Sep 14, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သမဝါယမကောလိပ်(ဖောင်ကြီး)၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့်တွေ့ဆုံကာ စာပေသင်ကြားရေး၊ ဝန်ထမ်းသက်သာချောင်ချိရေးတို့နှင့်စပ်လျဉ်း၍ လိုအပ်သည်များမှာကြားပြီး ဆရာ ဆရာမများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Sep 14, 2024
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များအုပ်ချုပ်ရေး ဗဟိုအဖွဲ့အစည်းအဝေး(၂/၂၀၂၄)ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
Sep 14, 2024
မြန်မာ့လယ်ယာထွက်ကုန်များ၏ ထောက်ပံ့ပို့ဆောင်မှုကွင်းဆက် စီမံခန့်ခွဲမှုစနစ်သင်တန်းဆွေးနွေးပွဲ “Training Workshop on Agriculture Supply Chain Management System in Myanmar” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရုံးအမှတ်(၃) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 13, 2024
မြန်မာ့လယ်ယာ ထွက်ကုန်များ၏ ထောက်ပံ့ပို့ဆောင်မှုကွင်းဆက် စီမံခန့်ခွဲမှုစနစ် သင်တန်းဆွေးနွေးပွဲ “Training Workshop on Agriculture Supply Chain Management System in Myanmar” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 13, 2024
ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းဆပ် ကော်မတီ၏ (၂/၂၀၂၄) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံးအမှတ် (၃၆-ခ) အစည်းအဝေးခန်းမ (၁) ၌ကျင်းပရာ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လုပ်ငန်းဆပ်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး လုပ်ငန်းဆပ်ကော်မတီ အတွင်းရေးမှူးများက Online ဖြင့် တက်ရောက်ကြသည်။
Sep 13, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ကွင်းဆင်း၍ ရာဂီမုန်တိုင်း အကြွင်းအကျန်များဖြစ်သော လေပွေလှိုင်းအရှိန်ကြောင့် ရှမ်းကုန်းမြေပြင်နှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပေါ်ခဲ့ပြီး ဒေသအသီးသီးတွင် ထူးကဲရေကြီး ရေလျှံမှုများ ကြုံတွေ့နေရခြင်းအပေါ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ရေလှောင်တမံနှင့် ဆည်ကန်ငယ်များ အန္တရာယ်မဖြစ်စေရေးအတွက် Emergency Preparedness Plan နှင့် Rules and Regulations များဖြင့် အချိန်မီစီမံဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Sep 12, 2024
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သူသူ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသာယာရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ သာကေတမြို့နယ် SKT International School ရှိ စာသင်ခန်းများ၊ စားသောက်ခန်းမ၊ စာကြည့်တိုက်၊ သိပ္ပံခန်း၊ အားကစားခန်း၊ Theatre ခန်းမတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။
Sep 10, 2024
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၇) ကြိမ်မြောက် (ပုံမှန်) အစည်းအဝေး (၃/၂၀၂၄) ကို ယနေ့နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 10, 2024
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ ရောက်ရှိပြီး သံရည်ကျိုအလုပ်ရုံ အမှတ် (၁) တွင် သံရည်ကျိုလုပ်ငန်းဆောင်ရွက်နေမှု၊ လေးထောင့်ပုံသံမဏိချောင်းများ ထုတ်လုပ်နေမှု၊ အောက်ဆီဂျင်အလုပ်ရုံလည်ပတ်နေမှု၊ သံရည်ကျိုအလုပ်ရုံ အမှတ် (၂) လည်ပတ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Sep 10, 2024
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသည် MSME များအပါအဝင် စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီဆန်းသစ်သည့် နည်းပညာများကို အရည်အသွေးပြည့်မီစွာ အသုံးချနိုင်မည့် လူငယ်ပညာရှင်များ ပျိုးထောင်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း၌ ကျင်းပသော မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းဆိုင်ရာ Skills Dissemination Training on Industrial Internet of Things (IIoT) နှင့် Automation Technology သင်တန်းဖွင့်ပွဲအခမ်းအနားကို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားသည်။
Sep 08, 2024
