Skip to main content

Aug 31, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့မွန်းလွဲပိုင်းက မန္တလေးမြို့ အမျိုးသားဇာတ်ရုံတွင် ကျင်းပသည့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၁၈) ကြိမ်မြောက် ပန်းချီ၊ ပန်းပုလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်စင်တင်တင်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 31, 2024

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ခံများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာအနောက်ပိုင်းမြို့နယ်ရှိ Gold Emperor Co.,Ltd. ဖိနပ်စက်ရုံနှင့် Universal Apparel Co.,Ltd. အထည်ချုပ်စက်ရုံ၊ မြန်မာစိုးစံဝင်းဖိနပ်စက်ရုံနှင့် Sen Yu Clothings Corporation Co.,Ltd. အထည်ချုပ်စက်ရုံတို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 31, 2024

Naypyitaw State Academy တွင် ကျောင်းသားလူငယ်များ ဥပဒေဆိုင်ရာ အခြေခံအသိအမြင်၊ ဗဟုသုတများ တိုးပွားစေရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို ကျောင်းသား ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေဆိုင်ရာ ဒုတိယအကြိမ် အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် Naypyitaw State Academy ဘက်စုံခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 29, 2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်ရှိ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အသင်းပိုင်လယ်ယာများတွင် မိုးစပါးစိုက်ဧက ၅၀၀ မှ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ဧက ၂၅၀ တွင် ဆင်းသုခနှင့် GW-11 စပါးမျိုးများ မျိုးစပါးထုတ်လုပ်နေမှုကို အောင်မြင်အောင် ဆောင်ရွက်ကြရေး၊ အသင်းပိုင်ဆန်စက်အား စွမ်းအားပြည့် ကြိတ်ခွဲလည်ပတ်နိုင်ရေး၊ ဒေသနွားမွေးမြူရေးလုပ်ငန်းကို ဆက်လက်တိုးချဲ့မွေးမြူသွားရေး ဆွေးနွေးမှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 29, 2024

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ နံနက်ပိုင်းတွင် တောင်ဒဂုံမြို့နယ်ရှိ Arbourfield Assessment Center ၌ ဂဟေလုပ်သား Level-1၊ Level-2 အလုပ်အကိုင်အတွက် ဖြေဆိုသူများကို ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရန်ကင်းမြို့နယ်ရှိ Athean Community College တွင် ဟိုတယ်အလုပ်အကိုင်နှင့်ပတ်သက်၍ သင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို သွားရောက်အားပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 29, 2024

မကွေးတိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ဦးစီးဌာန တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 29, 2024

မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေးကော်မတီအစည်းအဝေး (၃/၂၀၂၄) မြန်မာအမျိုးသားဝတ်စုံမှန်နှင့် မြန်မာအမျိုးသမီးဝတ်စုံတို့အား ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းနိုင်ရန် မြန်မာအမျိုးသား အမျိုးသမီးဝတ်စုံသတ်မှတ်နိုင်ရေးအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရန်ကုန်ဌာနခွဲ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 27, 2024

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာတောင်သူများ၏ ဝါစိုက်ခင်းများကို ကွင်းဆင်းကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများ၏ ဝါစိုက်ပျိုးထုတ်လုပ်မှု အတွေ့အကြုံ၊ တောင်သူဝင်ငွေနှင့် ရေရှည်အကျိုးစီးပွားဖြစ်ထွန်းနိုင်ရေးဆိုင်ရာများကို ခင်မင်ရင်းနှီးစွာ မေးမြန်းဆွေးနွေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 27, 2024

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဩဂုတ် ၂၄ ရက်နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ရောက်ရှိပြီး အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူးနှင့် တာဝန်ရှိသူများကို စက်ရုံအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 27, 2024

၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲများကို ဩဂုတ် ၂၃ ရက်မှ ၂၇ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပလျက်ရှိရာ ဦးစီးဌာနလေးခုမှ အသင်းလေးသင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)တို့မှ အသင်းနှစ်သင်း စုစုပေါင်းအသင်း ခြောက်သင်းပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 27, 2024

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် Naypyitaw State Academy သို့ရောက်ရှိပြီး ဆေးပညာမဟာဌာန လက်တွေ့ခန်းများ၌ လက်တွေ့ခန်းသုံးပစ္စည်းများ ဖြည့်ဆည်းထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများ၏ ပညာသင်ကြားသင်ယူမှုဆိုင်ရာ အရည်အသွေးတိုးတက်မြင့်မားရေးအတွက် အကျိုးရှိထိရောက်စွာ အသုံးချဆောင်ရွက်ရန်မှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 27, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးအစည်းဝေးခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 26, 2024

