Sep 22, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် (West Yangon Technological University-WYTU) သို့ ရောက်ရှိပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ အဓိပတိလမ်းမကြီးတွင် အရိပ်ရပင်များ၊ ပလက်ဖောင်းနှင့် လမ်းမီးတိုင်များဆိုင်ရာ လုပ်ငန်းအစီအစဉ်များ၊ Master Plan ရေးဆွဲ ထားမှုအခြေအနေ၊ စာသင်ဆောင်များ၊ အားကစားပြုလုပ်ရာနေရာများ၊ အပန်းဖြေရန်နေရာများ၊ ကျောင်းသားအိပ်ဆောင်များ၊ ဝန်ထမ်းအိမ်ရာများ၊ ယာဉ်ရပ်နားရန်နေရာများနှင့် Drainage System ဆိုင်ရာ လုပ်ငန်းအစီအစဉ်များ၊ ပင်မသုံးထပ်ဆောင်တည်ဆောက်ရေးလုပ်ငန်းနှင့် Multipurpose Hall Structure System တို့ကို ကြည့်ရှုစစ်ဆေးသည်။
Sep 22, 2024
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမွန်သည် ယနေ့တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရာဂီတိုင်ဖွန်းမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးခဲ့မှုများကြောင့် ဆက်သွယ်ရေးစနစ် ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဆက်သွယ်ရေးစနစ်များ ပြန်လည်ကောင်းမွန်စေရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
Sep 22, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန ရော်ဘာသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရော်ဘာဆိုင်ရာ နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ထားရှိမှု၊ (ISO/IEC 17025:2017) နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရရှိမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
Sep 22, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ရုံးရေနစ်မြုပ်ပျက်စီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ ပြုပြင်ဆောင်ရွက်ရေးကိစ္စများ မှာကြားသည်။
Sep 20, 2024
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့မွန်းလွဲပိုင်းတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပြည်လမ်းအမှတ် (၃၃၁) ရှိ Knowledge Management and Dedication (KMD) Training Center ၌ IT ပိုင်းဆိုင်ရာ နည်းပညာသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။
Sep 20, 2024
သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မှုနှင့် ချေးငွေလုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာများ၊ ဗဟိုသမဝါယမအသင်းမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်သမဝါယမဦးစီးမှူးများ၊ သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 20, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၌ အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာနနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
Sep 20, 2024
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ ချမှတ်ထားသော မူဝါဒ၊ညွှန်ကြားချက်များနှင့်အညီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဉ် (Electric Vehicle၊ EV) နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌဖြစ်သူ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့က ရန်ကုန်မြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံလျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ(မူကြမ်း)နှင့်စပ်လျဉ်း၍ Stakeholder အစည်းအဝေးကို တက်ရောက်အမှာစကားပြောကြားသည်။
Sep 20, 2024
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက် ၁၀ နာရီတွင် video conferencing စနစ်ဖြင့် ကျင်းပသည့် ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့် ရိုးရာဓလေ့ဌာန၏ (၂၃)ကြိမ်မြောက် စီမံခန့်ခွဲရေးအဖွဲ့အစည်းအဝေးသို့ တက်ရောက်သည်။
Sep 19, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်များရှိ ရေထိန်းတမံနှင့် ရေလှောင်ကန်များ အခြေအနေကို ကွင်းဆင်းစစ်ဆေးသည်။
Sep 19, 2024
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၅၁) အလုပ်သမားဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
Sep 19, 2024
သတ္တမအကြိမ် ကမ္ဘာလုံးဆိုင်ရာငါးလုပ်ငန်းဖိုရမ်နှင့် ရေထွက်ကုန်စည်ပြပွဲ (VII Global Fishery Forum & Seafood Expo Russia) သို့ တက်ရောက်ရန် စိန့်ပီတာစဘတ်မြို့၌ ရောက်ရှိနေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၇ ရက်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ငါးလုပ်ငန်းဖက်ဒရယ်အေဂျင်စီတို့အကြား ငါးလုပ်ငန်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ကြသည်။
Sep 19, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပျော်ဘွယ် - ဘုရားငါးဆူလမ်းနှင့် မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံလမ်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများ ကြည့်ရှုစစ်ဆေးသည်။
Sep 19, 2024
အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 18, 2024
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပမည့် သတ္တမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ငါးလုပ်ငန်းဖိုရမ်နှင့် ရေထွက်ကုန်စည်ပြပွဲ (VII Global Fishery Forum & Seafood Expo Russia) တက်ရောက်ရန် စိန့်ပီတာစဘတ်မြို့၌ ရောက်ရှိနေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၆ ရက်က စိန့်ပီတာစဘတ်မြို့ရှိ မြန်မာနိုင်ငံကောင်စစ်ဝန်ရုံး အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံအားပေးစကားပြောကြားသည်။
Sep 18, 2024
မကြာမီရက်များက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုများကြောင့် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ဝင်းအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ပင်မစာသင်ဆောင်၌ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများသည် ယာယီရေဘေးရှောင်နေထိုင်လျက်ရှိရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယနေ့မွန်းလွဲပိုင်းက ယင်းနေရာသို့ သွားရောက်၍ ကြည့်ရှုအားပေးသည်။
Sep 16, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အင်ဂျင်နီယာချုပ်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Sep 15, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ရောက်ရှိပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်နေခြင်းကြောင့် မီးစက်ဖြင့် ရုပ်မြင်သံကြားနှင့်ရေဒီယိုအဆက်မပြတ် ထုတ်လွှင့်ပေးနေမှုများ၊ မီးစက်နှစ်လုံးဖြင့် အလှည့်ကျမီးပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေမှုများ၊ စက်ရုံလေအေးပေးစနစ်အတွက် ရေရရှိအောင်ဆောင်ရွက်နေမှုများ၊ ဝန်ထမ်းအိမ်ရာများအတွင်း လက်ဆွဲမီးစက်များဖြင့် သောက်သုံးရေအလှည့်ကျတင်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံအားပေး စကားပြောကြားသည်။
Sep 14, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သမဝါယမကောလိပ်(ဖောင်ကြီး)၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့်တွေ့ဆုံကာ စာပေသင်ကြားရေး၊ ဝန်ထမ်းသက်သာချောင်ချိရေးတို့နှင့်စပ်လျဉ်း၍ လိုအပ်သည်များမှာကြားပြီး ဆရာ ဆရာမများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Sep 14, 2024
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များအုပ်ချုပ်ရေး ဗဟိုအဖွဲ့အစည်းအဝေး(၂/၂၀၂၄)ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
