Mar 02, 2024
နိုင်ငံတော်အစိုးရ၏ ယန္တရား ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသော ဝန်ထမ်းများကို မိသားစုသဖွယ် အသိအမှတ်ပြုသောအားဖြင့် မိတ်ဆုံနေ့လယ်စာစားပွဲများ ကျင်းပပေးလျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများ၏ ဒသမအကြိမ် မိတ်ဆုံနေ့လယ်စာစားပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် အဆိုပါဝန်ကြီးရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 02, 2024
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်မှ ၂၉ ရက် အထိ ကျင်းပခဲ့သည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၃) ကြိမ်မြောက် အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 01, 2024
မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် Hybrid Format ဖြင့် ဥပဒေရေးရာဝန်ကြီးဌာနရှိ မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 01, 2024
ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၆/၂၀၂၃-၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 27, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ပုလင်းရေလှောင်တမံ ဆည်ရေသောက်ဧရိယာအတွင်း တစ်ကွင်းတစ်စပ်တည်း နွေစပါး ဧက ၁၀၀ စံပြကွက်ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 27, 2024
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်စေရန် ခရီးသွားလုပ်ငန်းဆိုင်ရာ MSMEs လုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်နှင့် MSMEs ထုတ်ကုန်များ ဈေးကွက်ဝင်ရောက်နိုင်ရေးအတွက် အသိပညာများဖြန့်ဝေနိုင်ရန်ရည်ရွယ်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် အာဆီယံ-ဂျပန်စင်တာ၏ ဘဏ္ဍာနှစ် ၂၀၂၃ အစီအစဉ်အရ National Activities Project ၂၀၂၃ ကို အကောင်အထည်ဖော်သည့်အနေဖြင့် မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ MSMEs များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပုဂံမြို့ရှိ Aureum Palace Hotel & Resort ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 27, 2024
ဦးစီးအရာရှိ စွမ်းဆောင်ရည်မြင့်မား ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၁၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သစ်တောသုတေသနဌာန စုဝေးခန်းမရေဆင်း၌ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 27, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်ရှိ တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း (မန္တလေး) ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဗက်တီးရီးယား ဌာနစိတ်၏ အစားအစာလုံခြုံရေး စစ်ဆေးသည့် 3M Petnfilm နည်းပညာအား ISO/IEC: 17025:2017 လက်မှတ်ရရှိရန် ဆောင်ရွက်နေမှုများ၊ တိရစ္ဆာန်ကူးစက်ရောဂါများ၊ တိရစ္ဆာန်မှလူသို့ကူးစက်နိုင်သော ရောဂါများနှင့်မွေးမြူရေး ထွက်ကုန်အစားအစာများဘေးအန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး အစားအစာဘေးကင်းစေရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားကြရန်နှင့် မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက်လုပ်ငန်းများ ကျွမ်းကျင်မှုရှိစေရေး စဉ်ဆက်မပြတ်လေ့လာအားထုတ်ကြရန် လိုအပ်ချက်များ၊ မွေးမြူရေးအခြေခံ အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) လုပ်ငန်းများ တိုးပွားလာရေး ကူညီအားပေးကြရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 26, 2024
