Jul 26, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ရုံးသို့ရောက်ရှိပြီး ဝန်ကြီးဌာနအောက်ဦးစီးဌာနလေးခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 26, 2024
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်း အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အားကစားနှင့် ပညာရေးပေါင်းစပ် လေ့ကျင့်ရေးသင်တန်းတက်ရောက်နေသည့် သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 25, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera ကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 24, 2024
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် သံအမတ်ကြီး အင်ဒရာမာနီပန်ဒေးအား ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၅) ၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 24, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံသို့ မိတ်ဆက်ခရီးစဉ် လာရောက်လျက်ရှိသော ဘင်းမ်စတက် အတွင်းရေးမှူးချုပ် သံအမတ်ကြီး အင်ဒရာမာနီပန်ဒေးကို ယနေ့နံနက် ၁၁ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 22, 2024
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇူလိုင် ၁၉ ရက် မွန်းလွဲပိုင်းတွင် မြန်အောင်မြို့နယ် မျှင်ဝါးတောင်ကျေးရွာအနီးရှိ မမြရေလှောင်တမံစီမံကိန်းနှင့် အင်္ဂပူမြို့နယ် တပ်ကုန်းကျေးရွာအနီးရှိ ကညင်ရေလှောင်တမံစီမံကိန်းတို့၏ ဆည်ရေသောက်ဧရိယာတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 18, 2024
သိပ္ပံ၊နည်းပညာနှင့် ဆန်းသစ်တီထွင်မှုမဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၇) ပါ လုပ်ငန်းစဉ်အရ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် ၊ TTTC (ဘယ်လင်း) ၌ ဇူလိုင် ၁၅ ရက်တွင် ကျရောက်သော World Youth Skills Day အထိမ်းအမှတ်အဖြစ် Youth Skills for Peace and Development ဆောင်ပုဒ်ဖြင့် ယင်းနေ့မှစ၍ ကျောင်းသား ကျောင်းသူများ၏ Skills ပြိုင်ပွဲများနှင့် Innovation Project ပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 16, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ ကျေးရွာပေါင်း ၁၅၁ ရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း ကျေးရွာပေါင်း ၂၂၁ ရွာ၌ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 16, 2024
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဇူလိုင် ၁၃ ရက်နံနက်ပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)သို့ ရောက်ရှိပြီး စက်ရုံမှူးနှင့် တာဝန်ရှိသူများအား တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 16, 2024
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းသည် ယနေ့နံနက်ပိုင်းတွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ဆေးရုံလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 15, 2024
နေပြည်တော် နည်းပညာတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲ၏ ဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 15, 2024
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း ဦးဆောင်သော ဗဟိုကွင်းဆင်းအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းအဖွဲ့များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သာကေတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့သွားရောက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 15, 2024
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) တို့၏ပူးပေါင်းစီစဉ်မှုဖြင့် ယနေ့တွင် ပြည်ထောင်စုနယ်မြေနေပြည်တော် တပ်ကုန်းမြို့နယ်အထက် ဆင်သေကြိုးဝိုင်းအတွင်းရှိ တောနိမ့်တောပါး တောင်ကတုံးများတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများကြဲချခဲ့သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 14, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အရာထမ်း/အမှုထမ်း ဝန်ထမ်းအိမ်ရာများသို့ ရောက်ရှိပြီး တိုက်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုနှင့် တိုက်ပတ်လည်ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 14, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ Lao Asia Pacific Satellite Company Limited ၏ ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံရှိ ရုပ်မြင်သံကြားကဏ္ဍနှင့် ဆက်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်နှင့် မြန်မာ-လာအို နှစ်နိုင်ငံအကြား နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးတို့အတွက် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့သို့ ရောက်ရှိစဉ် ဇူလိုင် ၁၂ ရက် နံနက်ပိုင်း၌ Laosat သို့ ရောက်ရှိရာ Laosat မှ CEO Mr Wu Fangjie နှင့်အဖွဲ့က လာအိုနိုင်ငံတွင် Laosat စတင် တည်ဆောက်ခဲ့မှုနှင့် ဆောင်ရွက်ပုံအဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းတင်ပြကြပြီး လာအိုနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံပူးပေါင်း၍ Laoset ဂြိုဟ်တု လွှင့်တင်ခဲ့မှုရုပ်မြင်သံကြား၊ ရေဒီယိုနှင့်ဒစ်ဂျစ်တယ် အစရှိသည်များ ထုတ်လွှင့်ဆောင်ရွက်သည့် နည်းစနစ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပညာရေးအပါအဝင် လူမှုအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို အပြန်အလှန်ဆွေးနွေးကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 12, 2024
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာတာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်ရှိ Mega Ace Hosptality Acedemy သင်တန်းကျောင်းသို့ သွားရောက်၍ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 12, 2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ကျေးရွာများ၏ ရွာတွင်းလမ်းများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ပြုပြင်ဖောက်လုပ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ အရှေ့ ဖွားစောကျေးရွာသို့ သွားရောက်၍ ကျေးရွာအဝင်မှ ဇယဝေရီကန်သို့ သွားသောလမ်း အရှည် ၁ မိုင် ၂ ဒသမ ၃ ဖာလုံ၊ အကျယ် ၁၈ ပေကို ဂျင်းကျောက်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ အဆိုပါလမ်းပိုင်းတွင် ပေ ၅၂၄၀ မြေသား ၂ ပေထုတင်၍ ထပ်မံဆောင်ရွက်မည့်နေရာ၊ ရေကျော်ပေ ၅၀၊ ပေ ၈၀ နှင့် ပေ ၁၅၀ သုံးစင်း ဆောင်ရွက်မည့်နေရာများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 12, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ Lao Asia Pacific Satellite Company Limited ၏ ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံရှိ ရုပ်မြင်သံကြားကဏ္ဍနှင့် ဆက်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်နှင့် မြန်မာ- လာအို နှစ်နိုင်ငံအကြား နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးတို့အတွက် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့သို့ ဇူလိုင် ၁၀ ရက် ညပိုင်းတွင် ရောက်ရှိကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 09, 2024
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဇူလိုင် ၆ ရက်က မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ရှိ မြင်းပျံပုံးရည်ကြီးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 09, 2024
မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
