Jul 14, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အရာထမ်း/အမှုထမ်း ဝန်ထမ်းအိမ်ရာများသို့ ရောက်ရှိပြီး တိုက်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုနှင့် တိုက်ပတ်လည်ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
Jul 14, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ Lao Asia Pacific Satellite Company Limited ၏ ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံရှိ ရုပ်မြင်သံကြားကဏ္ဍနှင့် ဆက်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်နှင့် မြန်မာ-လာအို နှစ်နိုင်ငံအကြား နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးတို့အတွက် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့သို့ ရောက်ရှိစဉ် ဇူလိုင် ၁၂ ရက် နံနက်ပိုင်း၌ Laosat သို့ ရောက်ရှိရာ Laosat မှ CEO Mr Wu Fangjie နှင့်အဖွဲ့က လာအိုနိုင်ငံတွင် Laosat စတင် တည်ဆောက်ခဲ့မှုနှင့် ဆောင်ရွက်ပုံအဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းတင်ပြကြပြီး လာအိုနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံပူးပေါင်း၍ Laoset ဂြိုဟ်တု လွှင့်တင်ခဲ့မှုရုပ်မြင်သံကြား၊ ရေဒီယိုနှင့်ဒစ်ဂျစ်တယ် အစရှိသည်များ ထုတ်လွှင့်ဆောင်ရွက်သည့် နည်းစနစ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပညာရေးအပါအဝင် လူမှုအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို အပြန်အလှန်ဆွေးနွေးကြသည်။
Jul 12, 2024
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာတာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်ရှိ Mega Ace Hosptality Acedemy သင်တန်းကျောင်းသို့ သွားရောက်၍ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးသည်။
Jul 12, 2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ကျေးရွာများ၏ ရွာတွင်းလမ်းများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ပြုပြင်ဖောက်လုပ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ အရှေ့ ဖွားစောကျေးရွာသို့ သွားရောက်၍ ကျေးရွာအဝင်မှ ဇယဝေရီကန်သို့ သွားသောလမ်း အရှည် ၁ မိုင် ၂ ဒသမ ၃ ဖာလုံ၊ အကျယ် ၁၈ ပေကို ဂျင်းကျောက်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ အဆိုပါလမ်းပိုင်းတွင် ပေ ၅၂၄၀ မြေသား ၂ ပေထုတင်၍ ထပ်မံဆောင်ရွက်မည့်နေရာ၊ ရေကျော်ပေ ၅၀၊ ပေ ၈၀ နှင့် ပေ ၁၅၀ သုံးစင်း ဆောင်ရွက်မည့်နေရာများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
Jul 12, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ Lao Asia Pacific Satellite Company Limited ၏ ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံရှိ ရုပ်မြင်သံကြားကဏ္ဍနှင့် ဆက်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်နှင့် မြန်မာ- လာအို နှစ်နိုင်ငံအကြား နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးတို့အတွက် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့သို့ ဇူလိုင် ၁၀ ရက် ညပိုင်းတွင် ရောက်ရှိကြသည်။
Jul 09, 2024
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဇူလိုင် ၆ ရက်က မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ရှိ မြင်းပျံပုံးရည်ကြီးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးသည်။
Jul 09, 2024
မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 08, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဇူလိုင် ၅ ရက်မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စီမံကိန်းမန်နေဂျာ ရုံး(၁) (ရန်ကုန်)သို့ရောက်ရှိရာ စီမံကိန်းမန်နေဂျာက ၅၀၀ ကေဗွီ ဘုရားကြီး-လှိုင်သာယာ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းဆောင်ရွက်နေမှုအခြေအနေ၊ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းတည်ဆောက်နေမှုနှင့် ၂၃၀ ကေဗွီဓာတ်အားခွဲရုံများ၌ Switch Bay အသစ်တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး သက်ဆိုင်ရာပစ္စည်းစီမံရေးဌာနတာဝန်ခံနှင့် တာဝန်ရှိသူများက ဂိုဒေါင်အလိုက် ပစ္စည်းများထိန်းသိမ်းထားသိုမှု/ ထုတ်ပေးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
