Skip to main content

Mar 24, 2024

၂၀၂၄ ခုနှစ် မတ် ၂၂ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ရေနေ့ ၂၀၂၄ အထိမ်းအမှတ်ဖွင့်ပွဲအခမ်းအနားနှင့်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) နေပြည်တော်၌ ကျင်းပခဲ့ပြီး မွန်းလွဲပိုင်းတွင် ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများကို ဆက်လက်ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 24, 2024

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသည် လူငယ်များကို တိုင်းပြည်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်များကို အောင်မြင်အောင်ဆောင်ရွက်ရာတွင် အမှန်တကယ်အထောက်အကူပြုနိုင်မည့် နိုင်ငံ့အင်ဂျင်နီယာ ကောင်းများအဖြစ် ပျိုးထောင်ပေးလျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ် ၂၁ ရက်က ရန်ကုန်မြို့ရှိ နည်းပညာတက္ကသိုလ်တို့ကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 22, 2024

အခြေခံပညာကျောင်းများတွင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရေး ဗဟိုအဆင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ UNICEF Myanmar မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ရှိ အခြေခံပညာရုံးများ၊ ကျောင်းများမှ အရာထမ်းသင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 22, 2024

ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 21, 2024

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်သည် ယမန်နေ့က အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) သင်တန်းသား သင်တန်းသူများ အိပ်ဆောင်၊ စာသင်ဆောင်၊ စားရိပ်သာနှင့် အားကစားကွင်း၊ အားကစားရုံများကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 21, 2024

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံသည်ယမန်နေ့က မွန်ပြည်နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ယဉ်ကျေးမှုပြတိုက် (မော်လမြိုင်)သို့ ရောက်ရှိပြီး ပြတိုက်အတွင်း ပြခန်းများခင်းကျင်းထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 21, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနသို့ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ သုတေသနရလဒ်များနှင့် နည်းပညာများကို ဆက်စပ်ဌာနများ၊ ပြည်သူများနှင့် လုပ်ငန်းရှင်များထံ လွှဲပြောင်းဖြန့်ဝေမှုများကို တိုးမြှင့်ဆောင်ရွက်ရန်၊ လန်ချန်း-မဲခေါင် စီမံကိန်းအပါအဝင် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုအားကောင်းရေး ဆောင်ရွက်ရန်၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၇)ပါ ရည်မှန်းချက် ပန်းတိုင်များ ပြည့်မီစေရေး အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရန် တိုက်တွန်း ပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 19, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၏ ကျေးရွာသစ်လှုပ်ရှားမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 19, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်အတွင်းရှိ ဓာတ်အားစနစ်ကာကွယ်ရေးနှင့် လျှပ်စစ်စမ်းသပ်ရေးဌာနအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မီတာများ စမ်းသပ်စစ်ဆေးမှုအဆင့်ဆင့်ကို လိုက်လံရှင်းလင်းတင်ပြကြပြီး တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက မီတာများ မှန်ကန်စွာ တပ်ဆင်အသုံးပြုနိုင်ရေး စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးကြရန်မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 19, 2024

နိုင်ငံခြားရေးဝန်ကြီးဌာန တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများ၏ လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် - ၁၀၀၀ ဆေးပဒေသာပင်သို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများရှိ ဝန်ထမ်းများက လှူဒါန်းသော အလှူငွေကျပ် ၇၇၀၀၀၀၀ ကို ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးက အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် - ၁၀၀၀ တပ်မှူး ဗိုလ်မှူးချုပ် အောင်မြတ်ကျော်ထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 18, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် မန္တလေးနန်းမြို့ရိုး တောင်ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ ထင်ရှားပြာသာဒ် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 18, 2024

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်အတွင်းရှိ အလုံသဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံသို့ ရောက်ရှိရာ တာဝန်ခံများနှင့် တာဝန်ရှိသူများက ပစ္စည်းများ ထိန်းသိမ်းထားသိုမှု/ ထုတ်ပေးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 18, 2024

(၂၈)ကြိမ်မြောက် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးခန်းမ၌ကျင်းပရာ သုတေသီများ၊ ပညာရှင်များ၊ ဇေယျာသီရိနှင့် ဥတ္တရသီရိမြို့နယ်များမှ တောင်သူများတက်ရောက်၍ လယ်ယာထွက်ကုန်သီးနှံများ၏ စျေးကွက်အလားအလာများကို ဆွေးနွေးကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 18, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင် ဇေယျသည် မတ် ၁၃ ရက် မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) သို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ၏ သုတေသနအဆိုပြုလွှာများ ရှင်းလင်းတင်ပြမှုကို ကြည့်ရှုအားပေးကာ နိုင်ငံ့ရေရှည်အကျိုးစီးပွားဖော်ဆောင်နိုင်မည့် သုတေသနများကို ဆောင်ရွက်ရန်နှင့် ပြည်သူ့အကျိုးသယ်ပိုးနိုင်သော လူငယ်များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 16, 2024

ပိုးသတ်ဆေးနည်းပညာကော်မတီဝင်များ၏ ပေါင်းသတ်ဆေး ငါးမျိုးအပေါ် ပြန်လည်သုံးသပ်ခြင်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 16, 2024

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ CMP အထည်ချုပ်လုပ်ငန်းရှင်များ၊ မန်နေဂျာများနှင့်တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 16, 2024

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲမှ တာဝန်ခံညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ဗန်းမော်ကျောင်းတိုက်သို့ ရောက်ရှိပြီး ဗန်းမော်ဆရာတော်ကြီး၏ အထိမ်းအမှတ်ပြတိုက်အဖြစ် ပြုလုပ်မည့် ဝိဇ္ဇာစရဏကျောင်းဆောင်တော်သို့ သွားရောက်၍ ပြတိုက်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ပြတိုက်တွင် ပြကွက်အလိုက် ခင်းကျင်းပြသမည့် လုပ်ငန်းများ၊ ပြသပစ္စည်းများအတွက် ဆေးအရောင်အသွေး၊ မီးအလင်းပေးမှု စီစဉ်ဆောင်ရွက်နေမှုများကို အသေးစိတ်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 14, 2024

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရေစီမံခန့်ခွဲမှုပညာရှင် Dr. Massimo Sarti နှင့် ပူးပေါင်း၍ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရေလမ်းကြောင်းချိတ်ဆက်မှုများ၊ ပုဂံခေတ်ရေလမ်းကြောင်းများ၊ ရှေးဟောင်းရေကန်များ ဆယ်ယူထိန်းသိမ်းမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 12, 2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် ချောင်းကောက်ကျေးရွာသို့ သွားရောက်ပြီး နှမ်းရိုးအခြေခံသဘာဝမြေဩဇာ ထုတ်လုပ်နေသော အောင်ကောင်းမြတ် လယ်ယာကုန်ထုတ်နှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများ၊ မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများ၊ မကွေး၊ အောင်လံ၊ ဆင်ပေါင်ဝဲနှင့် တောင်တွင်းကြီး မြို့နယ်သမဝါယမအသင်းစုများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 12, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် တမာပင်ကျေးရွာအနီး မကျီးရိုးရေလွှဲဆည်လက်ဝဲမြောင်းရေသောက်စနစ်၊ တောင်သူများ စီးပွားဖြစ်စိုက်ပျိုးထားသော သခွားမွှေးစိုက်ခင်းနှင့် တမာပင်ကျေးရွာရှိ ပုဂ္ဂလိကဥစားကြက် မွေးမြူရေးခြံတို့ကို ကြည့်ရှုအားပေးပြီး ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေး မွေးမြူရေးလုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန် အကြံပြုဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်