May 13, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ မေ ၁၀ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းရှိ တာချီလိတ်မြို့ မီးလင်းရေးဦးဆောင်ကော်မတီရုံးသို့ သွားရောက်၍ မြို့မီးလင်းရေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံရာ တာဝန်ရှိသူများက တာချီလိတ်မြို့ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက မီးလင်းရေးနှင့်ပတ်သက်၍ ပြည်သူများသို့ ဝန်ဆောင်မှုပေးနေမှုလုပ်ငန်းစဉ်အဆင့်ဆင့်၊ ငွေကောက်ကောင်တာနှင့် ရုံးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 13, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ သမဝါယမဦးစီးဌာနရုံးနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးများသို့ သွားရောက်ပြီး ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 13, 2024
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) သို့ ရောက်ရှိစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 13, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် မေ ၁၀ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနရုံးကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံမှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 11, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့်အတူ မေ ၈ ရက် နံနက်ပိုင်းက ဖျာပုံမြို့နယ် ကျုံကဒွန်းစိုက်ကွင်း၊ ကြက်ဖမွေးဇောင်း ရေငန်တားကျွန်းပတ်တာနှင့် ရေချိုသွင်းနိုင်မည့် ရေသွင်းရေတံခါးများ တည်ဆောက်မှုလုပ်ငန်းခွင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 11, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း၌ ဆောင်ရွက်လျက်ရှိသည့် Transportation Square စီမံကိန်း၊ Green City အိမ်ရာစီမံကိန်း၊ ကနောင်အိမ်ရာအပိုင်း(၂) စီမံကိန်း၊ ရိုးမရိပ်သာအိမ်ရာစီမံကိန်းနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)ရှိ အောင်မြင့်မိုရ် အိမ်ရာစီမံကိန်းများကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 11, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မေ ၈ ရက် နံနက်ပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံမှ နည်းပညာအထောက်အပံ့ဖြင့် ဖွင့်လှစ်သည့် မန္တလေးမြို့ရှိ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် Myanmar Institute of Information Technology (MIIT)သို့ ရောက်ရှိပြီး အဆိုပါတက္ကသိုလ်နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 11, 2024
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ(ရေနီ)သို့ ရောက်ရှိပြီး စပါးစိုက်ပျိုးတောင်သူများ၊ MSME လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက်၍ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးရေးလုပ်ငန်းမှ ထွက်ရှိသည့် ကောက်ရိုးမှပျော့ဖတ်များ တစ်ပိုင်တစ်နိုင် ထုတ်လုပ်နိုင်ရေးအတွက် ဓာတ်ခွဲခန်းသုံးပစ္စည်းများဖြင့် ကောက်ရိုးမှပျော့ဖတ် ထုတ်လုပ်သည့်လုပ်ငန်းစဉ်အဆင့်ဆင့်၊ စမ်းသပ် ထုတ်လုပ်သည့် ပျော့ဖတ်အရည်အသွေးတို့ကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 11, 2024
ပြည်တွင်းအလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 11, 2024
၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုး ရာသီမြေဆီလွှာဖွံ့ဖြိုးရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ပေးအပ်ပွဲနှင့် ကြဲပက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မအူပင်ခရိုင် ပန်းတနော်မြို့နယ် ဇီးဖြူစုကျေးရွာ ရှိ စိုက်ဧက ၁၁ ဧကတွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 11, 2024
၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုး ရာသီမြေဆီလွှာဖွံ့ဖြိုးရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ပေးအပ်ပွဲနှင့် ကြဲပက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မအူပင်ခရိုင် ပန်းတနော်မြို့နယ် ဇီးဖြူစုကျေးရွာ ရှိ စိုက်ဧက ၁၁ ဧကတွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 11, 2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့်အတူ ယမန်နေ့နံနက်ပိုင်းက တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 10, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပြည်တွင်းလုပ်ငန်းရှင်များ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အဆင့်မြင့်အိမ်ရာစီမံကိန်းများကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 10, 2024
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့မွန်းလွဲပိုင်းတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) ၌ ဂဟေဆက်မွမ်းမံ သင်တန်းဖွင့်လှစ်ပို့ချနေမှုနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကျွမ်းကျင်မှု သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေး၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေး အစီအစဉ်များကို လျာထားချက်နှင့်အညီ ဆောင်ရွက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 10, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်းက နည်းပညာတက္ကသိုလ် (ကျောက်ဆည်) သို့ရောက်ရှိပြီး နျူကလီးယားအင်ဂျင်နီယာဌာနရှိ လက်တွေ့ခန်းများတွင် ကျောင်းသားများ သုတေသန ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 10, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 09, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်အတွင်းရှိ ၂၃၀ ကေဗွီကျိုင်းတုံပင်မဓာတ်အားခွဲရုံနှင့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 09, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး(နေပြည်တော် - ရန်ကုန် လမ်းပိုင်း) ပေါ်ရှိ တောင်ငူတိုးလ်ဂိတ်၊ ဖြူးတိုးလ်ဂိတ်၊ ဒရယ်မီးတိုးလ်ဂိတ်၊ ဘောနက်ကြီးတိုးလ်ဂိတ်၊ အမှတ် (၃) တိုးလ်ဂိတ်တို့မှ လမ်းအသုံးပြုခကောက်ခံနေသည့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး (မြို့ပြ)နှင့် ဂိတ်တာဝန်ခံများက တိုးလ်ဂိတ်များတွင် ရေ၊ မီးရရှိမှု ၊ CCTV တပ်ဆင်အသုံးပြုမှု၊ Computer စနစ်ဖြင့် လမ်းအသုံးပြုခကောက်ခံဆောင်ရွက်နေမှု၊ လမ်းအသုံးပြုခကောက်ခံရရှိမှုများကို စာရင်းဇယားများနှင့်တကွ ရှင်းလင်းတင်ပြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 08, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 08, 2024
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