ဒီနေ့မှာတော့ ယခင်တစ်ပတ်ထဲကအတိုင်း လူမှုကွန်ယက်စာမျက်နှာတွေ၊ အင်တာနက်ဝက်ဆိုဒ်တွေပေါ်မှာ ငွေကျပ် ၂၀၀၀၀ တန် ငွေစက္ကူတွေ ထွက်ရှိမယ်ဆိုပြီးတော့ မဟုတ်မမှန်သတင်းတု သတင်းအမှားတွေ ဆက်တိုက်ထုတ်လွှင့်နေခဲ့တာရှိပါတယ်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 26, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် စွန်ရဲအင်းဒေသရှိ နို့စားနွားမွေးမြူရေးဇုန် ဧက ၃၀၀ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများလျာထားချက်ပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး အတွက် လုပ်ငန်းကြီးကြပ်ရေးကော်မတီ၊ လုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီများအနေဖြင့် တာဝန်ယူသည့် ကဏ္ဍအလိုက် အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 26, 2024
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့နံနက်ပိုင်းတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေကြောင်းလိုင်းများမှတစ်ဆင့် လာရောက်လည်ပတ်ကြသည့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ခရီးစဉ်ဒေသဆိုင်ရာ သတင်းအချက်အလက်များကို လွယ်ကူစွာသိရှိနိုင်ရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညောင်ဦးလေဆိပ်အတွင်း ဖွင့်လှစ်ထားသည့် သတင်းပြန်ကြားရေးကောင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 25, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လေးမျက်နှာမြို့နယ် ခမောက်စုကျေးရွာနေ တောင်သူဦးသန်းမြင့်၏ ပီလောပီနံစိုက်ခင်းနှင့် ပီလောပီနံကုန်ချောထုတ်လုပ်နေမှုကို သွားရောက်ကြည့်ရှုပြီး လေးမျက်နှာမြို့နယ်အတွင်း ပီလောပီနံအမှု့န်ကြိတ်စက် (၇၄) လုံးဖြင့် ထုတ်လုပ်နေမှုအခြေအနေ၊ ထပ်မံ၍ အဆင့်မြင့်အမှုန့်ကြိတ်စက်များ တည်ဆောက်မည့်အခြေအနေ၊ ပီလောပီနံမျိုးကောင်း မျိုးသန့်များ ရယူစိုက်ပျိုးမည့်အခြေအနေနှင့် ဈေးကွက်ရရှိမှုအခြေအနေတို့ကို ဆွေးနွေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 25, 2024
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့နံနက်ပိုင်းတွင် ညောင်ဦးမြို့အနီးရှိ သဲပြင်တောကျေးရွာသို့ သွားရောက်ပြီး အဆိုပါကျေးရွာရှိ ရှေးနှစ်ပေါင်း ၁၅၀ ခန့်က တည်ထားခဲ့သော ရှေးဟောင်းဘုန်းကြီးကျောင်း (ရုပ်စုံကျောင်း) နှင့် ကျေးရွာသဘာဝအလှအပများနှင့် နေဝင်ချိန်ရှုခင်းအလှအပများကို ကြည့်ရှုခံစားနိုင်သည့် ရွှေနတ်တောင်ပေါ်သို့ သွားရောက်ကြည့်ရှုခဲ့ပြီး လူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism-CBT) ခရီးစဉ်ဒေသ အသစ်ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်သည်များကို မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 25, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် သုတေသီများနှင့် တောင်သူလယ်သမားများ ပါဝင်သော တောင်သူနည်းပညာဆွေးနွေးပွဲများ (Farmers’ Technical Forum) ကို အပတ်စဉ်စနေနေ့တိုင်း ကျင်းပလျက်ရှိရာ (၂၆) ကြိမ်မြောက် ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေးသုတေသဦးစီးဌာန စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 25, 2024
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ SKY EXPO ဗီယက်နမ် နိုင်ငံတကာပြပွဲဗဟိုဌာန၌ ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်မည့် (၁၅)ကြိမ်မြောက် ဗီယက်နမ် နိုင်ငံတကာပရိဘောဂနှင့် အိမ်အသုံးအဆောင်ပစ္စည်းများပြပွဲအခမ်းအနားသို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံသို့ထွက်ခွာကြရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 24, 2024
