct 27, 2024

ရေကြီးနစ်မြုပ်မှုဒဏ်ခံခဲ့ရသည့် ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ တောင်သူများ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့မှ တောင်သူများ ပါဝင်သောလေ့လာရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံဗဟိုဌာန၌ သုတေသနပြုစိုက်ပျိုးထားရှိသည့် ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော စပါးမျိုးသစ်များကို သွားရောက်ကြည့်ရှုလေ့လာကြပြီး တောင်သူနည်းပညာဆွေးနွေးပွဲသို့ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 27, 2024

မြန်မာ-ရုရှား ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Tour Operator များနှင့် Tour Agency များပါဝင်သော ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်တွင် လိုက်ပါလာသည့် ကိုယ်စားလှယ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲနှင့် Business Matching အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 27, 2024

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သို့ ရောက်ရှိပြီး အဝေးသင်တက္ကသိုလ် ဒုတိယအသုတ် ကျောင်းသား ကျောင်းသူများ ဝိဇ္ဇာတွဲဘာသာရပ်များ ဖြေဆိုနေမှုနှင့် အဝေးသင်သင်တန်းဌာနခွဲ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ၊ ပါမောက္ခများ၊ သင်ကြားစီမံတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 27, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နို့စားနွားမွေးမြူရေးသရုပ်ပြနှင့် မျိုးဖြန့်ဖြူးရေးခြံ (နေပြည်တော်) သို့ ရောက်ရှိစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 26, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၄၈) စက်မှုလယ်ယာစခန်း မြို့နယ်ဦးစီးမှူးရုံးသို့ရောက်ရှိပြီး မြို့နယ်၊ ကျေးရွာအလိုက် တောင်သူပိုင် လယ်ယာသုံးစက်ကိရိယာပိုင်ဆိုင်မှုစာရင်းများ မှန်ကန်စွာ ကောက်ယူရေး၊ ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးခဲ့သော လယ်ယာမြေများ ပြန်လည်ထွန်ယက်ပေးနိုင်ရေး၊ ပုဂ္ဂလိက လယ်ယာဝန်ဆောင်မှုအသင်းများနှင့် ချိန်ညှိပေါင်းစပ်လုပ်ဆောင်ပေးရန် ဆွေးနွေးမှာကြားကာ စခန်းအတွင်းရှိ ဝန်ဆောင်မှုလုပ်ငန်းများတွင် အသုံးပြုနေသော ထွန်စက်ကြီးများ၊ လက်တွန်းထွန်စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်များကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 26, 2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ဝဲကျေးရွာသို့ ရောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းတူးဖော်နေသည့်ကို ဖြူကန်နှင့် တောရကျောင်းကန်တို့ကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 26, 2024

၂၀၂၄ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁နာရီတွင် နေပြည်တော် ရုံးအမှတ် (၃၁) ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 25, 2024

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ်ကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 23, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 23, 2024

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tomsk State University မှ Mr. Vorozhtsov Alexander Borisovich ဦးဆောင်သောအဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 23, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tomsk State University မှ Mr. Vorozhtsov Alexander Borisovich ၊ Tomsk ပြည်နယ် တက္ကသိုလ်သုတေသနနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 22, 2024

EV Training of Trainers သင်တန်း (၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 22, 2024

မြန်မာ-ရုရှားခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip- FAM Trip) တွင် လိုက်ပါလာကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများနှင့် ခရီးသွားအေဂျင်စီများမှ ကိုယ်စားလှယ်များ အမှတ်တရသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး တက်ရောက်ကြည့်ရှုအားပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 22, 2024

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းနှင့် ရခိုင်လူမှုရေးအသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 15, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ရာဂီမုန်တိုင်းအလွန် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် နေပြည်တော် တပ်ကုန်းမြို့နယ် ကျောက်ဆည်ကျေးရွာအနီးရှိ ကင်းသာရေထိန်းတမံ ရေထုတ်ပြွန်မှတစ်ဆင့် ထိခိုက်ပျက်စီးမှုမရှိသည့် စိုက်ပျိုးဧကများ အမြန်ဆုံးရေပေးဝေနိုင်ရေး ဆောင်ရွက်ခြင်း၊ စက်ယန္တရားများအသုံးပြု၍ ရေပိုလွှဲမှ ရေစီးဆင်းမှု ပိုမိုကောင်းမွန်စေရန် ရေလမ်းကြောင်းရှင်းလင်းခြင်းဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 14, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် စိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ သုတေသီများ ပညာရှင်များ၊ တိုင်းဒေသကြီး၊ ခရိုင်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တောင်သူများနှင့်တွေ့ဆုံ၍ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် နည်းပညာနှီးနှောဖလှယ်ပွဲများတွင် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 11, 2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကန်သာအေးကျေးရွာသို့ရောက်ရှိပြီး မြစိမ်းရောင်နွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသော အစုအဖွဲ့များနှင့်တွေ့ဆုံ၍ မျိုးစပ်မှု၊ အစာကျွေးမွေးမှု စနစ်တကျရှိရေး၊ ဈေးကွက်ရရှိရေး၊ ဆီထွက်သီးနှံနှင့် စက်မှုသီးနှံဝါစိုက်ပျိုးရေးတို့တွင် သမဝါယမစနစ်ဖြင့် လက်တွဲကူညီပံ့ပိုးဆောင်ရွက်ပေးရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ အစုအဖွဲ့များ၏ နွားမွေးမြူထားမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 11, 2024

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ပုသိမ်လေဆိပ် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 11, 2024

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးခဲ့သည့်သီးနှံများ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် ထိခိုက်မှုမရှိခဲ့သည့်ဧရိယာများမှ စပါး၊ ဆီထွက်၊ ပဲ၊ ဝါသီးနှံများ အထွက်နှုန်းတိုးတက်စေရေးအတွက် လယ်ယာကဏ္ဍ ပညာပေးနှီးနှောဖလှယ်ပွဲကို အောက်တိုဘာ ၉ ရက်က ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် မိဘမေတ္တာပွဲရုံ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 11, 2024

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ နံနက်ပိုင်းက မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်