လယ်ယာကဏ္ဍဖွံ့ဖြိုးရေးစားရေရိက္ခာဖူလုံ ပိုလျှံရေး ကြိုးပမ်းဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး၊ လက်တွေ့မြေပြင်လိုအပ်ချက်နှင့် သုတေသနလုပ်ငန်းများ ဟန်ချက်ညီဆောင်ရွက်နိုင်ရေးအတွက် လစဉ်ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲများကို ဌာနတွင်းပညာရှင်များက သက်ဆိုင်ရာကဏ္ဍများမှ ဦးဆောင်ဆွေးနွေးခြင်း၊ အခမ်းအနားတက်ရောက်လာကြသူများက သုံးသပ်အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က (၃၇)ကြိမ်မြောက်ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲတွင် “မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်များထိန်းသိမ်းခြင်းနှင့် မျိုးမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။
Sep 08, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာခရိုင် လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ရုံးတွင် ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Sep 08, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ယနေ့တွင် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ နေပြည်တော်- သာစည် - သဲတော - မန္တလေး ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှု၊ မန္တလေး - မြို့ဟောင်း - ဆည်တော် - ဇီးပင်ကြီး - ပြင်ဦးလွင် ရထားလမ်းပိုင်းရှိဘူတာများ၊ ရထားလမ်းတံတားများ၏ အခြေအနေနှင့် ဒီဇယ်စက်ခေါင်းပြင် စက်ရုံ (ပြင်ဦးလွင်)တို့ကို စစ်ဆေးသည်။
Sep 08, 2024
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းရေကန် ၉၁ ကန် ပြန်လည်တူးဖော်ရေးတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့်လည်း ရေကန်နှစ်ကန်ပါဝင်လှူဒါန်းတူးဖော်ပေးလျက်ရှိရာ ဒုတိယဝန်ကြီးဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တူရွင်းတိုင်ကျေးရွာအနီးရှိ ကန်အမှတ် - ၀၅၉ ပအိန်းကန် တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရှေးဟောင်းသုတေသနဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ တူးဖော်ရန်နှင့် မိုးမကုန်မီ ရေစုဆောင်းနိုင်ရေးအတွက် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
Sep 08, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်နှင့် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတို့ကို သွားရောက်ပြီး ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
Sep 08, 2024
၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲအကြိုဗိုလ်လုပွဲစဉ်များကို ယနေ့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ဆက်လက်ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။
Sep 07, 2024
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသော လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအရ (၅) ကြိမ်မြောက် မြန်မာ-အိန္ဒိယ လျှပ်စစ်ကဏ္ဍဆိုင်ရာ ဦးဆောင်ကော်မတီ (Joint Steering Committee- JSC) အစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၌ ကျင်းပသည်။
Sep 07, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၉၉ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ပျက်စီးခဲ့သည့် ကြတ်ချောင်းတံတား၏ ရန်ကုန်ဘက်ကမ်း (A1) Median Wall အောက်ခြေ Toll Wall ကို ယာယီအစီအစဉ်ဖြင့် မျောရိုက်၍ဝါးကပ်ကာ သဲအိတ်ဖြည့်စီမြေကာနံရံဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မိုးရာသီကုန်ဆုံးပါက ရေလမ်းကြောင်း အကျယ်လုံလောက်မှုရှိစေရေး ရနိုင်သလောက်ချဲ့ပေးရန်နှင့် ပြိုကျနေသောအပိုင်းများကို သိမ်းဆည်းပြီး RC နံရံအသစ်ဖြင့် တည်ဆောက်ရန်မှာကြားသည်။
Sep 07, 2024
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက မိတ္ထီလာတောင်ကန်နှင့် မြောက်ကန်ရေသောက်စနစ်များ၏ မိုးစပါးရေပေးဝေမှု၊ ရေသောက်စနစ်များ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် မိတ္ထီလာကန်ရေသိုလှောင်ထားရှိမှု၊ ထိန်းသိမ်းဆောင်ရွက်ထားရှိမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရေသောက်စနစ်အတွင်း သီးနှံစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆည်ရေရရှိရန် ခက်ခဲသော အချို့ဧရိယာများတွင် မြေအောက်ရေထုတ်ယူသုံးစွဲ နိုင်ရေးနှင့် စိုက်ပျိုးရေရှိနိုင်ရေး နည်းလမ်းပေါင်းစုံ ဖြင့် စီမံဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားသည်။
Sep 07, 2024
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက နေပြည်တော်တက္ကသိုလ်များနယ်မြေရေဆင်းရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ရွှေရတုခန်းမ၌ ကျင်းပသည်။