ကျွန်တော်တို့နိုင်ငံအနေနဲ့ Online လောင်းကစားမှုတွေ၊ ငွေကြေးလိမ်လည်မှုများနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြင်းပြင်းထန်ထန် တိုက်ဖျက်နှိမ်နင်းလျက်ရှိပါတယ်။ ဒီတာချီလိတ်မှာဆိုရင် ဒီနေ့မနက် ၅ နာရီလောက်မှာ တာချီလိတ်၊ ဆန်ဆိုင်း (က) ရပ်ကွက်မှာရှိတဲ့နေရာမှာ ကျွန်တော်တို့ Online လောင်းကစားတွေ၊ Online ငွေကြေးလိမ်လည်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းရရှိတဲ့အတွက် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် တိုးနယားလမ်းမှာရှိတဲ့ ကျော်သိန်း (ခေါ်) ခွန်မောင်ညို ပိုင်ဆိုင်တဲ့ ခြံဝင်းမှာ ဝင်ရောက် စစ်ဆေးရှာဖွေခဲ့ပါတယ်။ အဲဒီမှာ ထိုင်းနိုင်ငံသူ၊ နိုင်ငံသား ၁၄၈ ဦး ကျား ၇၅ ဦး၊ မ ၇၃ ဦး ပေါင်း ၁၄၈ ဦး၊ တရုတ်နိုင်ငံသား အမျိုးသား ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၁၇၃ ဦး၊ မ ၃၆၇ ဦး စုစုပေါင်း ၅၄၀ ဦးပေါ့။ အားလုံး ထိုင်း၊ တရုတ်၊ မြန်မာ အားလုံးပေါင်း ၆၈၉ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီမှာ သူတို့အသုံးပြုတဲ့ မော်တော်ယာဉ် ရှစ်စီး၊ မော်တော်ဆိုင်ကယ် အစီး ၁၂၀၊ Online ဂိမ်း လုပ်ဆောင်ရာမှာ အသုံးပြုတဲ့ Desktop computer များကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီနေရာမှာ နှစ်ဧကခန့်၊ နှစ်ဧကလောက် ကျယ်ဝန်းတဲ့ခြံဝင်း ထဲမှာ နှစ်ထပ်ဆောင် သုံးဆောင်၊ ဆောက်လုပ်ဆဲ အလူမီနီယံတွေနဲ့ လုပ်ဆောင်နေတဲ့ဟာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်အစိုးရအနေနဲ့ ကျွန်တော်တို့ မြန်မာပြည်သူတွေကော၊ တခြား အိမ်နီးချင်း နိုင်ငံတွေကော ထိခိုက်စေတဲ့ Online လောင်းကစားမှု၊ Online ငွေရေးကြေးရေး လိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံများနဲ့ တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ အမြစ်ပြတ်ချေမှုန်းသွားမှာဖြစ်ပါတယ်လို့ ပြောလိုပါတယ်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 23, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက ချင်းပြည်နယ်ဟားခါးမြို့ရှိ ဝန်ထမ်းများကို အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံကာ တစ်ဦးချင်း အခက်အခဲများကိုမေးမြန်း၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 23, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် သပြေတန်းအုပ်စု ကွင်းအမှတ် - ၁၆၄၂ ငွေလျှံကုန်းကွင်း တောင်သူဒေါ်ယုယုလွင်၏ ဆောင်းနေကြာနှင့် ဖူးစားပြောင်းသီးနှံများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုကို ကြည့်ရှုအားပေးကာ ဆောင်းသီးနှံရိတ်သိမ်းပြီး နွေသီးနှံဖြစ်သည့် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရန်၊ စိုက်ပျိုးသည့်သီးနှံအလိုက် ထိရောက်သောရေပေးဝေမှု စီမံခန့်ခွဲနိုင်ရန်အတွက် ရေသွင်းနိုင်မည့်နည်းစနစ်များ သုတေသနပြု ရှာဖွေဖော်ထုတ်ပေးရန်၊ ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 23, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံသို့ရောက်ရှိစစ်ဆေးပြီး စက်ရုံမှူးနှင့်ဝန်ထမ်းများအား လိုအပ်သည်များမှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Feb 21, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနုမြဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်မြို့ ရွှေဆံတော်စေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ရွှေဆံတော်ရင်ပြင် ဗုဒ္ဓပြတိုက်အတွင်းရှိ Digital Museum ဆောင်ရွက်ထားရှိမှု၊ ပြတိုက်ခင်းကျင်းပြသထားမှုနှင့် ရွှေဆံတော်စေတီတော် အောက်ပစ္စယံ တနင်္ဂနွေထောင့်ရှိ ကျန်စစ်သားမင်းကျောက်စာထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