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ဩဂုတ် ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် တောင်ကြီး - နောင်ကားလမ်းခွဲ- ပင်းပက် ရထားလမ်းပိုင်း၊ အဆင့်မြှင့်တင်ပြုပြင်ထားသည့် တောင်ကြီး - ပေါမူ - အေးသာယာ- ရွှေညောင် ရထားလမ်းပိုင်းရှိ ဘူတာများ၊ ယာဒ်ဝင်းများ၊ တံတားနှင့်တာပေါင်များ ထိန်းသိမ်းမှုအခြေအနေနှင့် အဆိုပါရထားလမ်းပိုင်းရှိ ထီသိမ်အဝိုင်းပတ် တံတားနှင့်အဝိုင်းပတ်ရထားလမ်းထိန်းသိမ်းမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 26, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့နယ် မြေပုံကျေးရွာရှိ ပုဂ္ဂလိကဥစားကြက်မွေးမြူရေးခြံ၏ အလုံပိတ်စနစ်ဖြင့် ကြက်ကောင်ရေခြောက်သောင်းခန့် မွေးမြူလုပ်ကိုင်နေမှုနှင့် ကြက်ဥများအား ပြည်တွင်းဈေးကွက်၌ ဖြန့်ဖြူးပေးနေမှုတို့ကို ကြည့်ရှုအားပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 25, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဩဂုတ် ၂၂ ရက် နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်ဥတ္တရသီရိမြို့နယ် ကျွဲရှင်းရွာအနီး တမံအလျား ပေ ၃၉၈၀၊ တမံအမြင့် ၈၂ ပေ အကျိုးပြုဧရိယာ ၁၇၇၈၄ ဧကရှိသည့် ငလိုက်ရေလှောင်တမံသို့ ရောက်ရှိစစ်ဆေးပြီး လက်ရှိရေသိုလှောင်ပမာဏ ၅၈၉၇၄ ဧကပေ သိုလှောင်ထားပြီး၍ မကြာမီရက်များအတွင်း ကန်ရေပြည့်အမှတ်သို့ ရောက်ရှိမည်ဖြစ်ရာ ကြိုတင်ဆောင်ရွက်ရမည့် ရေလှောင်တမံဘေးကင်းလုံခြုံရေးလုပ်ငန်းများ အထူးအလေးထားစီမံဆောင်ရွက်ရန်၊ ရေပိုလွှဲကြံ့ခိုင်မှုအခြေအနေနှင့် ရေပိုလွှဲမှ ရေစီးဆင်းနိုင်သည့် လမ်းကြောင်းတစ်လျှောက် လိုက်လံကြည့်ရှုစစ်ဆေး ဆောင်ရွက်ရန်၊ ရေလှောင်တမံကြံ့ခိုင်မှုအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုစစ်ဆေးရန်၊ မိုးစပါးလျာထားဧကပြည့်စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံနှင့် နွေစပါး/အခြား သီးနှံများ စိုက်စွမ်းအားပြည့် စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး စနစ်တကျစီမံ ဆောင်ရွက်ရန်ဆွေးနွေးမှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 23, 2024

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရန်မြို့၌ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် တရုတ်-အာဆီယံပညာရေး ပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် တရုတ်နိုင်ငံမှ ရန်ကုန်မြို့သို့လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 23, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းနှင့် စိုက်ပျိုးရေးဦးစီးဌာန ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများ၊ ဆီထွက်သီးနှံ အထူးဇုန်တာဝန်ခံများနှင့် ဝါစီမံကိန်းတာဝန်ခံများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပျဉ်းမနား မျိုးစေ့ဌာနခွဲဝင်းအတွင်း၌ စမ်းသပ်စိုက်ပျိုးထားသည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ် စသည့် ဆီထွက်သီးနှံများ၏ အောင်မြင်ဖြစ်ထွန်းမှု စိုက်ကွက်များကို ကွင်းဆင်းကြည့်ရှုကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 23, 2024

(ASEAN Economic Community–AEC) အေအီးစီ ၂၀၂၅ အတွက် အာဆီယံစီးပွားရေး အသိုက်အဝန်းဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးကော်မတီမှ ဖွဲ့စည်းပေးထားသော “ကောင်းမွန်သောစီမံမှု လုပ်ထုံးလုပ်နည်းကျင့်သုံးရေး (Good Regulatory Practice – GRP) ဆိုင်ရာ လုပ်ငန်းကော်မတီ” ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 21, 2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ကြာပင်ကျေးရွာအုပ်စု အောင်သုခကျေးရွာသို့ သွားရောက်ပြီး လုပ်ငန်းရှင် ဦးဖြူကိုနှင့် ဒေါ်မီမီကျော်တို့၏ ဇီဝဇိုးငှက်သိုက် မွေးမြူထုတ်လုပ်ရေးလုပ်ငန်းကို ကြည့်ရှုလေ့လာသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 21, 2024

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းက တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေး တံတားသို့သွားရောက်ကာ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ဝင်ထွက်သွားလာနေမှုအခြေအနေများ၊ ခရီးသွားဧည့်သည်များ ဘေးကင်းလုံခြုံအဆင်ပြေလွယ်ကူချောမွေ့စွာ ဝင်/ထွက်သွားလာနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်