Jul 08, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ဇူလိုင် ၅ ရက်က ညောင်ဦးမြို့နယ် ဆီထွက်အထူးဇုန်တွင် ညောင်ဦးမြို့နယ်က တီထွင်ထုတ်လုပ်သည့် ထွန်စက်ဆွဲမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးထားသော ပင်ပြန့်မြေပဲစိုက်ခင်းကို ကွင်းဆင်းကြည့်ရှုလေ့လာပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် တစ်ဧကတွင်ရှိရမည့် အပင်ဦးရေပြည့်မီရေးနှင့် တောင်သူဗဟိုပြု စိုက်ပျိုးရေးစနစ် ဖော်ဆောင်နိုင်ရေး၊ အပူပိုင်းဒေသအထွက်နှုန်းတိုးတက်ရေးအတွက် ကွက်လပ်မရှိ စိုက်ပျိုးရန်နှင့် စိုက်သည့်အကွက်တိုင်း ကောင်းမွန်အောင် စိုက်ပျိုးကြရန် ဆွေးနွေးပြောကြားကာ တောင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
Jul 08, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ဇူလိုင် ၄ ရက်က မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်သို့ ရောက်ရှိပြီး သူကောင်းတည်လျှပ်စစ် မြစ်ရေတင်စီမံကိန်းရေပေးဝေရေးလုပ်ငန်းများနှင့် ရေသောက်ဧရိယာအတွင်း စိုက်ပျိုးထားရှိသည့် နွေစပါးဆင်းသုခမျိုးစေ့ထုတ်စံပြစိုက်ကွက်၏ ဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
Jul 07, 2024
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ရှိ ရွှေဝတီကိုယ်ပိုင်အထက်တန်းကျောင်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများ တိုင်းချစ်ပြည်ချစ်စိတ်ကိန်းအောင်းလာအောင် သင်ကြားပေးကြရန် မှာကြားသည်။
Jul 06, 2024
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 06, 2024
မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၌ ကျင်းပသည်။
Jul 06, 2024
အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီအစည်းအဝေး (၂/၂၀၂၄) ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၂) အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ပူးတွဲကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
Jul 06, 2024
နိုင်ငံခြားရေးဝန်ကြီးဌာနက ဖွင့်လှစ်ပို့ချခဲ့သည့် အဆင့်မြင့်သံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇/၂၀၂၄) နေပြည်တော်တန်းခွဲနှင့် ရန်ကုန်တန်းခွဲတို့၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်ရှိ လောကနတ်ခန်းမနှင့် ရန်ကုန်ရှိ ဝန်ဇင်းမင်းရာဇာခန်းမတို့၌ တစ်ပြိုင်တည်း ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးက နေပြည်တော်၌ တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားသည်။
Jul 03, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် မစ္စတာ ချန်းချန်းအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jul 03, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ထားသည့် တောင်သူများ ပူးပေါင်းပါဝင်သော စပါးသားဆက်လိုင်းများ မွေးမြူရွေးချယ်ခြင်း သုတေသနစမ်းသပ်ကွက်တွင် အထွက်ကောင်း သက်လျင်စပါးမျိုးများ ရွေးချယ် ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးသည်။
Jul 02, 2024
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသပင်းတယမြို့ရှိ ၆၆ ကေဗွီ ပင်းတယဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် ဆွိယာဒ်အတွင်း ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေကို ကြည့်ရှုစစ်ဆေးကာ ဓာတ်အားခွဲရုံရှိ ဝန်ထမ်းများ လိုက်နာလုပ်ဆောင်နိုင်ရေးအတွက် မိမိမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားမှုကို Single Line Diagram နှင့် ဓာတ်အားခွဲရုံတွင် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်(SOP) များကို Vinyl ရေးဆွဲ၍ ချိတ်ဆွဲထားရှိရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အထူးအလေးထား ဆောင်ရွက်ကြရန်မှာကြား၍ ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်သည်။
Jul 02, 2024
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယမန်နေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းလက်အောက်ရှိ အမှတ်(၁) သံမဏိစက်ရုံ(ကျောက်စွယ်ကျိုး)သို့ ရောက်ရှိပြီး အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)မှ ထုတ်လုပ်သည့် Steel Billet များဖြင့် Deformed Bar များ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Jul 02, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဘုရားကြီးတိုက်နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မျိုးဘဲမွေးမြူရေးခြံ (ဘုရားကြီး) ၌ ကာကီကင်းဥစားဘဲ ၃၇၀၀ ကျော် မွေးမြူထားရှိမှု၊ မျိုးထိန်းမျိုးပွားခြင်းလုပ်ငန်းနှင့် မျိုးဘဲဥသားဖောက်စက်များကို ကြည့်ရှုစစ်ဆေးသည်။
